Home News Page 2

News

ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလအတွက် အကောင်းဆုံးသွင်းဂိုး ဆန်ခါတင်စာရင်း

  စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမားဆုတွေအတွက် ဆန်ခါတင်စာရင်းတွေထွက်လာအပြီးမှာ အကောင်းဆုံးသွင်းဂိုးဆု အတွက်လည်း ဆန်ခါတင်စာရင်းထွက်ရှိလို့ လာပါပြီ။ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်ဂိုး (၈)ဂိုးကိုရွေးချယ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုး(၂)ဂိုးပါဝင်ခဲ့ကာ လီဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဘန်လေ၊ လက်စတာ နဲ့ ဝက်စ်ဟမ်းတို့က သွင်းဂိုး(၁)ဂိုးစီပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ဂျီထရိုဝီလျံစ် (နယူးကာဆယ်) လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲက သွင်းဂိုးပါ။ ဂိုးဧရိယာထဲကနေ အဝေးထောင့်ကို လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။   ICYMI: @JetroWillems_15's brilliant goal for Newcastle United at @LFC has been...

Presenter ကို အင်္ကျီချွတ်ပြဖို့ သံပြိုင်အော်ကြတဲ့ အီတလီက ငဆိုးပရိသတ်တွေ

  ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက နာပိုလီနဲ့ ဘရက်စီယာတို့ကစားခဲ့တဲ့ စီးရီးအေပွဲမစခင်မှာ နာပိုလီပရိသတ်တွေဟာ စိတ်ပျက်စရာကောင်းတဲ့ အပြုအမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ နာပိုလီနဲ့ ဘရက်စီယာတို့ပွဲကို နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ Diletta Leotta တယောက်လာရောက်သတင်းရယူခဲ့ပြီး နာပိုလီပရိသတ်တွေဟာ သူမကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အပြောအဆိုတွေနဲ့ အော်ဟစ်ခဲ့ကြတာပါ။ အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုတခုအရဆိုရင်တော့ ပရိသတ်တွေဟာ Leotta ပွဲကြည့်စဉ်ရှေ့က ဖြတ်လျှောက်သွားချိန်မှာ ‘fuori le tette’ လို့ အော်ဟစ်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျဉ်းအဓိပ္ပါယ်ကတော့ ‘မင်းရဲ့ အင်္ကျီတွေကို ချွတ်လိုက်’ လို့ အော်ဟစ်ခဲ့ကြတာပါ။ Leotta ကတော့ ဒီအခြေအနေကို စိတ်ပျက်သွားပုံရပေမဲ့ ပရိသတ်တွေရှေ့မှာ...

ဗန်ဒိုက်ခ်ျ၊ မက်ဂွိုင်းယားတို့ထက် ဂိုးမပေးရတဲ့ပွဲပိုများနေပြီဖြစ်တဲ့ မူစတာဖီ

  ခြေစွမ်းမတည်ငြိမ်မှုနဲ့ အမှားများမှုကြောင့် အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်က troll နေကြ နောက်ခံလူ မူစတာဖီဟာ ဒီရာသီမှာ သူပါဝင်ကစားတဲ့ပွဲတိုင်း ဂိုးမပေးရသေးပါဘူး။ မူစတာဖီဟာ ရာသီမစခင်က နည်းပြအမ်မရီရဲ့ အသင်းကထွက်ခွာခွင့်ပြုမယ်လို့ ဖွင့်ပြောခဲ့ရတဲ့ကစားသမားဖြစ်ပြီး အသင်းမပြောင်းဖြစ်ဘဲဆက်ရှိနေခဲ့တာပါ။ မူစတာဖီဟာ အာဆင်နယ် အသင်းမှာ ဒေးဗစ်လုဇ်၊ ဆိုကရာတစ်၊ ဟိုးလ်ဒင်းတို့ရဲ့နောက် စတုတ္ထဦးစားပေးနောက်ခံလူအဖြစ် သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ်မှာ အခုထိ မကစားရသေးပါဘူး။   Shkodran Mustafi has kept more clean sheets (3) than Virgil van Dijk this season...

