Home Other Sports

Other Sports

ဘီကီနီနဲ့ ကြည့်လို့အကောင်းဆုံး အမျိုးသမီးတင်းနစ်မယ် (၇)ဦး

တင်းနစ်မယ်တွေကို မြင်လိုက်ရင် တစ်ချိန်လုံး ကွင်းထဲမှာ ပြေးလွှားပြီး အော်ဟစ်နေတာ မြင်ကြရမှာမို့ ဆွဲဆောင်မှု မရှိဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် သူတို့ရဲ့ အားကစားဝတ်စုံတွေအောက်မှာတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေက ပုန်းကွယ်လို့နေပါတယ်။ Tennismood .com က ဘီကီနီဝတ်စုံနဲ့ ဆွဲဆောင်မှုအရှိဆုံး တင်းနစ်မယ် (၇)ဦးကို ရွေးချယ်ဖော်ပြခဲ့ပြီး သူတို့ ရွေးချယ်ပေးတဲ့အတိုင်း တကယ်ပဲ ဆွဲဆောင်မှုရှိရဲ့လားဆိုတာ အဖြေရှာကြရအောင်…။ (၁)။ ဆီဗူလ်ကိုဗာ စလိုဗက်ကီးယား တင်းနစ်မယ်ဟာ မော်လ်ဒိုက်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ဘီကီနီနဲ့ကြည့်အကောင်းဆုံး တင်းနစ်မယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ (၂)။ အန်နာ အိုင်ဗန်နိုဗစ် ကမ္ဘာ့နံပတ်(၁) ဖြစ်ခဲ့ဖူးတဲ့...

MMAပြိုင်ပွဲထဲမှာခြေထောက်တစ်ချောင်းလုံး သွင်သွင်ကျိုးသွားခဲ့တဲ့ဖိုက်တာရဲ့အဖြစ်

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ Cage Warriors 101 ပြိုင်ပွဲမှာ ပြင်သစ် MMA တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ ဘိုကီချုး ကြောင့် ပရိသတ်တွေ ထိတ်လန့်ကုန်ခဲ့ရပါတယ်။ နိုင်ငံစုံက တိုက်ခိုက်ရေးသမားတွေ လာရောက်ယှဉ်ပြိုင်ကြတဲ့ Cage Warriors 101 ပွဲစဉ်မှာ ဘိုကီချူးက အင်္ဂလန်တိုက်ခိုက်ရေးသမား တွမ် အက်စ်ပင်နယ်လ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူ့အတွက် ကံဆိုးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တာပါ။ ပွဲစဉ်ရဲ့ပထမအချီဖြစ်တဲ့ ပွဲအစ တစ်မိနစ်အကျော်မှာပဲ ဘိုကီချုးဟာ အက်စ်ပင်နယ်လ်ကို ခြေကန်ချက်တွေနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ခြေထောက်ဟာ အခန့်မသင့်ပဲ သွင်သွင်ကျိုးသွားခဲ့ရတာပါ။ ဒါက...

ရော်နယ်ဒို လို အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့သမားရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီး

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဂိုးသွင်းပြီးရင် အောင်ပွဲခံတဲ့ ပုံစံလိုမျိုး လေထဲမှာ နောက်ပြန်ခုန်ပြီး အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့သမားရဲ့ ဗီဒီယို ဖိုင်ဟာ အွန်လိုင်းမှာ နာမည်ကြီးနေခဲ့တာပါ။ ၀င်ဘလေကွင်းမှာ မနှစ်က ကျင်းပခဲ့တဲ့ ဂျိုရှူဝါနဲ့ ပိုဗက်ကင် တို့ရဲ့ နာမည်ကြီး လက်ဝှေ့ပွဲမတိုင်ခင် ထိုးသတ်ခဲ့တဲ့ (၅) ချီ ပွဲစဉ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။ ဥဇဘက်လက်ဝှေ့သမား ဂီယာဆော့ဗ် နဲ့ ဂျူလီယို လာဂူနာ တို့ရဲ့ ပွဲစဉ်မှာ ဂူယာဆော့ဗ် က အနိုင်ရရှိပြီးတဲ့နောက်ပိုင်း အဲဒီလို...

