Home Other Sports

Other Sports

MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်ပြီလို့ ကြေညာလိုက်တဲ့ လူ့ဘီလူးကြီးမာတင်ဖို့ဒ်

ပိုလန် MMA အဖွဲ့ချုပ်ရဲ့ (၂၀၁၉) တိုက်ခိုက်ရေးသမားစာရင်းထဲမှာ ပါဝင်လာတဲ့ မာတင်ဖို့ဒ်ဟာ MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း သူ့ရဲ့ပြိုင်ဖက်တွေကို သတိပေးလိုက်ပါတယ်။ အရပ် (၆)ပေ (၈) လက်မရှိပြီး ကြောက်စရာ ကြွက်သားထုထည်ကို ပိုင်ဆိုင်ထားတဲ့ ဖို့ဒ်က ဒီရာသီမှာမှ MMA ပြိုင်ပွဲဆီကို ခြေလှမ်းလိုက်တာဖြစ်ပြီး လေ့ကျင့်ရေးစင်တာမှာ တိုက်ခိုက်ရေးသင်တန်းတွေကို တက်ရောက်နေခဲ့တာပါ။ ကမ္ဘာ့အသန်မာဆုံးလူတွေထဲက တစ်ယောက်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ဖို့ဒ်ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ပေါ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုတစ်ခုနဲ့အတူ ပြိုင်ဖက်တွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ၀င်ရောက်သရုပ်ဆောင်ဖူးသလို၊ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်လည်း...

(၅)စက္ကန့်အတွင်း လက်သီးချက်(၇)ချက်ကို ရှောင်ပြသွားတဲ့ တိုင်ဆန်ဖျူရီရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်၊ နီဗားဒါးမှာထိုးသတ်ခဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့ တွမ်ရှဝါ့ဇ် တို့ရဲ့ ပွဲစဉ်မှာတော့ တိုင်ဆန်ဖျူရီရဲ့ ရုပ်ရှင်ဆန်တဲ့ စွမ်းဆောင်ရည်ဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ တိုင်ဆန်ဖျူရီက အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်အချီမှာပဲ ဒိုင်ပွဲရပ်နဲ့အနိုင်ရသွားခဲ့တာပါ။ အသက် (၃၀)အရွယ် ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံကြီးဟာ ပထမအချီမှာ ဂျာမနီလက်ဝှေ့သမား တွမ်ရှဝပ်ဇ်ရဲ့ လက်သီးချက်တွေကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ဒုတိယအချီမှာတော့ သူက လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ ရုပ်သံမြင်ကွင်းတွေမှာတော့ တိုင်ဆန်ဖျူရီ ဟာ ပြိုင်ဖက်ရဲ့ လက်သီးချက် (၇)ချက်ကို (၅) စက္ကန့်အတွင်း ရှောင်နိုင်ခဲ့ပြီး လက်နဲ့မကာပဲနဲ့...

Man of the Match ဆုအတွက် AK-47 လက်ခံရရှိခဲ့တဲ့ ရုရှားဟော်ကီကစားသမား

  ရုရှားဟော်ကီအသင်း Izhstal Izhevsk အသင်းရဲ့ netminder (ဂိုးသမား) ဆဗီလီကိုနိုနော့ဗ်ဟာ ပွဲစဉ်တပွဲမှာ အသင်းဖော်တွေကရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုရခဲ့အပြီး မထင်မှတ်တဲ့ ဆုလက်ဆောင်ကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ AK-47 သေနတ်အစစ်တလက်ပါပဲ။ Izhevsk အသင်းက Chelmet အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကိုနိုနော့ဗ်ဟာ လက်စွမ်းပြခဲ့ပြီးနောက် အသင်းဖော်တွေက သူ့ကို ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ကိုနိုနော့ဗ်ဟာ အဲဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု (၃၆)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲမှာ အရေးကြီးတဲ့နေရာက စွမ်းဆောင်ပေးခဲ့တာပါ။ အကောင်းဆုံးဆုကိုပေးဖို့အတွက် ကလပ်အသင်းတာဝန်ရှိသူတွေက သေနတ်ကိုင်ပြီး အဝတ်လဲခန်းထဲကိုဝင်လာပုံက အက်ရှင်ဇာတ်ကားတခုထဲက ဇာတ်ဝင်ခန်းလိုပါပဲ။ အဲဒီနောက်...

