Home International Matches

International Matches

အာဂျင်တီးနားမှာမက်ဆီဘယ်လောက်ရုန်းကန်နေရကြောင်း သေချာစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခု

အာဂျင်တီးနားမှာ မက်ဆီ ဘာကြောင့် အောင်မြင်မှု မရပဲ ရုန်းကန်နေရတာလဲဆိုတာ ဒီ စက္ကန့်(၂၀)စာ ဗီဒီယိုဖိုင်လေးက ပြောပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အာဂျင်တီးနားက ကိုလံဘီယာကို (၀-၂) ဂိုးနဲ့ ရှုံးခဲ့တဲ့ အဲဒီပွစဉ်အပြီးမှာ မက်ဆီဟာ သူ့ရဲ့ထုံးစံအတိုင်း နိုင်ငံအသင်းအတွက်ဆို ခြေစွမ်းမပြနိုင်ပြန်ဘူးလို့အားလုံးက ဝေဖန်ခဲ့ကြတာပါ။ တကယ်တော့ အာဂျင်တီးနားအသင်း အခုလို ရှုံးပွဲကြုံရတာဟာ အသင်းသားတွေအနေနဲ့ မက်ဆီအပေါ် မှီခိုလွန်းတဲ့ စိတ်ကြောင့်ပါပဲ။ သူတို့က ဘောလုံးရပြီဆိုတာနဲ့ မက်ဆီကိုပဲ ပေးဖို့ ကြိုးစားနေကြပြီး နေရာလွတ်ရှိတဲ့ တခြားကစားသမားတွေကို တွေ့နေရတာတောင်မှပဲ ဘောလုံးပေးဖို့ မစဉ်းစားကြတော့ဘူး။ အဲဒီအနေအထားမှာ...

ဒါကအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအောင်ပွဲခံမှုတဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ ဘယ်သူ့ရဲ့အောင်ပွဲခံမှုက အကောင်းဆုံးဖြစ်မလဲဆိုတာကို Marca သတင်းစာက စစ်တမ်းကောက်ယူခဲ့ပြီး ပရိသတ်တွေကတော့ (၂၀၁၇)ခုနှစ် သြစတြေးလျနဲ့ဘရာဇီးပွဲစဉ်က ကစားသမားတစ်ဦးရဲ့ အောင်ပွဲခံပုံကိုသာ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီလို အောင်ပွဲခံခဲ့တဲ့ ကစားသမားကတော့ သြစတြေးလျအသင်းရဲ့ အမျိုးသမီး ကွင်းလယ်ကစားသမား ဆမ်ကား ပါပဲ။ သြစတြေးလျက ဘရာဇီးကို (၃-၁)နဲ့ နိုင်တဲ့ ပွဲစဉ်မှာ ဆမ် က အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် (၆၅)မိနစ်မှာ သွင်းယူခဲ့တဲ့ သူမရဲ့ဂိုးက သြစတြေးလျရဲ့နိုင်ပွဲကို လုံးဝ သေချာသွားစေခဲ့ပါတယ်။ တောင်ပံကနေ ထိုးပေးလိုက်တဲ့ဘောလုံးကို...

ဗန်ဒိုက်ကိုကျော်ဖြတ်ဖို့မကြိုးစားခဲ့တဲ့ရော်နယ်ဒိုနဲ့ စံချိန်သစ်တွေထပ်ပေါင်းခဲ့တဲ့ဗန်ဒိုက်

