Home News Bundesliga

Bundesliga

လီဝန်ဒေါစကီးကို ကိုယ့်အလုပ်ကိုယ်ပဲ စိတ်ဝင်စားဖို့ ပြောလိုက်တဲ့ ဘိုင်ယန် အားကစားဒါရိုက်တာ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဂန္တ၀င်ကစားသမားဟောင်း ဆလီဟာမစ်ဇစ်ဟာ အသင်း ရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို ဝေဖန်ခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ကိုယ့်အလုပ်ကိုယ် စိတ်မ၀င်စားသူ တစ်ဦးဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ ရာသီကြိုကာလက ဒေါ့မွန်အသင်းကို (၂-၀)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါဖလားပွဲအပြီးမှာ လီဝန်ဒေါစကီးက ဘိုင်ယန်  မြူးနစ်အသင်းဟာ အသင်းကို ချက်ချင်းလက်ငင်း အကျိုးပြုမယ့် ၀ါရင့်ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်နေ ကြောင်း ဝေဖန်သွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်က ဘိုင်ယန်မြူးနစ် အသင်း ဘယ်လိုရလဒ်ပဲ ထွက်ထွက် လီဝန်ဒါစကီးကို အဲ့လိုဝေဖန်မှုမျိုး...

ဆန်ချိုရဲ့ တစ်ပတ်လစာကို ပေါင်(၁၉၀,၀၀၀)အထိ တိုးမြှင့်ပေးခဲ့တဲ့ ဒေါ့မွန်

ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်အအသင်းဟာ အသက်(၁၉)နှစ်အရွယ် အင်္ဂလိပ်ကစားသမား ဆန်ချိုရဲ့ တစ်ပတ် လစာပေါင် (၇၅,၀၀၀) ကနေ ပေါင် (၁၉၀,၀၀၀)အထိ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ရာသီကြို အပြောင်း အရွှေ့ကာလတုန်းက မန်ယူနဲ့ ပီအက်စ်ဂျီအသင်းတွေကို ပြောင်းရွှေ့ကြေးပေါင် သန်း(၁၀၀)အသုံးပြုပြီး ဆန်ချို ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်အသင်းကကော ကစားသမားကိုယ်တိုင်ကပါ ပယ်ချခဲ့ကြပါတယ်။ ဂျာမန်နာမည်ကျော် Bild သတင်းစာရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာ မျိုး မဟုတ်ပဲ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စိတ်မ၀င်စားပဲ...

လိုက်ပ်ဇစ်နဲ့ပွဲမှာသွင်းယူခဲ့တဲ့ ကိုမန်ရဲ့သွင်းဂိုးတွစ်တာပေါ်မှာနာမည်ကြီးနေ

ဒီတစ်ပတ်ကစားခဲ့ကြတဲ့ လိုက်ပ်ဇစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် သွင်းယူပေးသွားတဲ့ တောင်ပံကစားသမား ကိုမန်ရဲ့ ဂိုးဟာ လုံးဝကို ပြည့်စုံလွန်းတဲ့ ဂိုးတစ်ဂိုးဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ အသက် (၂၂)နှစ်အရွယ် ဘိုင်ယန်မြူးနစ် တောင်ပံကစားသမားဟာ မကြာခဏဆိုသလို ဒဏ်ရာတွေ ရနေတတ်ပေမယ့်လည်း ပွဲထွက်ကစားရချိန်မှာတော့ သူ့ရဲ့စွမ်းဆောင်ရည်က အမြင့်ဆုံးအခြေအနေမှာ ရှိနေခဲ့တာပါ။ ကိုမန်ဟာ ဆုတံဆိပ်တွေနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့၊ ဒါမှမဟုတ်ရင် ကံကောင်းလွန်းတဲ့ ကစားသမားလို့ပြောရမှာဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့စာရင် ရရှိထားတဲ့ ဆုတံဆိပ်တွေက မရေမတွက်နိုင်အောင် များလွန်းခဲ့တာပါ။ PSG မှာ (၂) ရာသီကစားပြီး ဆုဖလား...

