Home News Champions League

Champions League

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ရဲ့ ဆန်ခါတင် အကောင်းဆုံးသွင်းဂိုး(၄)ဂိုး

  ၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၂)ကို အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်(၁၆)ပွဲမှာ သွင်းဂိုး (၅၂)ဂိုးသွင်းယူခဲ့ကြပါတယ်။ သွင်းဂိုးအများဆုံးသွင်းခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး စပါးကို (၇)ဂိုးသွင်းခဲ့တာပါ။ ပွဲစဉ်(၁၆)ပွဲမှာ ဂျန့်နဲ့ နာပိုလီတို့ပွဲတပွဲပဲ ဂိုးမရှိသရေကျခဲ့ပြီး ကျန်ပွဲတွေအားလုံးမှာ ဂိုးတွေမြင်တွေ့ခဲ့ရပါတယ်။ ဂိုးမသွင်းနိုင်တဲ့အသင်းကတော့ (၉)သင်းရှိခဲ့ပြီး ဂါလာတာစာရေး-PSG ၊ ဂျန်-နာပိုလီပွဲတွေကလွဲရင် ကျန်တဲ့ပွဲတွေမှာ သွင်းဂိုး အနည်းဆုံး(၂)ဂိုးနဲ့အထက် ရှိခဲ့ပါတယ်။ ဒီတပတ်ရဲ့သွင်းဂိုး (၅၂)ဂိုးထဲကနေ UEFA က ဆန်ခါတင်အကောင်းဆုံးသွင်းဂိုး(၄)ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲကမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ အကောင်းဆုံးဂိုးကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံးသွင်းဂိုး...

လိုကိုမိုးတစ်မော်စကိုနဲ့ပွဲက အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှု

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲဖြစ်တဲ့ လိုကိုမိုးတစ်မော်စကိုနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ပွဲမှာ အက်သလက်တီကိုအသင်းက (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဂိုးတွေကိုတော့ ယာအိုဖီးလစ်နဲ့ သောမတ်စ်ပါတေတို့က ဒုတိယပိုင်းမှာ သွင်းခဲ့ကြတာပါ။ ဒီပွဲမှာ အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှုတခုက အင်တာနက်မှာ နာမည်ကြီးနေပါတယ်။ အက်သလက်တီကိုအသင်းက ဖိကစားနေချိန်မှာ လိုကိုမိုးတစ်အသင်းက ကောင်တာပေါက်ပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒီအချိန်မှာ အက်သလက်တီကိုနောက်တန်းမှာ ကစားသမား (၁)ဦးပဲ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုကစားသမား (၇)ဦးလောက်ဟာ နောက်တန်းကို အားကုန်ထုတ်ပြီး ပြန်ဆင်းပြေးကာ လိုကိုမိုးတစ်ရဲ့ ကောင်တာကို ကာကွယ်ဖို့ကြိုးစားတာကို တွေ့ရတာပါ။ အက်သလက်တီကိုကစားသမားတွေရဲ့...

အာဆင်နယ်ပရိသတ်တွေ လွမ်းအောင်လုပ်လိုက်ပြန်တဲ့ ဂနာဘရီ

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ ဧည့်သည် ဘိုင်ယန်အသင်းက အိမ်ရှင်အသင်းကို (၇-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက ဂျာမနီကစားသမား ဆာ့ခ်ျဂနာဘရီက တဦးတည်း (၄)ဂိုးသွင်းယူခဲ့ပါတယ်။ ဒီလို ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကလပ်အသင်းတွေကို တဦးတည်း (၄)ဂိုးသွင်းနိုင်ခဲ့တာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီပြီးရင် ဂနာဘရီက ဒုတိယကစားသမား ဖြစ်လာခဲ့ပါပြီ။ ဂနာဘရီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းမှာစတင်ခဲ့တာဖြစ်ပြီး အခုလို ခါးသီးတဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းဘက်ကို (၄)ဂိုး သွင်းပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို လက်ခံရရှိနေပါတယ်။ ဒါကို...

