Home News Series A

Series A

ဟိုင်ဆာ့ခ်ျကို ဒဏ်ရာကြီးကြီးမားမားဖြစ်စေမဲ့အရေးကကာကွယ်ပေးခဲ့တဲ့ အန်ဆယ်လ်ဒီ

  ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘောလုံးသမား (၂)ယောက်ဟာ WWE ထဲကလိုအကွက်တွေနဲ့ ရန်ဖြစ်နေတယ်လို့ ထင်စရာကြီးပါ။ ဒါပေမဲ့ တကယ်က အခုလိုဖြစ်ခဲ့လို့ဟာ နာပိုလီကစားသမား ဟိုင်ဆာ့ခ်ျအနေနဲ့ လည်ပင်းကျိုးမဲ့ဒဏ်က လွတ်ကင်းခဲ့တာလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့အပတ်က တိုရီနိုနဲ့ နာပိုလီတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲချိန် (၃၄)မိနစ်မှာ ဟိုင်ဆာ့ခ်ျဒဏ်ရာရခဲ့လို့ ထမ်းစင်နဲ့သယ်ထုတ်ခဲ့ရပါတယ်။ တကယ်လို့သာ တိုရီနိုကစားသမား အန်ဆယ်လ်ဒီက အကျမှာ အနည်းငယ်လောက်ဖမ်းမထိန်းပေးခဲ့ဘူးဆိုရင် ဟိုင်ဆာ့ခ်ျရဲ့ဒဏ်ရာက အခုထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်လို့ သိရပါတယ်။ ဒါတောင်မှ ဟိုင်ဆာ့ခ်ျဟာ လည်ပင်းမှာ အရိုးအနည်းငယ်အက်သွားတယ်လို့သိရပြီး ဘယ်လောက်အနားယူရမယ်ဆိုတာ မသိရသေးဘူးလို့သိရပါတယ်။ ဒီဒဏ်ရာကြောင့် ဟိုင်ဆာ့ခ်ျဟာ...

Presenter ကို အင်္ကျီချွတ်ပြဖို့ သံပြိုင်အော်ကြတဲ့ အီတလီက ငဆိုးပရိသတ်တွေ

  ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက နာပိုလီနဲ့ ဘရက်စီယာတို့ကစားခဲ့တဲ့ စီးရီးအေပွဲမစခင်မှာ နာပိုလီပရိသတ်တွေဟာ စိတ်ပျက်စရာကောင်းတဲ့ အပြုအမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ နာပိုလီနဲ့ ဘရက်စီယာတို့ပွဲကို နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ Diletta Leotta တယောက်လာရောက်သတင်းရယူခဲ့ပြီး နာပိုလီပရိသတ်တွေဟာ သူမကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အပြောအဆိုတွေနဲ့ အော်ဟစ်ခဲ့ကြတာပါ။ အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုတခုအရဆိုရင်တော့ ပရိသတ်တွေဟာ Leotta ပွဲကြည့်စဉ်ရှေ့က ဖြတ်လျှောက်သွားချိန်မှာ ‘fuori le tette’ လို့ အော်ဟစ်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျဉ်းအဓိပ္ပါယ်ကတော့ ‘မင်းရဲ့ အင်္ကျီတွေကို ချွတ်လိုက်’ လို့ အော်ဟစ်ခဲ့ကြတာပါ။ Leotta ကတော့ ဒီအခြေအနေကို စိတ်ပျက်သွားပုံရပေမဲ့ ပရိသတ်တွေရှေ့မှာ...

အာစင်ဝင်းဂါးကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာတဲ့ အေစီမီလန်

<<Unicode>> အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးကိုခေါ်ယူဖို့ အီတလီကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Arsene Wenger is being lined up for a return to management with AC Milan. pic.twitter.com/cGZJH7t6q4 — ARSENAL (@tomgunner14) October 1, 2019 စီးရီးအေသင်းကြီးတသင်းဖြစ်တဲ့ အေစီမီလန်အသင်းဟာ ဒီဘက်နှစ်ပိုင်းမှာရလဒ်တွေဆိုးရွားနေပြီး အခုဘောလုံးရာသီမှာလည်း နှစ်ပေါင်း (၈၀)အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်နဲ့ ကြုံတွေ့နေရပါတယ်။ အေစီမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖီအိုရင်တီးနားအသင်းကို...