(၁၇)နှစ်အရွယ် အမျိုးသမီးကားမောင်းသမားလေးရဲ့ ပြိုင်ပွဲတွင်းကဆိုးရွားတဲ့မတော်တဆမှု

မနေ့က မကာအိုမှာ ကျင်းပခဲ့တဲ့ Formula 3 ကားပြိုင်ပွဲရဲ့ မကာအိုဂရင်းပရီ ပြိုင်ပွဲမှာ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးကားမောင်းသမားလေးရဲ့ ဖြစ်ရပ်က ပရိသတ်တွေကို ခြောက်ခြားသွားစေခဲ့ပါတယ်။ ဂျာမန်ကားမောင်းသမားလေး ဆိုဖီယာ ဖလော့ရှ်ဟာ တစ်နာရီကို (၁၇၂)မိုင်နဲ့ မောင်းနှင်လာတဲ့ သူမရဲ့ကားကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခဲ့တာဖြစ်ပြီး ကားက လျှင်မြန်တဲ့အရှိန်နဲ့အတူ လေထဲမှာ ပျံဝဲသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နံဘေးမှာ ကာရံထားတဲ့ အကာအရံတန်းကို ကျော်ဖြတ်ပြီး မီဒီယာတွေရှိနေတဲ့ နေရာဆီ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် တခြားကားမောင်းသမားတစ်ယောက်၊ လုံခြုံရေးအရာရှိတစ်ယောက်၊ ဓာတ်ပုံဆရာနှစ်ယောက်နဲ့တို့ကို ဆေးရုံပို့ခဲ့ရပြီး ဆိုဖီယာကိုယ်တိုင်လည်း စိုးရိမ်ရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်...

အလှဆုံးအချိန်မှာ ကြွေလွင့်သွားခဲ့ရတဲ့ ဗြိတိန်အားကစားမယ်လေး

ဗြိတိန်နိုင်ငံ လက်ရွေးစင် နှင်းလျောစီးအသင်းရဲ့ နှင်းလျောစီးမယ်လေး အယ်လီ ဆောက်တာ ဟာ ၂၀၂၂ ဥရောပလူငယ်ဆောင်းရာသီအိုလံပစ်ပွဲတော်မှာ ဗြိတိန်နိုင်ငံအတွက် ကိုယ်စားပြု ယှဉ်ပြိုင်ပေးဖို့ ရွေးချယ်ချင်း ခံထားရသူပါ။ အမြဲတမ်း တက်ကြွပြီး ကြိုးစားနေတတ်တဲ့ ၊ အလှဆုံးအပြုံးပိုင်ရှင်လေးဖြစ်တဲ့ အယ်လီ ဟာ ပြီးခဲ့တဲ့နှစ် ဥရောပလူငယ်ဆောင်းရာသီအိုလံပစ်ပွဲတော်တုန်းကလည်း ဗြိတိန်အသင်းအတွက်တစ်ခုတည်းသော ဆုတံဆိပ်ကို ရယူပေးနိုင်ခဲ့သူပါပဲ။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲရဲ့ ပိတ်ပွဲမှာလည်း သူဟာ ဗြိတိန်နိုင်ငံရဲ့အလံကို သယ်ဆောင်သူ ဖြစ်ခဲ့ပါသေးတယ်။ အယ်လီဟာ ဗြိတိန်အသင်းနဲ့အတူ ဆွစ်ဇာလန်ကို လေ့ကျင့်ရေးခရီးသွားဖို့ ပြင်ဆင်ခဲ့ရပြီး သူမဟာ ဇူလိုင်လအတွင်းမှာ...

ပရိသတ်တွေမျှော်လင့်နေကြတဲ့ ကွန်ဖူးကလေးငယ်နဲ့တိုက်ကွမ်ဒိုကလေးငယ်တို့ရဲ့ပြိုင်ပွဲ

လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းအစားဆုံး တိုက်ခိုက်ရေးသမားတွေကို ပြပါဆိုရင် နာမည်ကျော် လက်ဝှေ့သမားတွေထက် နာမည်ကြီးနေသူနှစ်ယောက်ကို ပြရမှာပါ။ ဘရုစလီအငယ်စားလေးလို့ နာမည်ပေးခံထားရတဲ့ ဂျပန်လေး ရူဆဲအိ နဲ့ တိုက်ကွမ်ဒိုမာစတာ လို့ နာမည်ပေးခံထားရတဲ့ တရုတ်လေး ကွီနန် တို့ပါပဲ။ နှစ်ဦးစလုံးက မတူညီတဲ့ ပါရမီရှင်တွေ ဖြစ်ကြပြီး အသက် ငယ်ငယ်လေးတွေနဲ့ သက်ဆိုင်ရာသိုင်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားကြသူတွေပါ။ အသက် (၉)နှစ်အရွယ်သာရှိသေးပြီး ကွန်ဖူးသိုင်းပညာကို တစ်နေ့အနည်းဆုံး (၄)နာရီ လေ့ကျင့်တဲ့ ရူဆဲအိ ကိုတော့ ပရိသတ်တွေ ပိုပြီး သိကြပါလိမ့်မယ်။ သူက နံချပ်ကူ...