(၂၄)နာရီအတွင်းကစားသမား(၃)ဦးခေါ်ပြီး အပြောင်းအရွှေ့ဈေးကွက်ကိုဦးဆောင်တဲ့ဒေါ့တ်မွန်

ဒီရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရရှိဖို့  အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ဒေါ့တ်မွန်ကတော့ ရာသီသိမ်းလို့  အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်လိုက်ချိန်မှာပဲ ကစားသမားခေါ်ယူမှုတွေကို တရစပ်ပြုလုပ်ပါတော့တယ်။ (၂၄)နာရီအတွင်း ကွင်းလယ်ကစားသမား(၂)ယောက်နဲ့နောက်ခံလူ(၁)ယောက်ကို ခေါ်ယူလိုက်ပြီးချိန်မှာတော့ လာမယ့်ရာသီသစ်အတွက် ဒေါ့တ်မွန်တို့  အကြီးအကျယ်ပြင်ဆင်တော့မယ်ဆိုတာ အားလုံးနားလည်သွားကြတယ်။ ဒေါ့တ်မွန်အသင်းကို ပထမဆုံးရောက်ရှိလာသူကတော့ ဟော့ဖင်ဟိန်းအသင်းရဲ့နောက်ခံလူ နီကိုရှော့ဇ် ဖြစ်ပြီး သူ့အတွက် ယူရို (၂၇)သန်းအသုံးပြုခဲ့တာပါ။ https://twitter.com/i/status/1130754573503750149 အဲဒီနောက် ဂလက်ဘတ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ သော်ဂန်ဟာဇက်ကို (၅)နှစ်စာချုပ်နဲ့ ထပ်ခေါ်လိုက်ချိန်မှာတော့ ဒေါ့တ်မွန်ရဲ့လှုပ်ရှားမှုက တစ်ကမ္ဘာလုံးစောင့်ကြည့်ရတဲ့အခြေအနေ ဖြစ်သွားခဲ့တယ်။ ဒေါ့တ်မွန်က ဟာဇက်အတွက် ယူရိုသန်း(၄၀)ပေးရမှာဖြစ်ပြီး ယူရို(၂၅)သန်းကို ပထမအရစ်အဖြစ် ပေးချေထားရတယ်။ https://twitter.com/i/status/1131122874511757312 အဲဒီနောက် နာရီအနည်းငယ်အတွင်းမှာပဲ...

ရစ်ဘာရီနဲ့ရော်ဘင်၊ ဘိုင်ယန်မြူးနစ်အပြေးသမားနှစ်ယောက်ရဲ့အမှတ်ရဖွယ်ဗီဒီယို

ဒီတစ်ပတ် ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့ တောင်ပံနှစ်ဖက်စလုံးကို ဆုံးရှုံးလိုက်ရပါတယ်။ ရစ်ဘာရီနဲ့ ရော်ဘင်။ အရမ်းကို မြန်ဆန်လွန်းတဲ့ ဘယ်၊ညာတောင်ပံတွေပါ။ ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်ယောက်ရဲ့စွမ်းအားနဲ့ ဖလားတွေ တော်တော်များများကို သိမ်းပိုက်ခဲ့တယ်။ အခုတော့ သူတို့နှစ်ယောက်စလုံး ဘိုင်ယန်မြူးနစ်ကို ကျောခိုင်းသွားခဲ့ပါပြီ။ ရစ်ဘာရီက ဘိုင်ယန်ကို (၂၀၀၇)ခုနှစ်မှာ ရောက်ရှိခဲ့ပြီး မာဆေးလ်အသင်းကနေ ယူရို (၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ဘိုင်ယန်မြူးနစ်အတွက် ရစ်ဘာရီရဲ့ပြောင်းရွှေ့ကြေးဟာ ကလပ်စံချိန်တင် ဖြစ်ခဲ့ပြီး ဘိုင်ယန်မှာ (၁၂)နှစ်ကြာတဲ့အထိ သူ့ရဲ့ ကစားသမားဘ၀ကို ကုန်လွန်စေခဲ့တာပါ။ အဲဒီ...

