Home News

News

လူမျိုးရေးခွဲခြားခံရမှုတွေနောက်မှာ လက်ရွေးစင်ကစားသမားဘ၀ကိုကျောခိုင်းသွားခဲ့ပြီဖြစ်တဲ့ အိုဇေးလ်

ဂျာမနီအသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်မီမှာ တူရကီနိုင်ငံရဲ့ သမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပြီး ဆိုးရွားတဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ တူရကီနဲ့ဂျာမနီသွေးနှောတစ်ယောက်ဖြစ်ပေမယ့် ဂျာမနီနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားပြီး ဂျာမနီနိုင်ငံကို ကိုယ်စားပြု ကစားပေးနေတဲ့ အိုဇေးလ်ဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့အပြီးမှာတော့ သူ့ရဲ့ဆိုးရွားတဲ့နေ့ရက်တွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဂျာမနီအသင်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးတဲ့နောက် အိုဇေးလ်ဟာ ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး သူ့ကို ဂျာမနီရဲ့ နာမည်ကြီးဘောလုံးသမား အချို့ကတောင် အပြစ်တင်ခဲ့ကြပါတယ်။ အိုဇေးလ်ရဲ့ အမာခံပရိသတ်တွေက...

အသက် (၂၀)အရွယ်လူငယ်တစ်ယောက်ထက် ပိုပြီးကြံ့ခိုင်နေတဲ့ ရော်နယ်ဒိုရဲ့ဆေးစစ်မှုမှတ်တမ်း

ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဆေးစစ်မှုခံယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆေးစစ်မှုအဖြေကတော့ တကယ့်ကိုပဲ မယုံကြည်ချင်စရာကောင်းခဲ့ပါတယ်။ ဆေးစစ်မှု ရလဒ်အရ ရော်နယ်ဒိုရဲ့ ကိုယ်တွင်း အဆီဓာတ်ဟာ (၇) ရာခိုင်နှုန်းပဲ ရှိနေပြီး သူ့ရဲ့ကြွက်သားထုထည်က (၅၀) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ဒီဆေးစစ်ချက်အဖြေဟာ အံ့သြစရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီအနေအထားမျိုးဟာ အသက် (၂၀)အရွယ် လူငယ်တစ်ဦးမှာတောင်မှ တွေ့ဖို့ မလွယ်ကူတဲ့အနေအထားဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အသက် (၂၀)အရွယ် လူငယ်တစ်ဦးရဲ့ကြံ့ခိုင်မှုအနေအထားထက်ပိုတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ...

အသင်းရဲ့ ကစားပုံကိုကြည့်ပြီး ကစားသမားသစ် ထပ်မံခေါ်ယူချင်နေသေးတဲ့ မော်ရင်ဟို

မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ ကစားနေတဲ့ အသင်းရဲ့ ကစားပုံကို သဘောမကျဖြစ်နေပြီး ကစားသမားသစ် ထပ်မံခေါ်ယူဖို့အတွက် ဂလေဇာမိသားစုဆီ ခွင့်တောင်းလိုက်တယ်လို့ Dailymail သတင်းစာက ဖော်ပြပါတယ်။ ဒီနှစ်ရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဖရက်ဒ်၊ နောက်ခံကစားသမားဒါလော့နဲ့ ဂရန့်တို့ကိုခေါ်ယူခဲ့တဲ့ မန်ယူအသင်းဟာ အပြောင်းအရွှေ့အတွက် ပေါင် (၇၅) သန်းအသုံးပြုခဲ့ပြီးပါပြီ။ တစ်ဖက်မှာလည်း လီဗာပူးလ်၊ အာဆင်နယ်တို့က ကစားသမားသစ်တွေ အလုံအလောက် ဖြည့်တင်းနေကြချိန်မှာ မော်ရင်ဟိုက ခံစစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားတချို့...