အဖိုးကြီးကို အထင်သေးမိလို့ ပညာပေးခံလိုက်ရတဲ့ ဘက်စကက်ဘောသမားလေးတွေ

အမေရိကန်နိုင်ငံ၊ မီချီဂန်မြို့ထဲက ဒီအဖြစ်အပျက် ဗီဒီယိုလေးဟာ ကြည့်ရှုသူ သန်းချီပြီးရှိခဲ့တာပါ။ အန်ဒရူးနဲ့ သူ့ရဲ့သူငယ်ချင်းတွေ လမ်းဘေးတစ်နေရာမှာ ဘက်စကက်ဘောကစားနေကြတုန်း သူတို့အဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ဒိုင်လန်ရဲ့အဖိုးက သူတို့နားရောက်လာခဲ့တာပါ။ အန်ဒရူးက အဖိုးကြီးကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ဘောလုံးကို ဂိုးသွင်းလို့မရအောင် ကာကွယ်ပြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ အဖိုးကြီးက သူ့ရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပြီးတဲ့နောက် အန်ဒရူးကို လုံးဝ ရူးသွပ်သွားအောင် လှည့်စားလိုက်ပြီး ဘောလုံးကို နောက်ပြန်အနေအထားနဲ့ ပိုက်ထဲ ပစ်ထည့်လိုက်ပါတော့တယ်။ သူတို့အဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ထရီဗာက ဒီအဖြစ်အပျက်ကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး သူ့ရဲ့တွစ်တာပေါ် တင်လိုက်ရာကတစ်ဆင့် ကြည့်ရှုသူ သန်းချီပြီး...

ရော်နယ်ဒို လို အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့သမားရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီး

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဂိုးသွင်းပြီးရင် အောင်ပွဲခံတဲ့ ပုံစံလိုမျိုး လေထဲမှာ နောက်ပြန်ခုန်ပြီး အောင်ပွဲခံခဲ့တဲ့ လက်ဝှေ့သမားရဲ့ ဗီဒီယို ဖိုင်ဟာ အွန်လိုင်းမှာ နာမည်ကြီးနေခဲ့တာပါ။ ၀င်ဘလေကွင်းမှာ မနှစ်က ကျင်းပခဲ့တဲ့ ဂျိုရှူဝါနဲ့ ပိုဗက်ကင် တို့ရဲ့ နာမည်ကြီး လက်ဝှေ့ပွဲမတိုင်ခင် ထိုးသတ်ခဲ့တဲ့ (၅) ချီ ပွဲစဉ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။ ဥဇဘက်လက်ဝှေ့သမား ဂီယာဆော့ဗ် နဲ့ ဂျူလီယို လာဂူနာ တို့ရဲ့ ပွဲစဉ်မှာ ဂူယာဆော့ဗ် က အနိုင်ရရှိပြီးတဲ့နောက်ပိုင်း အဲဒီလို...

သင် ဘယ်တော့မှ စမ်းမကြည့်သင့်တဲ့ ကစားနည်းတွေ

တစ်ခါတစ်လေကျရင် သင် ဖြစ်ဖူးပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ တွေ့လိုက်ရတဲ့ ဗီဒီယို တစ်ခုအတိုင်း သင်လည်း လုပ်နိုင်မယ်လို့ ထင်မိတာမျိုးပေါ့။ ကရာတေးသမားတစ်ယောက်က သစ်သားပြားကို လက်ဝါးစောင်းနဲ့ ချိုးနေတဲ့အချိန်၊ သင်လည်း အဲဒီလို လုပ်နိုင်လိမ့်မယ်လို့ တွေးလိုက်မိတာမျိုးလေ။ တကယ်တော့ အဲဒီ အခြေအနေတွေဟာ တွေးတဲ့အဆင့်မှာ ရပ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ် ဒီ အကြောင်းလေးကို သိလိုက်ရတယ်၊ ကိုယ်လည်း သူတို့လို လုပ်နိုင်မယ်လို့ထင်တယ်။ ဒါပါပဲ။ အဲဒီ အဆင့်မှာတင် ရပ်ထားလိုက်ပါ။ ဒီလိုမှ မဟုတ်ပဲ လက်တွေ့လုပ်ကြည့်ဖို့ ကြိုးစားမယ်ဆိုရင်တော့ မမျှော်လင့်တဲ့...

MMAပြိုင်ပွဲထဲမှာခြေထောက်တစ်ချောင်းလုံး သွင်သွင်ကျိုးသွားခဲ့တဲ့ဖိုက်တာရဲ့အဖြစ်

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ Cage Warriors 101 ပြိုင်ပွဲမှာ ပြင်သစ် MMA တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ ဘိုကီချုး ကြောင့် ပရိသတ်တွေ ထိတ်လန့်ကုန်ခဲ့ရပါတယ်။ နိုင်ငံစုံက တိုက်ခိုက်ရေးသမားတွေ လာရောက်ယှဉ်ပြိုင်ကြတဲ့ Cage Warriors 101 ပွဲစဉ်မှာ ဘိုကီချူးက အင်္ဂလန်တိုက်ခိုက်ရေးသမား တွမ် အက်စ်ပင်နယ်လ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူ့အတွက် ကံဆိုးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တာပါ။ ပွဲစဉ်ရဲ့ပထမအချီဖြစ်တဲ့ ပွဲအစ တစ်မိနစ်အကျော်မှာပဲ ဘိုကီချုးဟာ အက်စ်ပင်နယ်လ်ကို ခြေကန်ချက်တွေနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ခြေထောက်ဟာ အခန့်မသင့်ပဲ သွင်သွင်ကျိုးသွားခဲ့ရတာပါ။ ဒါက...

