Home News

News

ပရိသတ်တွေဝေဖန်နေကြတဲ့ ချယ်လ်ဆီးရဲ့ လူကျွံဘောသွင်းဂိုး

မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ကာဒစ်ဖ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်နဲ့ အသင်းပရိသတ်တွေဟာ စည်းကျပ်ဒိုင်ရဲ့အဆုံးအဖြတ်ကို တကယ်ပဲ ဒေါသထွက်ခဲ့ကြပါတယ်။ ၀ါနော့ခ်ဆိုရင် ကွင်းဘေးမှာ တစ်ချိန်လုံးပေါက်ကွဲနေခဲ့ပြီး စည်းကျပ်ဒိုင်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို တစ်ချိန်လုံးမေးခွန်းထုတ်နေခဲ့တာပါ။ ကာဒစ်ဖ်အသင်းဟာ တန်းဆင်းဇုန်ထဲရောက်နေတာကြောင့် ချယ်လ်ဆီးအသင်းဆီက အမှတ်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ရတာဖြစ်ပြီး ပွဲချိန် ပထမပိုင်းမှာ ချယ်လ်ဆီးရဲ့တိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ ကာမာရာဆာ ရဲ့ကန်ချက်ကနေ ကာဒစ်ဖ်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့လို့ အမှတ်ရဖို့ မျှော်လင့်ချက်ရှိလာခဲ့တာပါ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ပွဲချိန် (၈၄)မိနစ်မှာ မားကို့စ်အလွန်ဆိုရဲ့...

သြဂုတ်လ(၂၂)ရက်အတွက် နောက်ဆုံးရ အားကစားသတင်းများ

  ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဆုတံဆိပ်တွေ အပိုထပ်မံပေးဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ သူတို့ရဲ့လူငယ်ကစားသမားတွေအတွက် ပရီးမီးယားလိဂ်ဆုတံဆိပ်တွေ အပိုထပ်မံပေးချင်တာကြောင့် တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကတော့ ချန်ပီယံအသင်းတိုင်းကို ဆုတံဆိပ် (၄၀)စီ ပေးထားတာဖြစ်ကြောင်းနဲ့ ဒီအရေအတွက်ဟာ လုံလောက်တဲ့ပမာဏဖြစ်လို့ ထပ်မံပေးဖို့ မရှိဘူးဆိုပြီး ငြင်းဆန်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေထဲမှာ ချန်ပီယံအသင်းက ကစားသမားတွေဟာ အနည်းဆုံး ပရီးမီးယားလိဂ်မှာ(၅)ပွဲကစားမှသာ ဆုတံဆိပ်ချီးမြှင့်ခံရမှာ ဖြစ်တယ်လို့ပါဝင်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီစည်းမျဉ်းကို ဝေဖန်ထားပါတယ်။ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်ကွင်းကို ပရိသတ် (၆)သောင်းကျော်အထိ...

စက်တင်ဘာတလတာအကောင်းဆုံး ဆန်ခါတင်စာရင်းဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ

  စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား (၈)ဦးစာရင်းကို ဒီနေ့ပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေကတော့ အာနိုးလ်၊ အူဘာမီယန်၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ မက်ဂင်း၊ ရီကာဒိုပါရဲရား၊ ဆွန်ဟောင်မင် နဲ့ ကူလန်ဝီလ်ဆင် တို့ ဖြစ်ကြပါတယ်။   Time to crown September's #PL POTM👑 Vote for your winner now 👉 https://t.co/p5a7hHYUWi #FUT #FIFA20 @premierleague pic.twitter.com/IgvE1tNzZv — EA SPORTS FIFA (@EASPORTSFIFA)...

ဇန်န၀ါရီဈေးကွက်ထဲမှာ မန်ယူစိတ်ဝင်စားနေတဲ့ ကစားသမားစာရင်း

မန်ယူအသင်းရဲ့ ယာယီနည်းပြ ဆိုးလ်ရှားဟာ ရာသီဝက်မှာ အသင်းရဲ့ လူစာရင်းကို အားဖြည့်ဖို့ စီစဉ်နေပြီး အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ကို ကစားသမား(၃)ယောက်အထိ ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဆိုးလ်ရှားက အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်း ၊ ကွင်းလယ်တောင်ပံ ကစားသမားတွေကို အားဖြည့်ပေးဖို့ ထောက်ပြထားတာဖြစ်ပြီး လက်ရှိအခြေအနေမှာ မန်ယူစောင့်ကြည့်နေတဲ့ ကစားသမား (၅) ယောက် ရှိနေပါတယ်။ နာပိုလီအသင်း နောက်ခံလူ ကူလီဘာလီ ၊ တောင်ပံအားသန် တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ PSV ကွင်းလယ်လူ ဘာ့ခ်ျဝင် ၊ ရိုးမားရဲ့...