မနေ့ညက ပွဲစဉ်မှာ နယ်သာလန်အသင်း ရှုံးပွဲကြုံခဲ့တယ်ဆိုပေမယ့် အသင်းရဲ့ခံစစ်မှူး ဗန်ဒိုက်ကတော့ စံချိန်သစ်တွေ ထပ်ပြီး ရရှိခဲ့တာပါ။ ဗန်ဒိုက်ဟာ ပြိုင်ဖက်ကစားသမားတစ်ယောက်ရဲ့ ဘောလုံးနဲ့အတူ ဖြတ်ကျော်ခြင်းကို (၆၅)ပွဲဆက် တားဆီးနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဒီပွဲစဉ်မှာလည်း ပေါ်တူဂီကစားသမားတွေဟာ ဗန်ဒိုက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီပွဲမတိုင်မီမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်တို့ရဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ အားလုံးက မှတ်ချက်ချခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ရော်နယ်ဒို ဟာ ဗန်ဒိုက်ကို တစ်ဦးချင်း ဖြတ်ကျော်ဖို့ ပွဲစဉ်တစ်လျှောက်လုံးမကြိုးစားခဲ့ပဲ အသင်းဖော်တွေဆီ ဘောလုံးပေးပို့မှုတွေအပေါ်သာ အာရုံစိုက်နေခဲ့တာပါ။ ဗိုလ်လုပွဲရဲ့ အန္တရာယ်အရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဘာနာဒိုဆေးလ်ဗားတောင်...

Nations Leagueပြိုင်ပွဲ၊အကောင်းဆုံးကစားသမားဆုကို ရရှိသွားတဲ့ဘာနာဒိုဆေးလ်ဗား

မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ဘာနာဒိုဆေးလ်ဗားကတော့ ပေါ်တူဂီအသင်းမှာလည်းအကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး Nations League ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘာနာဒိုဆေးလ်ဗားကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒို ကို ပြိုင်ဖက်နောက်ခံလူတွေ အာရုံစိုက်နေကြတဲ့ အနေအထားက ဆေးလ်ဗားအတွက် နေရာလွတ်တွေ ရရှိဖို့ ဖြစ်လာခဲ့တာပါ။ https://twitter.com/i/status/1137834993068191744 (၂၀၁၈-၁၉)ဘောလုံးရာသီက ဘာနာဒိုဆေးလ်ဗားအတွက်တော့ အောင်မြင်မှုပေါင်းများစွာ ရရှိခဲ့တဲ့ ရာသီတစ်ခုလို့ ပြောရမှာဖြစ်ပြီး ပွဲပေါင်း (၅၉)ပွဲမှာ (၁၄)ဂိုး သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၁၅)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာပါ။...

Nations League ပြိုင်ပွဲအပြီးမှာ ဒီလစ်ကို ရော်နယ်ဒိုဘာပြောခဲ့သလဲ

နယ်သာလန်အသင်းရဲ့ နောက်ခံကစားသမား ဒီလစ်ကတော့ Nations League ပြိုင်ပွဲအပြီး ကစားသမားတွေ နှုတ်ဆက်ကြချိန်မှာ ရော်နယ်ဒိုပြောခဲ့တဲ့ စကားကြောင့် အံ့သြမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီနဲ့ နယ်သာလန်တို့ရဲ့ ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တဲ့ ဒီလစ် ဟာ ပွဲအပြီးမှာ ရော်နယ်ဒိုနဲ့အခြားပေါ်တူဂီ ကစားသမားတွေကို သွားရောက်နှုတ်ဆက်ခဲ့တာပါ။ အဲဒီအချိန်မှာပဲ ရော်နယ်ဒို က ဒီလစ်ကို ဂျူဗင်တပ်စ်မှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲဒီဖိတ်ခေါ်မှုကြောင့် အံ့အားသင့်ခဲ့ရသလို ပျော်ရွှင်သွားခဲ့ရတယ်လို့ ဒီလစ် က ဆိုပါတယ်။ “ရော်နယ်ဒို က ဂျူဗင်တပ်စ်ဆီပြောင်းလာဖို့ ကျွန်တော့်ကိုပြောခဲ့တာပါ။ ကျွန်တော့်မှာ...

