Home News Laliga

Laliga

ပေါ့ဂ်ဘာကိုပေးမယ်ဆိုရင် အစ္စကိုနဲ့ဘေးလ် ကြိုက်တာယူဆိုတဲ့ရီးယဲလ်

ရီးယဲလ်အသင်းကတော့ သူတို့ရဲ့ ကစားသမားသစ်ခေါ်ယူမှု စီမံကိန်းတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဒီရာသီအပြောင်းအရွှေ့ရဲ့အဓိက ပစ်မှတ်ဖြစ်လာခဲ့ပြန်ပါတယ်။ Marca သတင်းစာရဲ့ဖော်ပြချက်အရ ရီးယဲလ်နည်းပြ ဇီဒန်းဟာ ပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘေးလ်နဲ့ အစ္စကို တို့ကို ပေးဖို့ အဆင်သင့်ဖြစ်နေပြီး မန်ယူအသင်းအနေနဲ့ သူတို့စိတ်ကြိုက်ကစားသမားကိုခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံ၊ တိုကျိုကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုမှာ မန်ယူအသင်းကနေ ထွက်ခွာချင်ကြောင်း ၀န်ခံသွားခဲ့လို့ ရီးယဲလ်နဲ့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုမိုကျယ်ပြန့်လာခဲ့တာပါ။ မန်ယူအသင်းတာဝန်ရှိသူတွေကတော့ ဘေးလ်ကို တိုက်စစ်အတွက် ခေါ်ယူချင်နေပေမယ့် အပြီးသတ်ခေါ်ယူမှု ပြုလုပ်မယ့်အစား တစ်ရာသီအငှားနဲ့သာ ခေါ်ယူသွားဖို့...

ဘာစီကစားသမားတွေဟာဂရစ်ဇ်မန်းအကြောင်း စကားတောင်မစဘူးလို့အမ်တီတီဖွင့်ဟ

ဘာစီလိုနာနဲ့ ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား အမ်တီတီကတော့ ဘာစီလိုနာအသင်းကို ဂရစ်ဇ်မန်းတစ်ယောက် ပြောင်းရွှေ့လာမယ်ဆိုတဲ့သတင်းတွေအပေါ် သံသယရှိနေသူပါ။ အက်သလက်တီကိုကနေ ဂရစ်ဇ်မန်းတစ်ယောက် ထွက်ခွာတော့မယ်လို့ ကြေညာပြီးတဲ့နောက် မီဒီယာတွေက ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကို သေချာပေါက်ရောက်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ကြပေမယ့် အမ်တီတီဆီမှာတော့ သူတို့နဲ့ ကွဲပြားတဲ့အမြင်တွေရှိခဲ့တာပါ။ အဲဒါကလည်း ဘာစီလိုနာအသင်းဖော်တွေကြောင့်ပါပဲ။ “သူ ဘာစီလိုနာကိုရောက်လာမလား? တကယ့်ကိုကောင်းတဲ့မေးခွန်းပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ဘာစီလိုနာကစားသမားတွေရဲ့အ၀တ်လဲခန်းထဲမှာ ဂရစ်ဇ်မန်းရဲ့နာမည်ကို လုံးဝကိုမကြားခဲ့ရတာပါ။ ပုံမှန်အားဖြင့်တော့ ကစားသမားသစ်တစ်ယောက် ရောက်လာတော့မယ်ဆိုရင် သူတို့က အဲဒီကစားသမားအကြောင်း ပြောလေ့ရှိကြပေမယ့် ဒီတစ်ကြိမ်မှာတော့ အ၀တ်လဲခန်းထဲမှာ ဂရစ်ဇ်မန်းရဲ့နာမည်ကို ဘယ်သူမှ မပြောကြဘူး။...

ချယ်လ်ဆီးအသင်းမှာစပိန်ကစားသမားတွေပဲ သူ့ကိုဘောလုံးပေးကြတယ်လို့မိုရာတာပြော

ချယ်လ်ဆီးအသင်းကနေ အက်သလက်တီကိုအသင်းကို အငှားနဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မိုရာတာ က ချယ်လ်ဆီးအသင်းမှာ ကစားခဲ့စဉ်တုန်းက စပိန်ကစားသမားတွေကလွဲလို့ တခြားကစားသမားတွေဟာ သူ့ကိုဘောလုံးပေးမကစားကြဘူးလို့ စွပ်စွဲလိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းမှာ နေရာမရဖြစ်ခဲ့ပြီးတဲ့နောက် အက်သလက်တီကို ဆီ အငှားနဲ့ရောက်ရှိလာခဲ့ပြီး (၂၀၂၀)ခုနှစ်အထိ အက်သလက်မှာ ဆက်ရှိနေတော့မှာပါ။   Chelsea loanee Alvaro Morata wishes to finish career at boyhood club Atletico Madrid https://t.co/ZsthVg409i pic.twitter.com/8TrBrjCwbT — Cleansheet (@Cleansheet) May...