ဒေါ့မွန်အတွက် ခြေစွမ်းပြနေရင်း ကလေးအဖေဖြစ်တော့မယ့် မာကိုရူးစ်

မာကိုရူးစ် တစ်ယောက်အတွက် ဒီနှစ် ဘောလုံးရာသီက ထူးခြားတဲ့ ရာသီတစ်ခုလို ဆိုရမလိုပါပဲ။ အသင်းကလည်း သူ့ကို ကပ္ပတိန် လက်ပတ် အပ်နှင်းတယ်၊ ပြီးတော့ ဂျာမနီရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရတယ်၊ အခုဆို ဖခင်လောင်းတစ်ယောက်ဖြစ်နေပါပြီ။ ရူးစ်ရဲ့ ချစ်သူမော်ဒယ် စကားလက် ဂတ်မန်းက သမီးလေး လွယ်ထားရပြီ လို့သိရတယ်။ အသက် (၂၉) နှစ်အရွယ် ရူးစ်နဲ့ အသက် (၂၅) အရွယ် ဂတ်မန်းတို့က ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကတည်းက သူတို့ရဲ့ မိသားစုလေးကို ထူထောင်ဖို့ ကြေညာခဲ့ပြီး...

ရာသီဥတုကြောင့် ကံအဆိုးဆုံးဖြစ်သွားခဲ့တဲ့ ဟန်နိုဗာကွင်းလယ်လူရဲ့သွင်းဂိုး

တနင်္ဂနွေညက ကစားခဲ့တဲ့ ဟန်နိုဗာအသင်းနဲ့ လေဗာကူဆင် အသင်းတို့ပွဲစဉ်ဟာ ဆိုးရွားတဲ့ ရာသီဥတုအောက်မှာ ကစားခဲ့ရတာဖြစ်ပြီး အိမ်ရှင်ဟန်နိုဗာအသင်းအတွက် ကံဆိုးခဲ့တဲ့ညလို့ပဲ ပြောရမှာပါ။ အဲဒီပွဲစဉ်မှာ လေဗာကူဆင်အသင်းက (၂-၃)နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပွဲချိန် (၈၇)မိနစ်မှာ သွင်းယူသွားခဲ့တဲ့ လေဗာကူဆင်တိုက်စစ်ကစားသမား ဟာဗက်ဇ်ရဲ့ ဂိုးနဲ့ နိုင်သွားတာပါ။ နှင်းတွေဆိုးဆိုးရွားရွားကျနေတဲ့ ရာသီဥတုကြောင့် ကစားသမားတွေဟာ ကွင်းထဲမှာ ဘောလုံးနဲ့အတူ လျှင်လျှင်မြန်မြန် ပြေးနိုင်ဖို့တောင် ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေကလည်း အေးစက်နေတဲ့ ရာသီဥတုထဲမှာ အားပေးခဲ့ကြရတာပါ။ လေဗာကူဆင်အသင်းက ပထမပိုင်းပွဲချိန်မှာ ဦးဆောင်ဂိုး (၂) ဂိုးသွင်းနိုင်ခဲ့ပြီး ဟန်နိုဗာအသင်းက ပွဲချိန် ဒုတိယပိုင်းမှာ...

ဝါဒါဘရီမင်နဲ့ပွဲက ပူလီဆစ်ရဲ့ဂိုးကြောင့် စိတ်လှုပ်ရှားနေတဲ့ချယ်လ်ဆီးပရိသတ်တွေ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကစားခဲ့တဲ့ ဒေါ့တ်မွန်အသင်းနဲ့ ၀ါဒါဘရီမင် အသင်းတို့ရဲ့ ပိုကယ်လ်ဖလားပွဲစဉ်မှာ ဒေါ့တ်မွန်က ၀ါဒါဘရီမင်ကို ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ အဲဒီပွဲမှာ ဒေါ့တ်မွန်တို့ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ဒေါ့တ်မွန်တိုက်စစ်မှူး ပူလီဆစ်ရဲ့ သွင်းဂိုးတစ်ဂိုးကတော့ ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီးအသင်းပရိသတ်တွေက ရာသီကုန်ရင် ရောက်လာမယ့် ပူလီဆစ်ရဲ့ ခြေစွမ်းပြ သွင်းဂိုးတစ်ဂိုးကို မြင်တွေ့လိုက်ရလို့ ချယ်လ်ဆီးကိုရောက်လာဖို့ မစောင့်နိုင်တော့ဘူး ဆိုပြီး တွစ်တာပေါ်မှာ ရေးသားနေကြတာပါ။ တချို့ပရိသတ်တွေကတော့ ပူလီဆစ်ရဲ့ ဒီ သွင်းဂိုးဟာ မက်ဆီနဲ့တောင် တူတယ်လို့ ချီးကျူးနေကြပြီး...