နှစ်ပေါင်း(၈၀)အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နဲ့ကြုံတွေ့နေရတဲ့ အေစီမီလန်

  မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဖီအိုရင်တီးနားအသင်းကို အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ အေစီမီလန်အသင်းအတွက် စီးရီးအေပွဲစဉ်(၆)ပွဲမှာ (၄)ပွဲမြောက် ရှုံးပွဲဖြစ်ပြီး နောက်ဆုံး(၃)ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။ အေစီမီလန်အသင်းဟာ ပွဲအစ (၁၄)မိနစ်မှာတင် ပယ်နယ်တီပေးခဲ့ရသလို၊ ပွဲချိန်(၅၅)မိနစ်မှာလည်း နောက်ခံလူ မူဆက်ချီယို ထုတ်ပယ်ခံခဲ့ရပြီး (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။ ဒါ့အပြင် ဖီိအိုရင်တီးနားဟာ ဒုတိယပိုင်းမှာ ပယ်နယ်တီထပ်ရခဲ့ပြီး တိုက်စစ်မှူး ချီယေဆာရဲ့ ကန်ချက်ကို အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်သွားခဲ့လို့ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။ ဒီပွဲမှာ ဖီအိုရင်တီးနားအတွက် ဝါရင့်ကစားသမားကြီး ရီဘာရီ ခြေစွမ်းပြခဲ့ပြီး...

ဆိုရှယ်မီဒီယာပေါ်မှာ ဒတ်ခ်ျဖီးလ်ဂျုံးစ်လို့ အပြောခံနေရတဲ့ ဒီလစ်

  နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အသင်းကြီးတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ အိုင်းယက်စ်အသင်းမှာ ခြေစွမ်းပြခဲ့သူပါ။ သူရဲ့ခြေစွမ်းကြောင့် အနာဂတ်ရဲ့ အထွန်းတောက်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီလစ်ကို ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက် စတဲ့အသင်းကြီးတွေကလည်း ကမ်းလှမ်းခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းကို ပေါင် (၆၇.၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကိုရောက်ပြီးနောက်မှာ စီးရီးအေအဖွင့် ပါးမားနဲ့ပွဲစဉ်မှာ အရန်ခုံမှာပဲထိုင်နေခဲ့ရလို့ အံ့သြမိတယ်လို့တောင် ဒီလစ်က ဝန်ခံခဲ့ပါသေးတယ်။ အခုနောက်ပိုင်းမှာ ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်နောက်တန်းမှာ ဒီလစ်ပွဲထွက်ကစားခွင့်ရနေပြီဖြစ်ပါတယ်။ ဒါပေမဲ့...

ပွဲအပြီးသုံးသပ်မှုမှာ လူကာကူ မျောက်နဲ့နှိုင်းခဲ့တဲ့ အီတလီကဘောလုံးပွဲသုံးသပ်သူ

  ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကတော့ အီတလီရောက်ပြီး လပိုင်းအတွင်းမှာတင် လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်ကစားခဲ့တဲ့ ကာဂလီယာရီနဲ့ပွဲမှာ ပရိသတ်တွေနဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတဲ့ လူကာကူဟာ အခုတော့ အီတလီရုပ်သံတခုက ဘောလုံးပွဲသုံးသပ်သူရဲ့ လူမျိုးရေးခွဲခြားမှုကိုပါ ခံခဲ့ရတယ်လို့ သိရပါတယ်။ ကာဂလီယာရီနဲ့ပွဲတုန်းက အင်တာမီလန်အသင်းရရှိတဲ့ ပယ်နယ်တီကို မကန်သွင်းခင် အိမ်ရှင်ပရိသတ်တွေရဲ့ မျောက်လိုအော်ဟစ်ပြီး လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ လူကာကူဟာ အခုလည်း မျောက်နဲ့ခိုင်းနှိုင်းပြီး လူမျိုးရေးခွဲခြားခံခဲ့ရတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အူးဒီးနီးစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီး TopCalcio 24 ရဲ့ ဘောလုံးပွဲသုံးသပ်သူ လူစီယာနိုပက်စီရာနီက...

(၉၂)မီတာ အကွာအဝေးကို (၁၀)စက္ကန့်အတွင်းအရောက်ပြေးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အံ့မခန်းစွမ်းရည်

  စံချိန်မှီဘောလုံးကွင်း(၁)ကွင်းရဲ့ ဂိုးဧရိယာ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အထိ ပြေးကြဖူးလား။ ပြေးဖူးတယ်ဆိုရင် အချိန် ဘယ်လောက်ကြာသလဲ မှတ်မိလား။ ပြီးခဲ့တဲ့ နာပိုလီနဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်ကစားသမား ရော်နယ်လ်ဒိုဟာ (၉၂)မီတာ အကွာအဝေးကို (၁၀)စက္ကန့်အတွင်း အရောက်ပြေးခဲ့တာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ ဒီလိုအံ့မခန်းကြံ့ခိုင်မှုစွမ်းရည်ကို ပြခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသက်(၃၄)နှစ်ရှိပြီဖြစ်ပေမဲ့ ၂၃/၂၄ နှစ်သား တယောက်လို ကြံ့ခိုင်လျင်မြန်မှုကို ပြခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူး ခဲ့ကြပါတယ်။ နာပိုလီနဲ့ပွဲမှာ ပွဲချိန် (၁၅)မိနစ်မှာ နာပိုလီအသင်းရဲ့တိုက်စစ်ကို ခုခံရင်း ဂျူဗင်တပ်စ်အသင်းဟာ တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့် အရေးတခုရခဲ့ပါတယ်။...