တင်းနစ်ပြိုင်ပွဲသွားကြည့်ပြီး ဘောလုံးဖမ်းဖို့ကြိုးစားခဲ့တဲ့ ရော်နယ်ဒိုရဲ့ဟာသဖြစ်ရပ်

တင်းနစ်ပြိုင်ပွဲတွေမှာ ဘောလုံးကောက်တဲ့ ကလေးတွေကိုတွေ့ဖူးကြမှာပါ။ သူတို့က စည်းအပြင်ရောက်လာတဲ့ဘောလုံးတွေကို လိုက်ကောက်ကြတာဆိုပေမယ့် တစ်ခါတစ်လေတော့လည်း သူတို့နဲ့ အနီးကိုရောက်လာတဲ့ဘောလုံးတွေကို ဖမ်းရတာပဲလေ။ ဒါပေမယ့် ကမ္ဘာ့အဆင့်တင်းနစ်သမားတွေရဲ့ ရိုက်ချက်က ပြင်းလွန်းလို့ သူတို့အတွက် တကယ့်ကို ခက်ခက်ခဲခဲဖမ်းရတာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း သူ့ရဲ့အားလပ်ရက်မှာ သားဖြစ်သူ ဂျူနီယာ၊ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ တို့နဲ့အတူ လန်ဒန်မြို့မှာကျင်းပတဲ့ ATP တင်းနစ် ဗိုလ်လုပွဲကို သွားရောက်အားပေးခဲ့ပြီး အဲဒီပွဲမှာတင်းနစ်ဘောလုံးကို ဖမ်းယူဖို့ ကြိုးစားခဲ့တာပါ။ ဂျိုကိုဗစ်နဲ့ အစ္စနာ တို့ ယှဉ်ပြိုင်ကစားကြတဲ့ အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုတို့က ရှေ့ဆုံးတန်း၊...

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ဖိုက်တာကြီးအတွက် ပြိုင်ဖက်ရသွားပြီ

လာမယ့်နှစ် MMA ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး လူ့ဘီလူးကြီး မာတင်ဖို့ဒ်ကတော့ သူ့ရဲ့ပြိုင်ဖက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ အရပ် (၆)ပေ (၈) လက်မ ရှိတဲ့ လူ့ဘီလူးကြီးအတွက် ပြိုင်ဖက်ကတော့ အီရန်ရဲ့ Hulk လို့ နာမည်ပေးထားကြတဲ့ ဂါရီဘီ ပဲ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ MMA ပွဲကို လာမယ့်နှစ်ထဲမှာ မြင်တွေ့ရဖို့ရှိနေတာပါ။ ဂါရီဘီက အရပ် (၆)ပေ (၁) လက်မ သာရှိပေမယ့် ခန္ဓာကိုယ်ထွားကျိုင်းမှုမှာတော့ မာတင်ဖို့ဒ်ထက် ပိုသာပြီး သူ့ရဲ့အလေးချိန်က (၃၆၄)ပေါင် ရှိပါတယ်။...

ပရိသတ်တွေမျက်ရည်ဝဲသွားခဲ့ကြတဲ့ အပြေးမယ်လေးတစ်ယောက်ရဲ့ဇွဲသတ္တိ

ဂျပန်နိုင်ငံ၊ ဖူကိုကာစီရင်စုနယ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး လက်ဆင့်ကမ်းမာရသွန်ပြိုင်ပွဲတစ်ခုမှာတော့ အပြေးမယ်လေးတစ်ယောက်ရဲ့ အဖြစ်အပျက်ဟာ ပရိသတ်တွေကို မျက်ရည်ဝဲသွားစေခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် (၁၉)နှစ်အရွယ် အိဒ ဟာ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အဖွဲ့နာမည်က Iwatani Co ဆိုတဲ့အဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့မန်နေဂျာကတော့ ဟီရိုဆေး ဆိုတဲ့ အပြေးသမားဟောင်းတစ်ယောက်ပါ။ ဒီ ပြိုင်ပွဲက အပြေးသမား (၆) ယောက်ကို တစ်ဖွဲ့စီယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး တစ်ယောက်ကို (၄.၅)မိုင်စီ ပြေးကြရတဲ့ ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဂျပန်ပြည်တွင်းရုပ်သံတိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်နေခဲ့ပြီး ဒေသခံပြည်သူတွေကလည်း...

TRENDING NEWS

INSPIRING