Home News

News

အက်သလက်တီကို ကစားသမားသစ် ယာအိုဖီးလစ်ရဲ့ အံ့ဖွယ်တကိုယ်တော်စွမ်းရည်

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၁)ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ဂီတာဖေးတို့ပွဲစဉ်မှာ အက်သလက်တီကို အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဖွင့်ပွဲစဉ်မှာ အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် (၂၄)မိနစ်မှာ တိုက်စစ်မှူး မိုရာတာ က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ မိုရာတာသွင်းယူခဲ့တဲ့ဂိုးကို ရာသီအစမှာ စပါးအသင်းကနေ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့လာတဲ့ နောက်ခံလူ ထရစ်ပီယာက ဖန်တီးပေးခဲ့တာပါ။ ဒါပေမဲ့ ဒီပွဲမှာ ပရိသတ်တွေကြား ပြောစရာဖြစ်ခဲ့တာကတော့ အက်သလက်တီကိုအသင်းရဲ့ နောက်ထပ်ကစားသမားသစ်တဦးဖြစ်တဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ရဲ့ ခြေစွမ်းပါပဲ။ ရာသီအစကမှ ဘင်ဖီကာအသင်းကနေ ယူရို (၁၂၆)သန်းနဲ့ပြော်င်းရွှေ့လာခဲ့တဲ့...

လမ်းပတ်ကြောင့် ချယ်လ်ဆီးက ထွက်ခွာခဲ့တာဖြစ်ကြောင်း အမှန်အတိုင်း ၀န်ခံခဲ့တဲ့ လူးဝစ်ဇ်

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချယ်လ်ဆီးရဲ့ ၀ါရင့်နောက်ခံလူ လူးဝစ်ဇ်ဟာ မြို့ခံပြိုင် ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့လို့ ဘောလုံးပရိသတ်တွေ အံ့အားသင့်ခဲ့ ကြပါတယ်။ အင်္ဂလိပ်မီဒီယာတွေ ကတော့ နည်းပြသစ်လမ်းပတ်နဲ့ လူးဝစ်ဇ်ကြားမှာ ပြဿနာတွေ ရှိနေတာကြောင့် လူးဝစ်ဇ် ချယ်လ်ဆီးက ထွက် ခွာခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် သူနဲ့ လူးဝစ်ဇ်ကြား ဘာပြဿနာ မရှိကြောင်း လမ်းပတ်က ငြင်းဆိုခဲ့ပါတယ်။ လူးဝစ်ဇ်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာမှ မပြောပဲ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ အာဆင်နယ်-ဘန်လေပွဲအပြီး အင်တာဗျူးမှာ...

ချယ်လ်ဆီးကို အနိုင်မရခဲ့လို့ အကြီးအကျယ် စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့တဲ့ မက်ဒီဆင်

တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ချယ်လ်ဆီးနဲ့ လက်စတာပွဲမှာ လက်စတာရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဂျိမ်း မက်ဒီဆင်က အဝေးကွင်းမှာ ချယ်လ်ဆီးကို ကစားကွက် အသာစီးနဲ့ ကစား နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ အကြီးအကျယ် စိတ်ပျက်မိကြောင်း SkySport နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ချယ်လ်ဆီးဟာ မေဆန်မောင့်ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲအစ(၇)မိနစ်တည်းက လက်စတာအသင်းကို အသာရခဲ့ပေ မယ့် အန်ဒီဒီက ပွဲချိန်(၆၇)မိနစ်မှာ လက်စတာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ လက်စ တာအသင်းက တစ်ဖက်သတ်...

အိမ်ကွင်းမှာ သရေတစ်မှတ်ရဖို့ အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ ချယ်လ်ဆီး

လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြဘ၀ အိမ်ပြန်လမ်းက မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါတယ်။ အိမ်ကွင်း စတမ်း ဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့ရပေမယ့် ချယ်လ်ဆီးဟာ လက်စတာကို အနိုင်မရခဲ့ပဲ (၁-၁)သရေ ရလဒ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ချယ်လ်ဆီးကို အနိုင်ယူဖို့ အသေအချာ ပြင်ဆင်လာ ခဲ့ပြီး သူ့ရဲ့ ပွဲကိုချဉ်းကပ်ပုံ၊ ပွဲချိန်တွင်း နည်းဗျူဟာ အပြောင်းအလဲတွေ မှန်ကန်ခဲ့ပေမယ့် တိုက်စစ်က အဆုံး သတ် ညံ့ဖျင်းလွန်းတာကြောင့် ကံဆိုးခဲ့တယ်ပဲ ပြောရမှာပါ။ ချယ်လ်ဆီးကတော့ (၄-၂-၃-၁) ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး မန်ယူနဲ့ပွဲမှာ...