စက်တင်ဘာတလတာအကောင်းဆုံး ဆန်ခါတင်စာရင်းဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ

  စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား (၈)ဦးစာရင်းကို ဒီနေ့ပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေကတော့ အာနိုးလ်၊ အူဘာမီယန်၊ ဒီဘရိုင်းနား၊ မာရက်ဇ်၊ မက်ဂင်း၊ ရီကာဒိုပါရဲရား၊ ဆွန်ဟောင်မင် နဲ့ ကူလန်ဝီလ်ဆင် တို့ ဖြစ်ကြပါတယ်။   Time to crown September's #PL POTM👑 Vote for your winner now 👉 https://t.co/p5a7hHYUWi #FUT #FIFA20 @premierleague pic.twitter.com/IgvE1tNzZv — EA SPORTS FIFA (@EASPORTSFIFA)...

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ရဲ့ ဆန်ခါတင် အကောင်းဆုံးသွင်းဂိုး(၄)ဂိုး

  ၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၂)ကို အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်(၁၆)ပွဲမှာ သွင်းဂိုး (၅၂)ဂိုးသွင်းယူခဲ့ကြပါတယ်။ သွင်းဂိုးအများဆုံးသွင်းခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး စပါးကို (၇)ဂိုးသွင်းခဲ့တာပါ။ ပွဲစဉ်(၁၆)ပွဲမှာ ဂျန့်နဲ့ နာပိုလီတို့ပွဲတပွဲပဲ ဂိုးမရှိသရေကျခဲ့ပြီး ကျန်ပွဲတွေအားလုံးမှာ ဂိုးတွေမြင်တွေ့ခဲ့ရပါတယ်။ ဂိုးမသွင်းနိုင်တဲ့အသင်းကတော့ (၉)သင်းရှိခဲ့ပြီး ဂါလာတာစာရေး-PSG ၊ ဂျန်-နာပိုလီပွဲတွေကလွဲရင် ကျန်တဲ့ပွဲတွေမှာ သွင်းဂိုး အနည်းဆုံး(၂)ဂိုးနဲ့အထက် ရှိခဲ့ပါတယ်။ ဒီတပတ်ရဲ့သွင်းဂိုး (၅၂)ဂိုးထဲကနေ UEFA က ဆန်ခါတင်အကောင်းဆုံးသွင်းဂိုး(၄)ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲကမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ အကောင်းဆုံးဂိုးကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံးသွင်းဂိုး...

ပြိုင်ဘက်ကို တပွဲတည်း (၅၆)ဂိုးသွင်းခဲ့တဲ့ ဖလာမင်ဂိုအမျိုးသမီးအသင်း

  ပြီးခဲ့တဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အမေရိကန်အသင်းဟာ ထိုင်းအသင်းကို (၁၃-၀)ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုပွဲကတော့ အဲဒီပွဲထက် ဂိုးအရေအတွက် (၄)ဆ ကျော်သွင်းခဲ့တာပါ။ စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးလ်ပြည်တွင်းက Rio State League ပြိုင်ပွဲမှာ ဖလာမင်ဂိုအမျိုးသမီးအသင်းဟာ ဂရီမင်ဟိုအမျိုးသမီးအသင်းကို (၅၆-၀)ဆိုတဲ့ ဂိုးအရေအတွက်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ (၁)မိနစ်ခွဲကို တဂိုးနီးပါးသွင်းယူခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒါဟာ အမျိုးသမီးဘောလုံးပွဲတပွဲမှာ ဂိုးအပြတ်ဆုံးပွဲစဉ်ဖြစ်နိုင်ပြီး ဂင်းနစ်စံချိန်ဝင်နိုင်မလား စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ အဆင့်အတန်းကနိမ့်ပါးလွန်းလို့ ဒီပွဲကို အသိအမှတ် အပြုခံရဖို့တော့ မလွယ်ဘူးလို့လည်း သတင်းတွေက...

အောက်တိုဘာ(၂)ရက်နေ့အတွက် နောက်ဆုံးရအားကစားသတင်းများ

  မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့ရာသီမစခင်မှာ ကစားသမား(၄)ဦးအထိ အားဖြည့်ဖို့ပြင်ဆင်နေပြီး တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ခံအစွန်လူ တဦးခေါ်ယူမယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ မန်ယူနိုက်တက်အသင်းဟာ လိုင်ယွန်က ဒမ်ဘီလီ၊ ဒေါ့မွန်က ဆန်ချို၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်၊ လက်စတာက မက်ဒီဆင် နဲ့ ချစ်ဝဲလ်တို့ကို အဓိကထားကြိုးပမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။   United target four signings in next two transfer windows #mufc https://t.co/u8vSohHIbL — Man United News (@ManUtdMEN)...