ဘရာဇီးလ်တောင်ပံကစားသမားကို ခေါ်ယူနိုင်ခဲ့တဲ့ ရိုးမား

ရိုးမားအသင်းဟာ ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းရဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ မယ်လ်ကွန်ကို အင်တာမီလန်နဲ့ နာပိုလီအသင်းတို့ကလည်း စောင့်ကြည့်နေခဲ့ပေမယ့် ရိုးမားအသင်းက လက်ဦးမှု ရယူသွားနိုင်ခဲ့တာပါ။ အသက် (၂၁) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးတောင်ပံ ကစားသမားဟာ ရိုးမားအသင်းကို ပေါင် (၃၂) သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးစစ်မှု ခံယူဖို့ ပြင်ဆင်နေပါပြီ။ မယ်လ်ကွန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဘော်ဒိုးအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၉၆) ပွဲကစားပေးခဲ့ကာ (၂၃) ဂိုး...

မေဂျာလိဂ်ကို (၁၀)နှစ်လောက်စောပြီးရောက်ခဲ့ရင် အမေရိကန်သမ္မတတောင်ဖြစ်လာနိုင်တယ်လို့ မိုဗစ်ပြော

မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းမှာ ကစားနေတဲ့ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကတော့ သူ့အနေနဲ့ မေဂျာလိဂ်ကို ဒီ့ထက် (၁၀)နှစ်လောက် စောပြီးရောက်ခဲ့ရင် အမေရိကန်သမ္မတတောင် ဖြစ်လာနိုင်ချေရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ ဂလက်ဆီ အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ မိုဗစ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ခြေစွမ်းပြ ကစားနေပြီး လက်ရှိ ဂလက်ဆီအတွက် (၅၃)ပွဲကစား (၄၉)ဂိုးအထိသွင်းယူထားနိုင်သူပါ။ မိုဗစ်က အဲဒီအတွက် ဂုဏ်ယူနေပြီး သူဟာ အမေရိကန်ဘောလုံးလောကရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ကိုယ့်ဘာသာ အမွှန်းတင်လိုက်ပါတယ်။ အသက် (၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးက အမေရိကန်နိုင်ငံရဲ့ ဘောလုံးကစားဟန်ကို...

လီဗာပူးလ်အတွက် အလစ်ဆန် ပထမဦးစားပေးကစားသမားဖြစ်မယ်လို့ ကလော့ပ်ပြော

လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလာ့ပ်က အသင်းရဲ့ ဂိုးသမားသစ် အလစ်ဆန်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အသင်းရဲ့ ပွဲထွက်ဂိုးသမားဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အလစ်ဆန်အတွက် ပေါင် (၆၅) သန်းပေးချေခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ အမှားတွေများနေခဲ့တဲ့ ကာရီးယပ်စ်ကြောင့် မြင့်မားတဲ့ငွေကြေးပမာဏကိုသုံးပြီး ဂိုးသမားတစ်ဦးကိုခေါ်ယူခဲ့ရတာပါ။ ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ပထမဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့တဲ့ ကာရီးယပ်စ်အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်က စလို့ မမှားသင့်တဲ့အမှားတွေကို ဆက်တိုက်မှားနေခဲ့ပြီးတဲ့နောက် သူ့ရဲ့ပွဲထွက်ခွင့်ကို ဆုံးရှုံးရဖို့ ရှိနေပါပြီ။ ဒါပေမယ့်လည်း ကလော့ပ်ကတော့ ကာရီးယပ်စ်အနေနဲ့ ပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်း ကြိုးစားခွင့်ရှိနေပါသေးတယ်လို့ ဆိုခဲ့တာပါ။ “ကျွန်တော်တို့ ပိုက်ဆံအများကြီးသုံးပြီး ဂိုးသမားတစ်ယောက်ကို...

၂-၈-၂၀၁၈ အတွက် ညနေခင်း နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ

ရူဂါနီ ။  ။ ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ မီလန်မြို့မှာ တွေ့ဆုံခဲ့ပြီး ရူဂါနီကို ခေါ်ယူဖို့ ပေါင်(၃၅)သန်းနဲ့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဆာရီဟာ သူအလိုရှိနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဟီဂူအင်၊ ရိန်နာတို့ကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် ရူဂါနီကိုတော့ အမိအရခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ ဘာစီလိုနာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အဘီဒယ်နဲ့ တိတ်တဆိတ်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်နေပြီး အသင်းပြောင်းဖို့ကမ်းလှမ်းမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆...

ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ၀န်းရံခြင်းကြောင့် ပျက်ခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ဂျူဗီပွဲဦးထွက်

လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အငြင်းပွားဖွယ်မရှိ အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး၊ လူကြိုက်အများဆုံး၊ ပရိသတ် အချစ်ဆုံး ဘောလုံးသမားကို ပြပါဆိုရင် ရော်နယ်ဒိုကိုပဲ ပြရမှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံ လိဂ်ဖလား(၃)ကြိမ်၊ မန်ယူအသင်းနဲ့ (၁)ကြိမ် ရယူခဲ့ဖူးသလို မိခင်နိုင်ငံ ပေါ်တူဂီအသင်းကိုလည်း အသင်းခေါင်း ဆောင်ပီသစွာ အကောင်းဆုံး ဦးဆောင်မှုပေးပြီး (၂၀၁၆)ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ဆက် ယူပြီးတဲ့နောက်မှာတော့ ရော်နယ်ဒိုဟာ စပိန်ဘောလုံးလောကကို အနိုင်နဲ့ပိုင်း ကျောခိုင်းပြီး စီးရီးအေရဲ့ ထိပ်သီးကလပ် ဂျူဗင်တပ်ကို ယူရိုသန်း(၁၀၀)နဲ့ ပြောင်းရွှေ့...

မာနေးရဲ့ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ကစားသမားမျိုးဖြစ်နေပြီလို့ ချီးကျူးလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်က အသင်းရဲ့တိုက်စစ်မှူး ဆာဒီယိုမာနေးရဲ့ခြေစွမ်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့်ကစားသမားမျိုးဖြစ်နေပြီလို့ ချီးကျူးလိုက်ပါတယ်။ ကလော့ပ်က မာနေးရဲ့ လက်ရှိခြေစွမ်းက မက်ဆီ၊ ရော်နယ်ဒို တို့နဲ့တောင် ယှဉ်နိုင်စွမ်းရှိပြီး အဆုံးသတ်မှုအပိုင်းမှာလည်း သိပ်ပြီးကွာခြားချက် မရှိဘူးလို့ ဆိုလိုက်တာပါ။ “ မာနေးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပြီးကတည်းက ခြေစွမ်းတွေ ပိုမိုတိုးတက်လာတဲ့ ကစားသမားပါ။ သူ့ရဲ့စွမ်းဆောင်ရည်က တဖြည်းဖြည်းပိုမိုမြင့်တက်လာခဲ့သလို အရင်ကလို တစ်ယောက်တည်းဂိုးသွင်းဖို့ကိုလည်း သိပ်ပြီး မကြိုးစားတော့ပါဘူး။ အသင်းဖော်တွေကို ဂိုးဖန်တီးပေးဖို့ ကြိုးစားလာတာနဲ့အမျှ သူ့ကိုယ်သူဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်လာမှာပါ” လို့ ကလော့ပ်က ဆိုပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲ...

စီးရီးအေရဲ့ လစာအများဆုံး ဘောလုံးသမားစာရင်းကနေ အဖြုတ်ခံလိုက်ရတဲ့ဘုရင်ကြီးဟီဂူအင်

ရော်နယ်ဒို ရောက်မလာခင်တုန်းကတော့ စီးရီးအေရဲ့ လစာအများဆုံးကစားသမားစာရင်းမှာ ဘုရင်တစ်ပါးလို ဦးဆောင်နေတဲ့ ကစားသမားတစ်ယောက် ရှိခဲ့ပါတယ်။ အဲဒါကတော့ လက်ရှိမှာ အေစီမီလန် တိုက်စစ်မှူးဖြစ်နေတဲ့ ဟီဂူအင် ပါပဲ။ ဂျူဗင်တပ်စ်အသင်းမှာ လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ဟီဂူအင်ဟာ နာပိုလီကိုရောက်သွားတဲ့အချိန်မှာလည်း စီးရီးအေရဲ့ လစာအများဆုံး ကစားသမားအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ အခု အေစီကို ရောက်သွားတဲ့အချိန် ရော်နယ်ဒို ရောက်မလာသေးတဲ့အချိန်အတွင်းမှာလည်း သူက စီးရီးအေရဲ့ လစာအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေခဲ့ပြန်တာပါ။ ဒါပေမယ့် ရော်နယ်ဒို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အခြေအနေတွေ အားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဟီဂူအင်ရဲ့...

TRENDING NEWS

INSPIRING