ဂရစ်ဇ်မန်းရဲ့စာချုပ်လျော်ကြေးကိုယူရိုသန်း(၈၀)တောင် လျော့ပေးလိုက်တဲ့အက်သလက်

ဂရစ်ဇ်မန်းတစ်ယောက် အက်သလက်တီကိုကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီးတဲ့နောက်မှာ အက်သလက်အသင်းရဲ့တာဝန်ရှိသူတွေဟာ ဂရစ်ဇ်မန်းကို တကယ်ပဲ စိတ်ကုန်သွားကြပုံပေါ်ပါတယ်။ သူတို့က ကစားသမားကို အသင်းမှာ ဆက်ရှိနေအောင် ကြိုးစားဖို့ထက် တခြားအသင်းဆီ ရောင်းချဖို့ကိုသာ အာရုံစိုက်လာကြတာပါ။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာတစ်ခုရှိလာတာက ဂရစ်ဇ်မန်းရဲ့စာချုပ်လျော်ကြေးပါ။ အက်သလက်တီကိုဟာ ဂရစ်ဇ်မန်းကို သူတို့သဘောနဲ့သူတို့ ရောင်းချခြင်းမပြုသေးသရွေ့ ဂရစ်ဇ်မန်းဟာ အသင်းကနေ ထွက်ခွာဖို့မဖြစ်နိုင်သေးပါဘူး။ တကယ်လို့ ခေါ်ယူချင်တဲ့အသင်းတွေရှိနေတယ်ဆိုရင်လည်း စာချုပ်လျော်ကြေးပေးပြီး ခေါ်ရမှာပါ။ ဂရစ်ဇ်မန်းနဲ့ အက်သလက်အသင်းဟာ စာချုပ်သက်တမ်း(၄)နှစ်ရှိနေသေးပြီး အက်သလက်တီကိုက ဂရစ်ဇ်မန်းရဲ့စာချုပ်လျော်ကြေးကိုယူရိုသန်း(၂၀၀)လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဆိုလိုချင်တဲ့သဘောက ဂရစ်ဇ်မန်းကို ခေါ်ချင်သပဆိုရင် ယူရိုသန်း(၂၀၀)သာ...

အကောင်းဆုံးသွင်းဂိုးဗီဒီယိုတွေနဲ့အတူ ဂျိုဗစ်ကိုကြိုဆိုလိုက်တဲ့ ရီးယဲလ်

ရီးယဲလ်အသင်းကတော့ ဖရန့်ဖတ်အသင်းတိုက်စစ်မှူး ဂျိုဗစ်ကို ပေါင် (၅၈)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာပြီးတဲ့နောက်မှာ ဂျိုဗစ်ရဲ့ အကောင်းဆုံးသွင်းဂိုး ဗီဒီယိုတွေကို သူတို့ရဲ့တွစ်တာကနေ ဆက်တိုက် ဖော်ပြသွားခဲ့ပါတယ်။ ရီးယဲလ်ကိုရောက်သွားပြီလို့ အစောပိုင်းကတည်းက သတင်းတွေထွက်နေခဲ့ပေမယ့် မီဒီယာတွေဟာ အပြောင်းအရွှေ့အတွက် အတည်မပြုနိုင်သေးသလို ရီးယဲလ်အသင်းကလည်း တရားဝင်ကြေညာမှု မလုပ်နိုင်သေးလို့ ဂျိုဗစ်တစ်ယောက် ရောက်မှရောက်ပါရဲ့လားလို့ ပရိသတ်တွေက သံသယရှိနေခဲ့ကြတာပါ။ https://twitter.com/i/status/1135892699880538113 အခုတော့ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ရီးယဲလ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ရီးယဲလ်အသင်းက သူတို့ရဲ့တွစ်တာပေါ်မှာ ပြီးခဲ့တဲ့ (၂၄)နာရီအတွင်း ဂျိုဗစ်ရဲ့ သွင်းဂိုး ဗီဒီယို (၃)ခုအထိ တင်သွားခဲ့ကာ ပရိသတ်တွေအကြိုက်ဆုံးကတော့...