လေ့ကျင့်ရေးကွင်းမှာတွေ့လိုက်ရတဲ့ ဆန်ချိုရဲ့စကေးဗီဒီယို ကြည့်ရှုသူသန်းချီရှိ

ဒီရာသီ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဒေါ့တ်မွန်အသင်းအတွက် ဆန်ချို ဆိုတာ မရှိမဖြစ် ကစားသမားလို့တောင် ပြောလို့ရနေပါပြီ။ မန်စီးတီးအသင်းကနေ ဒေါ့တ်မွန်အသင်းဆီကို ဈေးချိုချိုနဲ့ ရောက်လာခဲ့တဲ့ ဆန်ချိုဟာ လက်ရှိအချိန်မှာတော့ ဒေါ့တ်မွန်အသင်းခေါင်းဆောင် မာကိုရူးစ်နဲ့ အရမ်းကို အတွဲမိနေပြီး သူ့ရဲ့တန်ကြေးဟာ ပေါင်သန်း(၁၀၀)အထက်မှာ ရှိနေပြီလို့ သတ်မှတ်ခြင်းခံထားရတာပါ။ ပရိသတ်တွေဟာ မကြာခဏဆိုသလို ဆန်ချိုရဲ့ အလိမ်အခေါက်စွမ်းရည်တွေ ၊ အဆင့်မြင့်တဲ့ သွင်းဂိုးတွေကို မြင်တွေ့နေရပြီး ဆန်ချိုဟာ အင်္ဂလန်ရဲ့ ရှားရှားပါးပါး ပါရမီရှင် ကစားသမားလေးဆိုတာ လက်ခံထားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တွစ်တာပေါ်မှာ...

(၃)နှစ်အတွင်း ပေါင်သန်း(၄၀၀)ကျော်ရအောင် ကစားသမားရောင်းချနိုင်ခဲ့တဲ့ဒေါ့တ်မွန်

ဂျာမနီဘောလုံးကလပ်အသင်း ဒေါ့တ်မွန်ကတော့ ပြီးခဲ့တဲ့ (၃)နှစ်အတွင်းမှာ ကစားသမားရောင်းချရမှုကနေ ပေါင် သန်း(၄၂၄.၁)သန်းအထိ ၀င်ငွေရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းကို ပေါင်(၁၃၅.၅)သန်းနဲ့ ဒမ်ဘီလီကို ရောင်းချနိုင်ခဲ့ခြင်းက ပြီးခဲ့တဲ့ (၃)နှစ်အတွင်း တန်ဖိုးအကြီးဆုံးရောင်းချမှု ဖြစ်လာခဲ့ပြီး ပူလီဆစ်ကို ချယ်လ်ဆီးဆီ ပေါင် (၅၈)သန်းနဲ့ ရောင်းချနိုင်ခဲ့ခြင်းကလည်း အသင်းအတွက် အမြတ်ငွေများစွာ ရရှိခဲ့တာပါ။ (၂၀၁၇) ၊ သြဂုတ်လမှာ ဒမ်ဘီလီကို ပေါင် (၁၃၅.၅)သန်းနဲ့ရောင်းချနိုင်ခဲ့တာက ဘောလုံးလောကရဲ့ တတိယမြောက်အများဆုံး ကစားသမားပြောင်းရွှေ့ကြေးဖြစ်လာခဲ့ပြီး နေမာရဲ့ ပေါင် (၁၉၈)သန်း ၊ ဘက်ပီရဲ့ ပေါင် (၁၅၈)သန်း...

TRENDING NEWS

INSPIRING