အင်တာနက်မှာ လူကြိုက်များနေတဲ့ #FlyingMatuidi Challenge

  ပြီးခဲ့တဲ့ အက်သကလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဟာ (၂)ဂိုးစီသရေကျခဲ့ပြီး ဂိုးတွေကို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကွာဒရာဒို နဲ့ မာတွီဒီတို့က အသီးသီးသွင်းခဲ့ကြပါတယ်။ အဲဒီပွဲမှာ ကွင်းလယ်လူ မာတွီဒီရဲ့ ဂိုးသွင်းအပြီးအောင်ပွဲခံနေပုံကို Photoshop ပြုလုပ်ဖို့ ဂျူဗင်တပ်စ်အသင်းက သူတို့ရဲ့ twitter account ကနေ တင်ပေးခဲ့ပါတယ်။   Buona photoediting challenge, bianconeri! 🎨💻#AtletiJuve #ForzaJuve pic.twitter.com/7dVyScvQpf — JuventusFC (@juventusfc) September 20, 2019 လက်ရှိအချိန်မှာတော့ အဲဒီ challenge ကို #FlyingMatuidi ဆိုတဲ့...

ရီးရဲလ်တံဆိပ်နဲ့တံခွန်အလံကို မကိုင်ချင်ဖြစ်နေတဲ့ ဂါရတ်ဘေးလ်ရဲ့ ဗီဒီယို

  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညတုန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ PSG နဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ပွဲစဉ်ကစားခဲ့ပါတယ်။ အဲဒီပွဲမှာ PSG က ရီးရဲလ်မက်ဒရစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကို အားလုံးသိပြီးသားဖြစ်ကြမှာပါ။ အခုတော့ အင်တာနက်ပေါ်မှာ ပွဲမစခင် ရီးရဲလ်အသင်းသားတွေ အသင်းလိုက်ဓာတ်ပုံရိုက်ဖို့လုပ်နေတုန်းကဖြစ်ရပ်တခု ပျံ့နှံ့လာပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ ရီးရဲလ်အသင်းခေါင်းဆောင် ဗာရန်းက ရီးရဲလ်အသင်းရဲ့ တံဆိပ်ပါတဲ့ တံခွန်အလံကို အသင်းဖော် ဂါရတ်ဘေးလ်ကို ကိုင်ဖို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘေးလ်က ချက်ချင်းမယူသေးဘဲ ဗာရန်းကို တချက်ကြည့်လိုက်ပြီး နောက်မှ မယူချင့်ယူချင်နဲ့ လှမ်းယူလိုက်ပါတယ်။ အဲဒီနောက်မှာ ချက်ချင်းဆိုသလိုပဲ...

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၁)ရဲ့ အကောင်းဆုံး နဲ့ အညံ့ဆုံး ကစားသမား(၁၁)ဦး

  ၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်(၁)ကတော့ ယှဉ်ပြိုင်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီတပတ်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်(၁၆)ပွဲထဲက ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေနဲ့ ခြေစွမ်းညံ့ဖျင်းခဲ့တဲ့ ကစားသမားတွေကို Squawka က အခုလိုပဲ ရွေးချယ်ဖော်ပြခဲ့ပါတယ်။ အကောင်းဆုံး (၁၁) ဦး ဂိုး - တာစတီဂန် (ဘာစီလိုနာ) အဓိကအချက်။  ။ ဒေါ့မွန်အသင်းရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့။ ညာနောက်ခံ - ထရစ်ပီယာ (အက်သလက်တီကိုမက်ဒရစ်) အဓိကအချက်။  ။ ဂျူဗင်တပ်စ်နဲ့ပွဲမှာ အက်သလက်တီကိုအတွက် အခွင့်အရေး (၇)ကြိမ်ဖန်တီးပေးခဲ့ပြီး ပွဲစဉ်(၁)မှာ အများဆုံးဖန်တီးနိုင်ခဲ့သူဖြစ်ခဲ့။ နောက်ခံဗဟို - ဟမ်မဲလ် (ဒေါ့မွန်) အဓိကအချက်။  ။ ဘာစီလိုနာနဲ့ပွဲမှာ ဘောလုံးဖြတ်ယူနိုင်မှု...

ဂိုးဝင်ခဲ့ရင် အကောင်းဆုံးသွင်းဂိုးစာရင်းထဲပါလာနိုင်တဲ့ ရော်နယ်လ်ဒိုရဲ့ တကိုယ်တော်ထိုးဖောက်မှု