သြဂုတ်လ(၁၈)ရက်နေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ

  ဘောလုံးလောကကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ အင်္ဂလန်နောက်ခံလူ အက်ရှ်လေကိုးလ်ဟာ နည်းပြလောကကို ဝင်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အက်ရှ်လေကိုးလ်ဟာ သူအနားယူမဲ့အကြောင်းကို Sky Sports ရုပ်သံမှာ ချယ်လ်ဆီး-လက်စတာပွဲအတွက် စတူဒီယို LIVE အစီအစဉ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းကို တရာသီအငှားနဲ့သွားကစားဖို့ သေချာသလောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာအသင်းမှာ မန်ယူနိုက်တက်အသင်းမှာရနေတဲ့ တပတ်လုပ်ခ ပေါင် (၅)သိန်းနီးပါးထက် လျှော့ယူဖို့ သဘောတူထားပြီး လာမဲ့ (၂၄)နာရီအတွင်းမှာ အပြောင်းအရွှေ့အပြီးသတ်ဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာ တွေက...

နည်းပြဘဝကိုလွမ်းမိနေတယ်လို့ ဆို့နင့်စွာပြောခဲ့တဲ့ နည်းပြကြီး မော်ရင်ဟိုရဲ့ ဗီဒီယို

  ပေါ်တူဂီနည်းပြကြီး မော်ရင်ဟိုတယောက် နည်းပြဘဝကို လွမ်းနေကြောင်း ဆို့နင့်စွာပြောနေတဲ့ ဗီဒီယိုဖိုင်တခု ဆိုရှယ်မီဒီယာပေါ်ကို ရောက်လာပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း နည်းပြဘဝနဲ့ ဝေးကွာနေသူတယောက်ပါ။ အင်္ဂလန်ကနေ ထွက်ခွာခဲ့ပြီးနောက်မှာ မော်ရင်ဟိုဟာ ပေါ်တူဂီက ဇာတိမြို့ဖြစ်တဲ့ ဆီတူဘယ်လ် မှာပဲ သွားရောက်အနားယူနေခဲ့တာပါ။ အခုထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုကတော့ အီတလီသတင်းစာ Gazzetta dello Sport နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်ကဖြစ်နိုင်ပြီး (၂၆) စက္ကန့်သာကြာမြင့်ခဲ့တဲ့ အဲဒီဗီဒီယိုထဲမှာ မော်ရင်ဟိုတယောက် နည်းပြဘဝကို ဘယ်လောက်အထိ လွမ်းနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ‘ပရော်ဖက်ရှင်နယ်ဘောလုံးလောက...

ရပ်ရှ်ဖို့ဒ်-မာရှယ်လ် တိုက်စစ်အတွဲကို အန်ဒီကိုးလ်-ဒွိုက်ယော့ခ်အတွဲလိုဖြစ်လာစေဖို့ မျှော်လင့်နေတဲ့ ဆိုးလ်ရှား

  မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လက်ရှိအသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် နဲ့ မာရှယ် တို့ကို အသင်းရဲ့ ဂန္ထဝင် တိုက်စစ်အတွဲဖြစ်တဲ့ အန်ဒီကိုးလ်-ဒွိုက်ယော့ခ် တို့လိုဖြစ်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှာ အတူတွဲဖက်ကစားခဲ့ပြီး ရက်ရှ်ဖို့ဒ်က (၂)ဂိုး၊ မာရှယ်က (၁)ဂိုး သွင်းယူခဲ့ပြီးနောက်မှာ ဆိုးလ်ရှားက အခုလိုမျှော်လင့်နေတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ တွဲဖက်ကစားရာမှာပိုပြီး နားလည်မှုရစေဖို့ အတွက် သီးသန့်လေ့ကျင့်ခန်းတွေကိုလည်း ဆိုးလ်ရှားက ပြုလုပ်စေနေတယ်လို့လည်း သတင်းတွေအရသိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်အတွဲဖြစ်တဲ့ အန်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်တို့ဟာ ၁၉၉၈-၉၉ ရာသီမှာစတင်ပြီး အတူ...