UEFA ဆုဖလား(၁၀)လုံးအထိ ပထမဆုံးဆွတ်ခူးနိုင်သူဖြစ်လာခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ မနေ့ညက Nations League ချန်ပီယံဆုကို ဆွတ်ခူးပြီးတဲ့နောက် UEFA ဆီက ချန်ပီယံဆုဖလား(၁၀)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ ယူရို (၂၀၁၆) ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ နောက်ထပ် ဆုဖလားတစ်လုံးကို ထပ်မံ ရယူနိုင်လိုက်တာလည်း ဖြစ်ပါတယ်။   Cristiano Ronaldo is the FIRST player in Football to win 🔟 UEFA Trophies: 🇵🇹 Euro: 🏆 🇵🇹 Nations...

“ဗန်ဒိုက်ကို ရော်နယ်ဒိုဘယ်လိုကျော်ဖြတ်ပြမလဲဆိုတာကြည့်” လို့ ဖွန်တီပြော

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ Nations League ဗိုလ်လုပွဲဆီ တက်ရောက်သွားပြီဖြစ်တဲ့ နောက်ခံလူ ဖွန်တီကတော့ သူ့ရဲ့ကလပ်အသင်းဖော်ဟောင်း ဗန်ဒိုက်နဲ့ နိုင်ငံအသင်းဖော် ရော်နယ်ဒို တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်ပါတယ်။ ဆောက်သမ်တန်အသင်းမှာ ဗန်ဒိုက်နဲ့အတူတွဲပြီး ကစားခဲ့ဖူးတဲ့ ဖွန်တီဟာ နိုင်ငံလက်ရွေးစင်အသင်းမှာတော့ ရော်နယ်ဒိုနဲ့ အတူတွဲကစားနေရသူပါ။ သူက ဗန်ဒိုက်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပေမယ့် ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်တဲ့ ကစားသမားအနည်းငယ်သာရှိပြီး အဲဒီထဲမှာ ရော်နယ်ဒိုလည်းပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူပြောတာက ရှင်ရှင်းလေးပါ။ “ဗန်ဒိုက်ကို ရော်နယ်ဒို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်” တဲ့။ ဖွန်တီဟာ ဆောက်သမ်တန်အသင်းမှာ...

ဆွစ်ဇာလန်နောက်ခံကစားသမားလေးကို ရူးသွပ်သွားအောင်လုပ်ခဲ့တဲ့ရော်နယ်ဒိုရဲ့ဗီဒီယို

ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ကစားခဲ့ကြတဲ့ Nations League ဆီမီးဖိုင်နယ်ပွဲစဉ်က ပြီးသွားပြီဆိုပေမယ့် ပရိသတ်တွေကြားမှာတော့ ပြောစရာတွေ ကျန်ရစ်နေကြတုန်းပါပဲ။ အဲဒီပွဲစဉ်မှာ ပေါ်တူဂီအတွက် Hat-Trick သွင်းယူသွားတဲ့ ရော်နယ်ဒိုရဲ့ခြေစွမ်းဟာ ဆွစ်ဇာလန် ကစားသမားတွေကို တကယ်ပဲ အခက်တွေ့စေခဲ့တယ်လို့ ပရိသတ်တွေက ချီးကျုးခဲ့ကြပြီး ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည် ဗီဒီယိုဖိုင်လေးတစ်ခုကို တွစ်တာပေါ်မှာ မျှဝေခဲ့ကြပါတယ်။ စက္ကန့်အနည်းငယ်သာကြာတဲ့ ဒီ ဖိုင်လေးထဲမှာတော့ ဆွစ်ဇာလန်ရဲ့ဘယ်နောက်ခံ ကစားသမား ကီဗင် အမ်ဘာဘူ ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒိုကို တွေ့ရမှာဖြစ်ပြီး အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ...