သရေတစ်မှတ်အတွက် အောင်ပွဲခံရာကနေ လက်ကျိုးသွားခဲ့တဲ့ ရိုးမားနည်းပြ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ အတ္တလန္တာအသင်းတို့ရဲ့ ပွဲစဉ်မှာ ရိုးမားနည်းပြ ဒီ ဖရန်ဆက်စ်ကိုကတော့ အပျော်လွန်ပြီး အောင်ပွဲခံခဲ့လို့ လက်ကျိုးသွားခဲ့ရပါတယ်။ (၃-၃) နဲ့ သရေကျခဲ့ရတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ရိုးမားအသင်းက (၁-၃) ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီး ချေပဂိုးတွေ လိုက်လံသွင်းယူခဲ့ရတာပါ။ ပွဲချိန် (၈၂) မိနစ်မှာ ရိုးမားနောက်ခံလူ မာနိုလက်စ်က ကွင်းလယ်လူ ပက်စ်တိုရီရဲ့ ပြစ်ဒဏ်ဘောကန်ပေးမှုကနေ နောက်ဆုံးချေပဂိုးတစ်ဂိုးကို သွင်းယူလိုက်ချိန်မှာတော့ ဒီ ဖရန်ဆက်စ်ကိုဟာ အရမ်းကို ပျော်သွားခဲ့ပါတယ်။ အသက် (၄၈)နှစ်အရွယ် နည်းပြဟာ ဂိုးသွင်းပြီးတဲ့နောက်...

ပြိုင်ဘက်ဂိုးသမားကို လည်ပင်းညှစ်မှုနဲ့ (၂)ပွဲပယ်ခံလိုက်ရပြီဖြစ်တဲ့ မိုဗစ်

မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းရဲ့တိုက်စစ်မှူး မိုဗစ် ကတော့ မေဂျာလိဂ်ပြိုင်ပွဲမှာ လူကြမ်းကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ပြိုင်ဖက်အသင်း ကစားသမားတွေကိုလည်း မထီလေးစား လုပ်သူတစ်ယောက်ပါ။ အခုလည်း ပြိုင်ဖက်အသင်းဂိုးသမားကို လည်ပင်းညှစ်ခဲ့လို့ ပွဲပယ်ခံလိုက်ရပြန်ပါပြီ။ https://twitter.com/i/status/1129565230609002497 ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မိုဗစ်ရဲ့ ဂလက်ဆီအသင်းက နယူးယော့ခ်စီးတီးအသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာပဲ မိုဗစ် က ပြိုင်ဖက်အသင်းရဲ့ဂိုးသမား ဂျွန်ဆင် ကို လည်ပင်းညှစ်ခဲ့တာဖြစ်ပြီး သူ့ကိုအနောက်ကနေ တွန်းတိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆတာကြောင့် အခုလို လုပ်ခဲ့တာပါ။ https://twitter.com/i/status/1128170723455975431 မိုဗစ်ရဲ့ အပြုအမူက ဒီတစ်ကြိမ်မှာတော့ မေဂျာလိဂ်မှာ နာမည်ကြီးသွားခဲ့ပြီး ဒီပြိုင်ပွဲမှာ...

Free-Kick သွင်းဂိုးတွေကြောင့် ချီးကျူးခံနေရတဲ့ နေမာ

ဇဗက်ဒါ အသင်းကို PSG က (၆-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ Hat-Trick ရရှိသွားခဲ့တဲ့ နေမာရဲ့ ခြေစွမ်းကို နည်းပြ တူချယ်က ချီးကျုးလိုက်ပါတယ်။ တွစ်တာပေါ်မှာတော့ နေမာသွင်းယူခဲ့တဲ့ Free-Kick သွင်းဂိုးတွေနဲ့ ပတ်သက်လို့ ချီးကျူးခံနေရပြီး အထူးသဖြင့် နေမာရဲ့ ဒုတိယမြောက် Free-Kick သွင်းဂိုးဟာ အဆင့်မြင့်တယ်လို့ မှတ်ချက်ပေးနေကြတာပါ။ နေမာဟာ အဲဒီပွဲစဉ်မှာ Free-Kick က တစ်ဆင့် သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီး နေမာက အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တယ်လို့...