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ပွဲမှာ တဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ကွာဒရာဒိုနဲ့ မာတွီဒီတို့က ဦးဆောင်ဂိုးတွေသွင်းခဲ့ပေမဲ့ အက်သလက်တီကို နောက်ခံလူတွေဖြစ်တဲ့ ဆာဗစ်နဲ့ ဟာရဲရားတို့က ချေပဂိုးတွေကို နောက်ကလိုက်သွင်းခဲ့လို့ သရေကျခဲ့တာပါ။ အက်သလက်တီကိုအသင်းက ဟာရဲရားရဲ့ ချေပဂိုးသွင်းအပြီး နာကျင်အချိန်ပိုမှာ ဂျူဗင်တပ်စ်အသင်းက အနိုင်ရဖို့ အခွင့်အရေးတခုရခဲ့ပေမဲ့ လွဲချော်ခဲ့ရပါတယ်။ အဲဒါကတော့ တိုက်စစ်မှူး ရော်နယ်လ်ဒိုရဲ့ တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်မှုဖြစ်ပြီး ကန်ချက်က ဂိုးပေါက်နဲ့လွဲသွားခဲ့တာပါ။ အက်သလက်တီကို နောက်ခံလူ (၄)ယောက်လောက်ကို ကျော်ဖြတ်ပြီး ဂိုးဧရိယာထဲမှာ အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ ကန်ချက်က ဂိုးသမား အော့ဘလက်ရဲ့...

ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမပွဲစဉ်တွေထဲက အကောင်းဆုံးဂိုး (၄)ဂိုး

  ၂၀၁၉-၂၀ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမပွဲစဉ်တွေကတော့ ကစားပြီးသွားပါပြီ။ ပွဲစဉ်(၁၆)ပွဲမှာ သွင်းဂိုးပေါင်း (၄၅) ဂိုးကို မြင်တွေ့ခဲ့ကြရပြီး ဂိုးမရှိသရေကျတဲ့ပွဲ (၂)ပွဲပဲရှိခဲ့ကာ ကျန်တဲ့ (၁၄)ပွဲစလုံးမှာ သွင်းဂိုးတွေ တွေ့မြင်ခဲ့ရပါတယ်။ အသင်းလိုက်အနေနဲ့ဆိုရင်တော့ ဂိုးမသွင်းနိုင်တဲ့အသင်း (၁၁)သင်းရှိခဲ့ပြီး ကျန်တဲ့အသင်း (၂၁)သင်းကတော့ ဂိုးသွင်းနိုင်ခဲ့ကြပြီး ရက်ဒ်ဘူးလ်ဆဲလ်ဘတ်အသင်းက (၆)ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ဒီတပတ်ပွဲစဉ်တွေရဲ့ သွင်းဂိုး (၄၅)ဂိုးအနက် UEFA က အကောင်းဆုံးသွင်းဂိုး (၄)ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲကမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ အကောင်းဆုံးဂိုးကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့...

ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီး ဗိုလ်စွဲမယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ မိုက်ကယ်အိုဝင်

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မှာဖြစ်ကြောင်း BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။ မိုက်ကယ်အိုဝင်က မန်စီးတီးနည်းပြဂွာဒီယိုလာဟာ နာမည်ကြီးနည်းပြ အတော်များများ မစွမ်းဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၂)နှစ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ပရီးမီးယားလိဂ်မှာ သူ့အရည်အ ချင်းကို ထပ်မံသက်သေပြဖို့ မလိုတော့တာကြောင့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ကို ပိုမိုအာရုံစိုက်ပြီး အရယူသွား မှာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။ “ ချန်ပီယံလိဂ်မှာ မန်စီးတီး အောင်ပွဲခံချိန် ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်” “...

ဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာ တို့ ထိပ်တိုက်တွေ့နေကြတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ

  ၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ မဲခွဲမှုကတော့ ပြီးဆုံးသွားပါပြီ။ အုပ်စုမဲခွဲမှုနဲ့အတူ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်ခဲ့ပြီး ဥရောပအကောင်းဆုံး အမျိုးသားကစားသမားဆုကို - ဗန်ဒိုက်ခ်ျ (လီဗာပူးလ်) ဥရောပအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို - လူစီဘရွန့်ဇ် (အင်္ဂလန်/လိုင်ယွန်) အကောင်းဆုံးရှေ့တန်းကစားသမားဆုကို - မက်ဆီ (ဘာစီလိုနာ) အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို - ဒီယောင် (အေဂျက်စ်၊ ယခု ဘာစီလိုနာ) အကောင်းဆုံးနောက်တန်းကစားသမားဆုကို - ဗန်ဒိုက်ခ်ျ (လီဗာပူးလ်) အကောင်းဆုံးဂိုးသမားဆုကို - အယ်လီဆန် (လီဗာပူးလ်) တို့က ဆွတ်ခူးသွားခဲ့ကြပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု...

TRENDING NEWS

INSPIRING