ဒဏ်ရာရကစားသမားရဲ့ အ၀တ်မပါတဲ့ပုံ တင်မိလို့ ပြဿနာတက်နေတဲ့ ရုရှားဟော်ကီအသင်း

ရုရှားနိုင်ငံ၊ မော်စကိုမြို့ အခြေစိုက်အသင်းဖြစ်တဲ့ ရေခဲဟော်ကီအသင်း၊စပါးတပ်မော်စကို ကတော့ အသင်းရဲ့ ဒဏ်ရာရ ကစားသမားကို ကြေညာရာမှာ အ၀တ်မပါတဲ့ပုံနဲ့ ကြေညာမိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းရဲ့ မီဒီယာတာဝန်ခံဟာ ဆေးကုသခံဖို့အတွက် ကုတင်ပေါ်မှာ မှောက်လျက်ရှိနေတဲ့ အသင်းခေါင်းဆောင် ယူလီယာ အူရှာကိုဗာ ရဲ့ ပုံကို တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပြီး အဲဒီပုံမှာ ယူလီယာက အတွင်းခံဘောင်းဘီလေးကလွဲလို့ ဘာမှ ၀တ်မထားခဲ့ပါဘူး။ အဲဒီပုံနဲ့အတူ ယူလီယာဟာ ဒဏ်ရာရှိနေတာကြောင့် မော်စကို အသင်းအတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ရေးသားထားခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေတာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့်...

MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်ပြီလို့ ကြေညာလိုက်တဲ့ လူ့ဘီလူးကြီးမာတင်ဖို့ဒ်

ပိုလန် MMA အဖွဲ့ချုပ်ရဲ့ (၂၀၁၉) တိုက်ခိုက်ရေးသမားစာရင်းထဲမှာ ပါဝင်လာတဲ့ မာတင်ဖို့ဒ်ဟာ MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း သူ့ရဲ့ပြိုင်ဖက်တွေကို သတိပေးလိုက်ပါတယ်။ အရပ် (၆)ပေ (၈) လက်မရှိပြီး ကြောက်စရာ ကြွက်သားထုထည်ကို ပိုင်ဆိုင်ထားတဲ့ ဖို့ဒ်က ဒီရာသီမှာမှ MMA ပြိုင်ပွဲဆီကို ခြေလှမ်းလိုက်တာဖြစ်ပြီး လေ့ကျင့်ရေးစင်တာမှာ တိုက်ခိုက်ရေးသင်တန်းတွေကို တက်ရောက်နေခဲ့တာပါ။ ကမ္ဘာ့အသန်မာဆုံးလူတွေထဲက တစ်ယောက်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ဖို့ဒ်ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ပေါ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုတစ်ခုနဲ့အတူ ပြိုင်ဖက်တွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ၀င်ရောက်သရုပ်ဆောင်ဖူးသလို၊ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်လည်း...

ပြိုင်ပွဲထဲကညစ်ပတ်တဲ့ပြိုင်ဖက်ကို အံ့အားသင့်ဖွယ်တုန့်ပြန်လိုက်တဲ့ဆိုင်ကယ်သမား

ဒါက အင်ဒိုနီးရှားနိုင်ငံ၊ ဘွန်ဒိုဝိုဆိုမှာ ကျင်းပခဲ့တဲ့ East Java Series V Championship မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ East Java Series ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အရည်အချင်းစစ်မောင်းနှင်ပွဲမှာ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ ဆိုင်ကယ်သမားတစ်ယောက်က သူ့ရဲ့ဘေးကနေ မောင်းနှင်လာတဲ့ အခြားဆိုင်ကယ်သမားကို တံတောင်နဲ့တွတ်ခဲ့ပြီး သူ့ရဲ့လုပ်ရပ်ကြောင့် ပြိုင်ဖက်ဆိုင်ကယ်သမားဟာ နေရာမှာတင် လဲကျသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင် ဆိုင်ကယ်သမားတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပြန်လည်လှည့်ပတ် မောင်းနှင်ရတာဖြစ်ပြီး တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်တွေ မောင်းနှင်ခဲ့ကြတာပါ။ အစိမ်းရောင်ဝတ်စုံနဲ့ ဆိုင်ကယ်သမားလည်း သူ့ရဲ့လမ်းကြောင်းအတိုင်း ဆက်လက်မောင်းနှင်သွားခဲ့ပြီး...

ပရိသတ်ရဲ့ဖုန်းကိုလွှင့်ပစ်ပြီး တက်ခုန်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့ မက်ဂရီဂေါ်

UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကတော့ မိုင်ယာမီကမ်းခြေကို အပန်းဖြေခရီးထွက်လာရင်း သူ့ရဲ့ထုံးစံအတိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ မနေ့ကပဲ မိုင်ယာမီ မှာ မိကျောင်းတွေနဲ့ ဓာတ်ပုံရိုက်နေခဲ့တဲ့ မက်ဂရီဂေါ် ဟာ ဒီနေ့မှာတော့ ရဲစခန်းထဲ ရောက်လို့နေပါပြီ။   According to online records, Conor McGregor has been arrested in Miami. Miami Herald reports McGregor is being accused of breaking a...

TRENDING NEWS

INSPIRING