ဘောလုံးပေးပို့မှုလား၊ခြေချော်တာလားဆိုတာ ငြင်းခုန်နေရတဲ့အိုဇေးလ်ရဲ့အကြမ်းစားစကေး

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘိတ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိုဇေးလ်ရဲ့ ဘောလုံးပေးပို့မှု တစ်ကြိမ်က ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒီပွဲက ပြီးသွားခဲ့ပြီဆိုပေမယ့် ဒီအကြောင်းအရာကတော့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာဖြစ်နေဆဲပါပဲ။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့တဲ့ အိုဇေးလ်ဟာ ဘယ်ခြမ်းက ပေးပို့လိုက်တဲ့ဘောလုံးကို ဂိုးဧရိယာအပြင်က ကစားသမားဆီရောက်အောင် နောက်ပေါက်နဲ့ ပေးပို့သွားခဲ့တာလို့ ဘောလုံးပွဲ သုံးသပ်သူတွေက မှတ်ချက်ချခဲ့တာဖြစ်ပြီး တကယ်တမ်းသာ အဲဒီလိုဆိုရင် ဒါက စကေးအကြမ်းကြီးပါ။ ရုပ်သံမြင်ကွင်းတွေမှာလည်း အိုဇေးလ်ဟာ ရည်ရွယ်ချက်ရှိရှိ ဘောလုံးပေးပို့ခဲ့တာကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ဆီကိုရောက်လာတဲ့ဘောလုံးကို ကျော်ကာ ခြေဖနောင့်နဲ့ပေးပို့ဖို့...

မန်ယူနည်းပြ ဆိုးလ်ရှားကို အများနဲ့မတူတဲ့နာမည်သစ်ပေးခဲ့တဲ့ ဖရက်ဒ်

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ကတော့ နည်းပြ ဆိုးလ်ရှားကို အများနဲ့မတူတဲ့ နာမည်တစ်ခု ပေးလိုက်ပြီး ပရိသတ်တွေက အဲဒါကို သဘောကျနေကြပါတယ်။ PSG နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းအတွက် ပွဲထွက်ပေးခဲ့ပြီး မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရခဲ့တဲ့ ဖရဒ်က ဆိုးလ်ရှားကို “ပရော်ဖက်ဆာ အိုလီ” လို့ ထူးထူးခြားခြားခေါ်သူပါ။ အသက် (၂၆)နှစ်အရွယ် ဘရာဇီးကွင်းလယ်ကစားသမားဟာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရပေမယ့် မာတာ၊ ဟာရဲရား တို့ ဒဏ်ရာရနေချိန်မှာ အသင်းရဲ့ကွင်းလယ်အတွက် ပါဝင်ခွင့်ရခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ ကစားခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့ည ပွဲစဉ်ဟာ...

လီဗာပူးလ်အတွက် မရှိမဖြစ် ကစားသမား ဘယ်သူဆိုတာ ထုတ်ဖော်ပြောခဲ့တဲ့ ရောဘတ်ဆန်

လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ရောဘတ်ဆန်က ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်ပြီး ဘန်လေလို အသင်းကို (၃-၀)ရလဒ်နဲ့ အနိုင်ရခဲ့တာလည်း ဖာမီနိုရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ကြိုးစားမှုတွေကြောင့် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ် ဖာမီနိုဟာ ဘန်လေ(၀-၃)လီဗာပူလ်းပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီယားလိဂ်ရဲ့ ပထမဦးဆုံး ဂိုး(၅၀)ပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဘတ်ဆန်က ဖာမီနိုရဲ့ အရည်အချင်း အစစ်အမှန်ဟာ ဂိုးသွင်းကောင်းတာ မဟုတ်ကြောင်း၊ ရှေ့တန်းကစားသမား ဖြစ်နေပေမယ့်  နောက်တန်းကစားသမား တစ်ယောက်လို စွမ်းဆောင်ရည်မျိုးကို...

TRENDING NEWS

INSPIRING