ဒီလစ်ရဲ့ပေါင်ကြားထဲဘောလုံးထည့်ပြီးကျော်ဖြတ်သွားတဲ့ ဆန်ချိုရဲ့လှည့်စားမှုနာမည်ကြီးနေ

နယ်သာလန်နဲ့အင်္ဂလန်ပွဲစဉ်ပြီးသွားတဲ့အချိန်၊ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ နယ်သာလန်ပရိသတ်တွေ အောင်ပွဲခံခဲ့ကြပြီး အင်္ဂလန်ဟာ ကမ္ဘာ့နံပတ်(၁)ဖြစ်ဖို့ နှစ်ပေါင်းများစွာ စောင့်ရလိမ့်ဦးမယ်လို့ လှောင်ပြောင်ခဲ့ကြတာပါ။ အင်္ဂလန်ပရိသတ်တွေကလည်း နယ်သာလန်အသင်းအနိုင်ရသွားခဲ့တာဟာ စိတ်ကောင်းရှိတဲ့ အင်္ဂလန်ကစားသမားတွေကြောင့်သာဖြစ်ပြီး ဂျွန်စတုံးနဲ့ ဘာကလေ တို့သာ အခွင့်အရေးတွေ ဖန်တီးမပေးခဲ့ဘူးဆိုရင် နယ်သာလန် ဂိုးရဖို့မရှိဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။ https://twitter.com/i/status/1136716784558575619 ဒီမနက်ပိုင်းတွစ်တာပေါ်မှာတော့ ဒီလစ်ရဲ့ပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ပြီး ပြေးထွက်သွားတဲ့ ဆန်ချိုရဲ့ ဗီဒီယိုလေးက နာမည်ကြီးနေပြီး ဆန်ချိုဟာ ဒီလစ်ရဲ့ပြောင်းရွှေ့ကြေးဘယ်လောက်လဲဆိုတာကို ဒီနည်းနဲ့မေးခွန်းထုတ်လိုက်တာ ဖြစ်တယ်လို့ အင်္ဂလန်ပရိသတ်တွေက ဟာသလုပ်နေကြတာပါ။ အင်္ဂလန်ရဲ့တောင်ပံနှစ်ဖက်ဖြစ်တဲ့ ဆန်ချိုနဲ့ စတာလင် တို့ဟာ မနေ့ညက ပွဲစဉ်မှာ နယ်သာလန်ခံစစ်ပိုင်းကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း...

အင်္ဂလန်အသင်းနောက်ခံလူတွေကိုကျေးဇူးတင်ရမယ့် နယ်သာလန်ရဲ့အနိုင်ဂိုး(၂)ဂိုး

အင်္ဂလန်အသင်းပရိသတ်တွေအတွက်တော့ တကယ့်ကို ဒေါသဖြစ်စရာနေ့ပါပဲ။ အင်္ဂလန်ဟာ Nations League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့အခွင့်အရေးတွေရှိနေရက်နဲ့ ခံစစ်ကစားသမားတွေရဲ့ ပေါ့ဆမှုတွေကြောင့် ပြိုင်ဖက်အသင်းကို ဂိုးတွေပေးခဲ့ရတာကြောင့်ပါ။ ပွဲချိန် (၇၃)မိနစ်မှာ ရရှိသွားတဲ့ ဒီလစ်ရဲ့ခေါင်းတိုက်ချေပဂိုးကလွဲရင် အချိန်ပိုမိနစ်တွေမှာ ပေးလိုက်ရတဲ့ ဂိုး (၂) ဂိုးစလုံးက အင်္ဂလန်ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် ပေးလိုက်ရတဲ့ ဂိုးတွေချည်းပါပဲ။ https://twitter.com/i/status/1136730344479047680 ပွဲချိန် (၉၇)မိနစ်မှာ ဝေါ်လ်ကာ ကိုယ့်ဂိုးကိုယ်သွင်းမိသွားတဲ့ ဂိုးဆိုရင် ခံစစ်ကစားသမားတွေ ဘောလုံးအပေးအယူလုပ်နေကြရင်း ဂျွန်စတုံးဟာ သူ့ခြေထောက်ထဲရောက်လာတဲ့ဘောလုံးကို ဘယ်သူ့ဆီမှမပေးပဲ လိမ်ခေါက်ဖို့မလိုအပ်ပဲ ကြိုးစားခဲ့တာပါ။ အဲဒီလို လုပ်နေခဲ့တဲ့အတွက် ပြိုင်ဖက်ကစားသမားက...

TRENDING NEWS

INSPIRING