Home News Local News

Local News

မြန်မာ ယူ(၁၆)အမျိုးသမီးအသင်းရဲ့ ကစားသမားအလှအပလေးတွေ

မန္တလေးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ (၂၇)ကစလို့ မတ်လ (၃)ရက်နေ့အထိ အာရှယူ(၁၆) ချန်ပီယံရှစ် ခြေစစ်ပွဲကို ကျင်းပတော့မှာပါ။ အဲဒီပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ(၁၆)အသင်းလည်း ပါဝင်လာမှာဖြစ်ပြီး စုစုပေါင်း ကစားသမား (၂၃) ဦးပါဝင်လာတာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် တရုတ်အသင်း ၊ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းတို့နဲ့ ယှဉ်ပြိင်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး အပြည့်အ၀ ရှိနေပါတယ်။ မြန်မာဘောလုံးပရိသတ်တွေအတွက်ကတော့ အမျိုးသားအသင်းတွေထက်စာရင် အမျိုးသမီးအသင်းတွေက ကြည့်ရတာ ပိုစိတ်ချမ်းသာရပြီး နိုင်ပွဲတွေလည်း ပိုရနေတာကို မြင်တွေ့ခဲ့ရတာမို့ ဒီတစ်ခေါက်မှာလည်း...

မှောင်ခိုလက်မှတ်တွေမ၀ယ်ဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် သတိပေးနေ

ဒီနေ့ညနေ (၆) နာရီမှာ ကစားကြမယ့် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဆူဇူကီးဖလားပွဲလက်မှတ်တွေကို ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်းနဲ့ လက်မှတ်ကုန်သွားပြီဆိုတဲ့ စကားတွေကို မယုံကြဖို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ Facebook စာမျက်နှာကနေပြီး အသိပေးနေပါတယ်။ မြန်မာပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်း (၁၀၀၀၀)လောက်ရောင်းချပေးသွားမှာဖြစ်ကြောင်းနဲ့ လက်မှတ်ကုန်သွားပြီဆိုတဲ့ စကားတွေကို မယုံကြပါနဲ့ဆိုပြီး ဘောလုံးအဖွဲ့ချုပ်က ပရိသတ်တွေကို အသိပေးနေတာပါ။ သုဝဏ္ဏဘောလုံးကွင်းနဲ့ အနီးတ၀ိုက်မှာ မှောင်ခိုလက်မှတ်ရောင်းချနေသူတွေအများအပြားရှိနေပြီး သူတို့က လက်မှတ်လာရောက်ဝယ်သူတွေကို လက်မှတ်ကုန်သွားပြီလို့ သတင်းမှားတွေ ပေးနေခဲ့တာပါ။ သုဝဏ္ဏကွင်းမှာ ကစားကြမယ့်ပွဲစဉ်အတွက် ရိုးရိုးတန်းနဲ့ အထူးတန်းလက်မှတ်တွေကို နေရာ (၄) နေရာခွဲပြီး မနက် (၁၀)နာရီအချိန်ကနေ...

အောင်သူ ပွဲမထွက်ဘူးဆိုရင် လာအို ကို မြန်မာနိုင်ပါ့မလား

လာအိုအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူးအောင်သူနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေကြားသွားခဲ့တဲ့ မြန်မာနည်းပြ အန်တိုနီဟေး ကြောင့် မြန်မာပရိသတ်တွေဆီမှာ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။ လာအိုအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ပွဲစဉ်ဟာ ဒီနေ့ မြန်မာစံတော်ချိန် ည (၇း၀၀) နာရီအချိန်မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေရဲ့ အဓိက မေးခွန်းက အောင်သူသာ ပွဲမထွက်ဘူးဆိုရင် မြန်မာနိုင်ပါ့မလား ဆိုတဲ့မေးခွန်းပဲဖြစ်ပြီး တိုက်စစ်မှူးအောင်သူဟာ အသင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို သူတို့ နားလည်ထားကြပါတယ်။ ကမ္ဘောဒီးယားအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အောင်သူက ဒုတိယပိုင်းမှာသာ ၀င်ရောက်ကစားခဲ့တာဖြစ်ပြီး သူဝင်ရောက်လာတဲ့အချိန်မှာမှ...

မြန်မာအသင်းရဲ့ဆူဇူကီးပွဲစဉ်မှာ ပရိသတ်တွေသိချင်ခဲ့ကြတဲ့ မန္တလေးသူအလှပဂေးလေး

နိုဝင်ဘာ (၁၂) ရက်က ကျင်းပခဲ့တဲ့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းက (၁-၄) ဂိုးနဲ့ အနိုင်ရရှိခဲ့တာကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အဲဒီပွဲစဉ်နဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တွေ မသိလိုက်သေးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာအသင်းရဲ့ ပွဲစဉ်ကို လာရောက်အားပေးနေတဲ့ VIP ခန်းထဲက မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်ပါပဲ။ မြန်မာအသင်းကစားသမားတွေ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တဲ့အချိန်ရဲ့ မရှေးမနှောင်းမှာပဲ အသင်းပွဲကြည့်စင်ရဲ့ VIP Lounge မှာ ထိုင်ပြီး မြန်မာအသင်းကို အားပေးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံက...

မြန်မာနဲ့ကမ္ဘောဒီးယားအသင်းပွဲစဉ်ကို မြန်မာ့အသံ(MRTV)မှာပြမယ်

ဒီနေ့ညနေ (၆) နာရီမှာ ယှဉ်ပြိုင်ကစားကြမယ့် (၂၀၁၈) ၊ ဆူဇူကီးဖလား၊ အုပ်စုပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့ MRTV Sports Channel တွေမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ MRTV ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဒီအကြောင်းကို ဖော်ပြထားတာဖြစ်ပြီး ညနေ (၅)နာရီ (၁၅) မိနစ်ကစလို့ ပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားကနေ စပြီး တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ရေးသားထားခဲ့တာပါ။ မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပမယ့် ဒီပွဲစဉ်ကို SkyNet က...

ဆူဇူကီးဖလားပွဲမှာ မြန်မာအသင်းအတွက် သူရဲကောင်းက အောင်သူဖြစ်လာမလား??

မကြာခင် ကျင်းပတော့မှာဖြစ်တဲ့ (၂၀၁၈) ဆူဇူကီးဖလားပွဲစဉ်ရဲ့ အုပ်စုအဖွင့်ပွဲအဖြစ် မြန်မာအသင်းဟာ နိုဝင်ဘာ (၁၂) ရက်နေ့မှာ ကမ္ဘာဒီးယားအသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။ အဲဒီနောက် (၁၆) ရက်နေ့မှာတော့ လာအို၊ (၂၀) ရက်နေ့မှာ ဗီယက်နမ် ၊ (၂၄)ရက်နေ့မှာ မလေးရှားတို့နဲ့ ကစားရမှာပါ။ ကမ္ဘာဒီးယားနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်တွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး လာအိုနဲ့ မလေးရှားအသင်းတို့ရဲ့ ပွဲစဉ်တွေကိုတော့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်က ကျင်းပခဲ့တဲ့ ဆူဇူကီးဖလားပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပြီး အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကိုရောက်ရှိသွားခဲ့တာပါ။...

TRENDING NEWS

INSPIRING