ခရိုအေးရှားဂျာစီကြီးကို ပုံတူကူးထားတယ်ဆိုတဲ့ ဘာစီလိုနာရဲ့ဂျာစီဒီဇိုင်းသစ်

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီမှာ ၀တ်ဆင်မယ့် ဂျာစီသစ်ကို သူတို့ရဲ့ တရားဝင် ၀က်ဆိုက်ကတစ်ဆင့် ကြေညာသွားခဲ့ပြီး ပရိသတ်တွေအတွက်တော့ ဒီ ဂျာစီဒီဇိုင်းကြီးက စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ အပြာနဲ့အနီရောင်ကို အကွက်တွေအဖြစ် ဒီဇိုင်းထွင်ထားပြီး လည်ပင်းနားမှာ ကတ်တလန်အလံပုံစံအစင်းကြောင်းတွေနဲ့ ပုံဖော်ထားတဲ့ အိမ်ကွင်းဂျာစီဟာ ခရိုအေးရှားအသင်းရဲ့ ဂျာစီဒီဇိုင်းကြီးကို ခိုးချထားသလိုဖြစ်နေပြီး စိတ်ပျက်စရာကြီးလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပါ။ https://twitter.com/i/status/1135592249952210946 ဘာစီလိုနာအသင်းပရိသတ်တွေရဲ့အကြိုက်ဆုံးဂျာစီဒီဇိုင်းတွေက (၂၀၀၈/၀၉) တုန်းက ၀တ်ဆင်ခဲ့တဲ့ အိမ်ကွင်းဂျာစီနဲ့ (၂၀၁၂/၁၃) ဘောလုံးရာသီမှာ ၀တ်ဆင်ခဲ့တဲ့ ဂျာစီဒီဇိုင်းတွေ ဖြစ်တယ်လို့ ပရိသတ်တွေက တစ်ညီတညွတ်တည်း မဲပေးခဲ့ကြတာပါ။ (၁၉၇၈)ခုနှစ်ကစလို့ ဘာစီလိုနာရဲ့ ဂျာစီဒီဇိုင်းတွေဟာ အနီရောင်နဲ့...

ဘာစီလိုနာကိုပြောင်းဖို့အရေး မက်ဆီတို့ရဲ့ဆုံးဖြတ်ချက်ကို ဂရစ်ဇ်မန်းစောင့်နေရရှာ

ဂရစ်ဇ်မန်းက အက်သလက်တီကိုကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးပါပြီ။ သူ့ရဲ့အတွေးထဲမှာတော့ သူ့ရဲ့ဂိုးသွင်းနှုန်း၊ တိုက်စစ်ကစားပုံနဲ့ဆိုရင် ဘာစီလိုနာအသင်းဟာ သူ့ကိုသေချာပေါက်ခေါ်လိမ့်မယ်လို့ တွက်ထားခဲ့ပုံပါပဲ။ တကယ်လည်း ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက ဂရစ်ဇ်မန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ထင်မှတ်မထားတဲ့အခက်အခဲတွေ ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ဘာစီလိုနာအသင်းရဲ့ စီနီယာ ကစားသမားတွေပါ။ ဘာစီလိုနာအသင်းမှာတော့ မက်ဆီ ဦးဆောင်တဲ့ စီနီယာကစားသမားတွေဟာ နည်းပြထက်တောင် သြဇာကြီးပြီး ကွင်းအတွင်းက လူစာရင်းကိုတောင် မထင်ရင် မထင်သလို ပြောင်းနိုင်စွမ်းရှိကြသူတွေပါ။ အန်ဒရီဂိုမက်ဇ်တစ်ယောက် ဘာစီလိုနာက အငှားချခံခဲ့ရတာ၊ အယ်လ်ကာဆာတစ်ယောက် ဒေါ့တ်မွန်ကို အငှားချခံရတာ စတာတွေက မက်ဆီတို့လက်ချက်ပဲဖြစ်တယ်လို့...