စက်တင်ဘာလအတွက် ဥရောပထိပ်သီးလိဂ်တွေက စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား (၁၁)ဦး

  ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အဓိကအမှတ်ပေးတဲ့ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Whoscored က စက်တင်ဘာလအတွင်း စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား(၁၁)ဦးကို ရွေးချယ်ခဲ့ပြီး ဘယ်သူတွေပါဝင်ခဲ့သလိုဆိုတာကို SportsAhtar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဂိုး - စတက်ဖန် (ဒက်ဆယ်လ်ဒေါ့ဖ်) မန်စီးတီးအသင်းကနေ အငှားချထားတဲ့ ဂိုးသမား ဇက်စတက်ဖန်ဟာ စက်တင်ဘာလအတွင်းမှာ ဒက်ဆယ်လ်ဒေါ့ဖ်အသင်းအတွက် ပယ်နယ်တီကာကွယ်မှု တခုအပါအဝင် ဂိုးပေါက်ကာကွယ်မှု (၂၁)ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားတဦးဖြစ်ပါတယ်။ ညာနောက်ခံလူ - ရီကာဒိုပရဲရား (လက်စတာ) လက်စတာအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ညာနောက်ခံလူဟာ အသင်းအတွက် အိမ်ကွင်း(၂)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို၊ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ ဘောလုံးဖျက်ထုတ်မှုပေါင်း (၁၃)ကြိမ်...

လိုကိုမိုးတစ်မော်စကိုနဲ့ပွဲက အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှု

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲဖြစ်တဲ့ လိုကိုမိုးတစ်မော်စကိုနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ပွဲမှာ အက်သလက်တီကိုအသင်းက (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဂိုးတွေကိုတော့ ယာအိုဖီးလစ်နဲ့ သောမတ်စ်ပါတေတို့က ဒုတိယပိုင်းမှာ သွင်းခဲ့ကြတာပါ။ ဒီပွဲမှာ အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှုတခုက အင်တာနက်မှာ နာမည်ကြီးနေပါတယ်။ အက်သလက်တီကိုအသင်းက ဖိကစားနေချိန်မှာ လိုကိုမိုးတစ်အသင်းက ကောင်တာပေါက်ပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒီအချိန်မှာ အက်သလက်တီကိုနောက်တန်းမှာ ကစားသမား (၁)ဦးပဲ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုကစားသမား (၇)ဦးလောက်ဟာ နောက်တန်းကို အားကုန်ထုတ်ပြီး ပြန်ဆင်းပြေးကာ လိုကိုမိုးတစ်ရဲ့ ကောင်တာကို ကာကွယ်ဖို့ကြိုးစားတာကို တွေ့ရတာပါ။ အက်သလက်တီကိုကစားသမားတွေရဲ့...

အာဆင်နယ်ပရိသတ်တွေ လွမ်းအောင်လုပ်လိုက်ပြန်တဲ့ ဂနာဘရီ

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ ဧည့်သည် ဘိုင်ယန်အသင်းက အိမ်ရှင်အသင်းကို (၇-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းက ဂျာမနီကစားသမား ဆာ့ခ်ျဂနာဘရီက တဦးတည်း (၄)ဂိုးသွင်းယူခဲ့ပါတယ်။ ဒီလို ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကလပ်အသင်းတွေကို တဦးတည်း (၄)ဂိုးသွင်းနိုင်ခဲ့တာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီပြီးရင် ဂနာဘရီက ဒုတိယကစားသမား ဖြစ်လာခဲ့ပါပြီ။ ဂနာဘရီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းမှာစတင်ခဲ့တာဖြစ်ပြီး အခုလို ခါးသီးတဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းဘက်ကို (၄)ဂိုး သွင်းပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို လက်ခံရရှိနေပါတယ်။ ဒါကို...

TRENDING NEWS

INSPIRING