ယနေ့အတွက် ပရိသတ်စိတ်ဝင်စားမှုအများဆုံး အားကစားသတင်းတိုများ

  တိုက်စစ်မှူးနေမာဟာ ဒီညမှာ ရင်းနက်စ်အသင်းနဲ့ယှဉ်ပြိုင်မဲ့ PSG အသင်းရဲ့ လူစာရင်းမှာ ပါဝင်မလာပြန်ဘူးလို့ သိရပါတယ်။ PSG နည်းပြ တူချယ်လ်ကတော့ နေမာ မပါဝင်တဲ့အကြောင်းရင်းက ဒဏ်ရာအကင်းမသေသေးလို့ဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့ ပြင်သစ်မီဒီယာတွေကတော့ နေမာသာ ဒဏ်ရာထပ်ရသွားခဲ့ရင် အပြောင်းအရွှေ့ကိစ္စတွေရပ်သွားမှာစိုးလို့ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးရေးသားနေကြပါတယ်။ ၀ုလ်ဗ်အသင်းရဲ့တိုက်စစ်မှူး ဒီယိုဂိုဂျိုတာက မန်ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားနဲ့ရင်ဆိုင်ရမှာကို ကြောက်ရွံ့မှုမရှိဘူးလို့ ဆိုလိုက်ပါတယ်။ ဂျိုတာဟာ မနှစ်က မက်ဂွိုင်းယားပါဝင်တဲ့ လက်စတာနဲ့ အိမ်ကွင်းပွဲစဉ်မှာ hat-trick သွင်းယူနိုင်ခဲ့သူပါ။ ဝုလ်ဗ်က (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲ့ဒီပွဲစဉ်မှာ မက်ဂွိုင်းယားဟာ (၄၈)မိနစ်ပဲ ကစားခဲ့ရပေမဲ့...

အပြန်အလှန် ဂိုးတွေသွင်းပြီး ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင်ယူမယ့် တန်းတက် ရှက်ဖီး

ပွဲစဉ်(၁)တုန်းက ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ခြေရည်တူနီးပါး ကစားပြီး နောက်ကျချေပဂိုးနဲ့ တစ် မှတ်ခွဲယူနိုင်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ခြေစွမ်းကို လျှော့တွက်လို့တော့ မရပါဘူး။ အသစ်ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အသင်းမှာရှိပြီးသာ ကစားသမားဟောင်းတွေနဲ့ အတွဲ အဖက်မိအောင် ရှက်ဖီးနည်းပြ ခရစ်ဝိုလ်ဒါ စွမ်းဆောင်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ခရစ်စတယ်ပဲလေ့စ်က ဇာဟာရဲ့ အပြောင်းအရွှေ့ကြောင့် အာရုံစူးစိုက်မှု ပျက်ပြားနေပြီး အသင်းရဲ့  ကစားပုံက အားရုံစူးစိုက်မှု လျော့နည်းသလို ဖြစ်ခဲ့တာကို ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ပဲလေ့စ်နည်းပြ ရွိုင်း ဟော့ဒ်ဆန်ဟာ အသင်းကစားကွက်ကို...

မက်ဂွိုင်းယားကို ဖိနပ်စပွန်ဆာပေးဖို့ Adidas, Nike, Puma နဲ့ Under Armour တို့ အပြိုင်အဆိုင်ကြိုးပမ်းနေ

  မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့လာတဲ့ နောက်ခံလူ မက်ဂွိုင်းယားဟာ ဘောလုံးကန်ဖိနပ် စပွန်ဆာချုပ်ဆိုထားခြင်းမရှိတဲ့သူ တယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ကြေးအကြီးဆုံးနောက်ခံလူဖြစ်တဲ့ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲမှာ ရိုးရိုးဘောကန်ဖိနပ် အနက်ရောင်ကိုပဲ ဝတ်ဆင်ကစားခဲ့တာကို အားလုံးသတိထားမိကြမှာပါ။ အခုတော့ မက်ဂွိုင်းယားကို ဖိနပ်စပွန်ဆာပေးဖို့ အားကစားဝတ်စုံထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါပြီ။ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Adidas, Nike, Puma နဲ့ Under Armour တို့ဟာ မက်ဂွိုင်းယားကို သူတို့ကုမ္ပဏီထုတ် ဘောကန်ဖိနပ်စီးပေးဖို့ အတွက် တနှစ်ကို ပေါင် (၇)သိန်းလောက်ပေးဖို့...

TRENDING NEWS

INSPIRING