စီးရီးအေရဲ့ အကောင်းဆုံးတံဆိပ်ကိုဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့တဲ့ ရော်နယ်လ်ဒို

  စီးရီးအေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အကောင်းဆုံးဆုတွေချီးမြှင့်ခဲ့ပြီး ဆုရရှိတဲ့ ကစားသမားတွေအတွက် အသင်းအင်္ကျီမှာ ဝတ်ဆင်ဖို့ သီးသန့် ဆုတံဆိပ်တွေကို ပေးအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးဂိုးသမား၊ အကောင်းဆုံး နောက်တန်း၊ အကောင်းဆုံးကွင်းလယ်၊ အကောင်းဆုံးရှေ့တန်း၊ အတောက်ပဆုံး လူငယ်ကြယ်ပွင့် နဲ့ တနှစ်တာအကောင်းဆုံး ကစားသမား ဆုတွေကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဆုတွေကိုတော့ အင်တာမီလန် ဂိုးသမား ဟန်ဒါနိုဗစ်၊ နာပိုလီနောက်ခံလူ ကူလီဘာလီ၊ လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်-ဆာ ဗစ်၊ ဆမ်ဒိုးရီးယား တိုက်စစ်မှူး ကွာဂလီယာရယ်လာ တို့က နေရာအလိုက်အသီးသီးရရှိခဲ့ကြပြီး အတောက်ပဆုံး လူငယ်ကြယ်ပွင့်ဆု ကို...

ကာဂလီယာရီကိုအနိုင်ရတဲ့ပွဲမှာ လူမျိုးရေးခွဲခြားလှောင်ပြောင်တာခံခဲ့ရတဲ့ လူကာကူ

  မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၂)ရဲ့ ကာဂလီယာရီ-အင်တာမီလန်ပွဲစဉ်မှာ အင်တာမီလန်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အင်တာမီလန်အသင်းအတွက် ဂိုးတွေကို လော်တေရို နဲ့ လူကာကူ တို့က သွင်းယူပေးခဲ့ကြတာပါ။ ဒီပွဲမှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ ကယ်ဂလီယာရီပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားလှောင်ပြောင်မှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ အင်တာမီလန်အသင်းဟာ (၁)ဂိုးစီသရေကျနေချိန် (၇၂)မိနစ်မှာ ပယ်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူး လူကာကူက ကန်သွင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကယ်ဂလီယာရီပရိသတ်တွေက လူကာကူကို ပစ်မှတ်ထားပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်တဲ့ မျောက်အော်သံတွေ ပြုလုပ်ကာ လှောင်ပြောင်ခဲ့ကြတာပါ။ လူကာကူဟာ ပယ်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းအပြီးမှာ...

အင်တာမီလန်ကို (၁)နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဆန်းချက်ဇ်

မန်ယူအသင်းမှာ ဘောလုံးကစားချိန်ထက် ဒဏ်ရာကြောင့် နားနေရချိန်က ပိုများသလို ခြေစွမ်းလည်း လုံးဝ ပြ သနိုင်ခဲ့ခြင်းမရှိတဲ့ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်ဟာ အင်တာမီလန်ကို (၁)နှစ်အငှားစာချုပ်နဲ့ ပြောင်း  ရွှေ့ဖို့ သေချာသွားပြီလို့ သိရပါတယ်။ အသက်(၃၀)ရှိဖြစ်တဲ့ ဆန်းချက်ဇ်ဟာ (၂၀၁၈)ဘောလုံးရာသီရဲ့ ဆောင်း  ရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကို အာဆင်နယ်အသင်းကနေ ရောက်ရှိလာခဲသူဖြစ်ပြီး လက်ရှိ အချိန်အထိ မန်ယူအတွက် ပြိုင်ပွဲစုံ(၄၅)ပွဲကစားကာ (၅)ဂိုးသာ သွင်းယူပေးထားနိုင်သူပါ။   We can confirm that Alexis Sanchez joins Inter Milan...

TRENDING NEWS

INSPIRING