Home News Europa League

Europa League

ယူရိုပါလိဂ်မဲခွဲပွဲက အက်ရှ်လေကိုးလ်ရဲ့အဖြစ်ကို အွန်လိုင်းပေါ်မှာ နောက်ပြောင်နေကြ

  ၂၀၁၉-၂၀ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို ဒီနေ့ညနေကပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ရိုးမား၊ ဆီဗီလာ၊ လာဇီယို၊ ပေါ်တို၊ ဝုလ်ဖ်ဘတ်၊ ဝုလ်ဗ်၊ စပို့တင်းလစ္စဘွန်း၊ ဆဲလ်တစ် တို့လို့ အသင်းတွေပါဝင်နေတာကြောင့် ဘောလုံးပရိသတ်တွေစိတ်ဝင်စားမှုမြင့်မားတဲ့ ပွဲတခုဆိုလည်း မမှားပါဘူး။ မဲခွဲပွဲကို ဘောလုံးသမားဘဝကနေ ပူပူနွေးနွေးအနားယူထားတဲ့ အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်လည်း လာရောက် ကူညီပါဝင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အက်ရှ်လေကိုးလ်ရဲ့ အဖြစ်ကို အွန်လိုင်းအသုံးပြုသူတွေက နောက်ပြောင်နေကြတာပါ။ ဘာလို့လည်း ဆိုတော့ အက်ရှ်လေကိုးလ်ဟာ သူတာဝန်ယူရတဲ့ မဲအိုးက နှိုက်ယူလိုက်တဲ့ အသင်းတဝက်လောက်ကို...

မဖြစ်သင့်တဲ့အမှားကြောင့် နာမည်ကြီးနေရပြန်တဲ့ လီဗာပူးလ်ဂိုးသမားဟောင်း ကာရီးယပ်စ်

  လီဗာပူးလ်အသင်းရဲ့ ဂိုးသမားဟောင်း ကာရီးယပ်စ်ကိုတော့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့အတူ အားလုံးမှတ်မိနေကြဦးမှာပါ။ ဗိုလ်လုပွဲမှာ ကြီးမားတဲ့အမှား (၂)ကြိမ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်အသင်းကနေ အငှားထွက်ကစားနေရတဲ့ ကာရီးယပ်စ်ဟာ မနေ့ညကကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း မဖြစ်သင့်တဲ့ အမှားတခုကို ကျူးလွန်လိုက်ပြန်ပါတယ်။   တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်ကို (၂)နှစ်အငှားစာချုပ်နဲ့ရောက်ရှိနေတဲ့ ကာရီးယပ်စ်ဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ဖြစ်တဲ့ ဆလိုဗန်ဘရာတစ်ဆလာဗာနဲ့ပွဲမှာ ပွဲအစ(၁၄)မိနစ်မှာတင် အဖွင့်ဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ ခွင့်ပြုလိုက်ရတဲ့ အဖွင့်ဂိုးက တကယ်ဆို မဖြစ်သင့်တဲ့ဂိုးဖြစ်ပြီး ကာရီးယပ်စ်ရဲ့ အမှားကြောင့်သာ ဂိုးပေးလိုက်ရတယ်ဆိုရင် မမှားပါဘူး။ တဖက်ဂိုးသမား ကန်တင်လိုက်တဲ့ဘောလုံးကို ဘက်ဆစ်တပ်စ်နောက်ခံလူနဲ့ ဆလိုဗန်တိုက်စစ်မှူးတို့ ယှဉ်လိုက်နေချိန်မှာ...

TRENDING NEWS

INSPIRING