ပေါ့ဂ်ဘာနဲ့ဟာဇက်အ၀င်၊ဂါရက်ဘေးလ်ထွက်သွားမယ့် ရီးယဲလ်ရဲ့အပြောင်းအရွှေ့စီမံကိန်း

ဒီရာသီမှာ ကစားသမားခေါ်ယူမှု ကြီးကြီးမားမား ပြုလုပ်သွားမယ်ဆိုတဲ့ ရီးယဲလ်အသင်းက လက်ရှိအချိန်အထိ ကစားသမားခေါ်ယူတွေမှာ အကောင်အထည်မဖော်နိုင်သေးပဲ ဆွေးနွေးနေဆဲအဆင့်တွေမှာပဲ ရှိနေသေးတာပါ။ ဖရန့်ဖတ်တိုက်စစ်မှူး ဂျိုဗစ် ကို အပြီးသတ်ခေါ်နိုင်ပြီလို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အတည်မပြုနိုင်သေးတဲ့အဆင့်မှာပဲ ရှိနေခဲ့တာပါ။ ရီးယဲလ်အသင်း အပြောင်းအရွှေ့ကို ဘယ်လိုအကွက်ရွှေ့နေလဲ ကြည့်ရအောင် ဂိုး ရီးယဲလ်အသင်းရဲ့ ဂိုးပေါက်အတွက် ကော့တွိုက်စ်၊ ကေလာနာဗက်စ်နဲ့ ဇီဒန်းရဲ့သားဖြစ်သူ လူကာဇီဒန်း တို့ရှိနေကြပါတယ်။ ဇီဒန်းဟာ ကော့တွိုက်စ်ထက်စာရင် နာဗက်စ်ကို ပိုကြိုက်သူဖြစ်ပြီး ပွဲထွက်ခွင့်တွေ ပေးခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ရီးယဲလ်ရဲ့ပွဲစဉ်တွေမှာ ကော့တွိုက်စ်ကိုပဲ ပြန်တွေ့လာရတာပါ။ ဒါ့အပြင် လာမယ့်ရာသီမှာ...

ဂရစ်ဇ်မန်းကိုမခေါ်ပဲ ဆာနေးကိုခေါ်ဖို့ တာဝန်ရှိသူတွေကို မက်ဆီအကြံပေး

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကတော့ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူမယ့်အစား မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ခေါ်ယူတာက အသင်းအတွက်ပိုပြီး အကျိုးရှိလိမ့်မယ်လို့ တာဝန်ရှိသူတွေကိုတိုက်တွန်းလိုက်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အက်သလက်တီကိုက ထွက်ခွာလာမယ့် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကိုရောက်မယ်ဆိုတဲ့သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အားလုံးက ညှိနှိုင်းနေကြဆဲပါ။ ဂရစ်ဇ်မန်းကို ဘာစီလိုနာက ဆက်သွယ်နေသလို မန်ယူအသင်းကလည်း ပေါင်သန်း(၁၀၀)ကျော်သုံးပြီး ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေတာကြောင့် အပြောင်းအရွှေ့ဟာ ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကတော့ အသင်းရဲ့တိုက်စစ်လိုအပ်ချက်ကို ကြည့်မယ်ဆိုရင် ဂရစ်ဇ်မန်းထက် မန်စီးတီးရဲ့ဆာနေးက ပိုပြီးသင့်တော်မယ်လို့ အကြံပြုလိုက်ပါတယ်။ မက်ဆီက ဂရစ်ဇ်မန်းရဲ့အသက်အရွယ်ကို ထောက်ပြခဲ့ပြီး အသက်...

အက်သလက်တီကိုအတွက် နောက်ဆုံးအထိရှင်သန်မယ့်သူဟာ ကိုကီ လား

အက်သလက်တီကိုအသင်း ပရိသတ်တွေအတွက်တော့ ဒီနှစ်က စိတ်ခံစားမှုတွေ မြင့်တက်မယ့် နှစ်တစ်နှစ်ပါ။ ဘာကြောင့်လဲဆိုတော့ အသင်းကို အချိန်အကြာကြီးပေးဆပ်ခဲ့ကြတဲ့ ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားကြမှာမို့ပါပဲ။ အသင်းရဲ့အမာခံကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ ဂျူအန်ဖရန်၊ ဖိလစ်ပီလူးဝစ္စ၊ ဂိုဒင် တို့ဟာ အသင်းကနေ ထွက်ခွာကြတော့မှာဖြစ်သလို အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်းကလည်း အသင်းကနေ ထွက်ခွာသွားတော့မှာပါ။ ဒီအခြေအနေမှာ တွစ်တာပေါ်ကို ဓာတ်ပုံတစ်ပုံတက်လာခဲ့ပါတယ်။ အဲဒီဓာတ်ပုံက (၂၀၁၄)ခုနှစ်တုန်းက ရီးယဲလ်နဲ့ အက်သလက်တို့ကစားခဲ့တဲ့ စူပါကိုပါ ဖလားပွဲစဉ်က လူစာရင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ရီးယဲလ်ကို အနိုင်ရခဲ့တဲ့ အဲဒီလူစာရင်းမှာ အခုဆိုရင် ကိုကီ...

TRENDING NEWS

INSPIRING