Other Sports

ကမ္ဘာ့အငယ်ဆုံးတိုက်ခိုက်ရေးသမားဖြစ်လာတော့မယ် (၉)နှစ်အရွယ်ချာတိတ်လေး

အင်္ဂလန်နိုင်ငံ ၊ စတက်ဖို့ဒ်ရှိုင်းယား ပြည်နယ်မှာနေထိုင်တဲ့ အယ်လ်ဖီ ၀ီလီယံ ဆိုတဲ့ အသက် (၉)နှစ်အရွယ် ကလေးငယ်လေးဟာ ကမ္ဘာ့အသက် အငယ်ဆုံး တိုက်ခိုက်ရေးသမားအဖြစ် မှတ်တမ်းဝင်တော့မှာပါ။ ကိုယ်အလေးချိန် (၄)စတုံသာရှိတဲ့ ကျောင်းသားလေးဟာ သူ့ရဲ့ဖခင်ဖြစ်သူ အကူအညီနဲ့ ကြိုးဝိုင်းတိုက်ခိုက်ရေးသမားဘ၀ကို ၀င်ရောက်လာနေတာဖြစ်ပြီး သူ့ရဲ့ ဒုတိယမြောက်ထိုးသတ်ပွဲဟာ (၂၂)စက္ကန့်သာ ကြာခဲ့ပါတယ်။ ၀ီလီယံ ရဲ့ ပထမပွဲဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ ပွဲတုန်းက ပြိုင်ဖက်ကို (၂၇) စက္ကန့်နဲ့...

ရေခဲပြင်ဟော်ကီပွဲကို ရုပ်တည်ကြီးနဲ့သွားပြီး ချော်လဲခဲ့တဲ့မော်ရင်ဟိုရဲ့ဗီဒီယို

မန်ယူအသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟို ဟာ ရုရှားရေခဲပြင်ဟော်ကီ ပွဲတစ်ပွဲကို အထူးဧည့်သည်အဖြစ် သွားရောက်ခဲ့ပြီး သူ့ရဲ့ထုံးစံအတိုင်း ကော်ဇောနီပေါ်မှာ ချော်လဲခဲ့ရပြန်ပါတယ်။ ရုရှားနိုင်ငံရဲ့ ရေခဲပြင်ဟော်ကီ အသင်းတစ်သင်းဖြစ်တဲ့ Avangard Omsk အသင်းဟာ မော်ရင်ဟို ကို သူတို့ရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပြီး KSA Saint Petersburg အသင်းနဲ့ ပွဲစဉ်ကို တက်ရောက်စေခဲ့တာပါ။ မော်ရင်ဟို က ရုရှားဟော်ကီအသင်းရဲ့ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ကွင်းအတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ Avangard အသင်းအနေနဲ့ မော်ရင်ဟို ရောက်ရှိလာတဲ့ အထိမ်းအမှတ်အနေနဲ့ မော်ရင်ဟို...

MMA တိုက်ခိုက်ရေးသမားနဲ့သူ့ကိုစိန်ခေါ်ခဲ့တဲ့ (၅၆)နှစ်အရွယ်ကွန်ဖူးဆရာတို့ရဲ့လက်ဝှေ့ပွဲ

ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံတွင်းက ကွန်ဖူးသိုင်းဆရာတွေဟာ အတုအယောင်တွေပဲလို့ လူသိရှင်ကြားဝေဖန်ခဲ့ပြီး သိုင်းဆရာတွေကို စိန်ခေါ်ထိုးသတ်နေတဲ့ MMA တိုက်ခိုက်ရေးသမားတစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံတွင်းမှာ အယောင်ဆောင် ကွန်ဖူးသမားတွေ ပပျောက်သွားဖို့ပါတဲ့။ စူ ရှီယာဒေါင် လို့ နာမည်ရှိတဲ့ တိုက်ခိုက်ရေးသမားဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ တရုတ်နိုင်ငံတွင်းက ကွန်ဖူးသိုင်းဆရာနှစ်ယောက်ကို အလဲထိုးခဲ့ပြီး ကွန်ဖူးသိုင်းပညာဆိုတာ ပြည်သူတွေကို လိမ်ညာနေတာလို့ လူသိစေခဲ့တဲ့သူပါ။ စူ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အသက် (၅၆)နှစ်အရွယ် ကွန်ဖူးသိုင်းဆရာကြီးတစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံရရှိခဲ့ပြီး ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့...

ဝင်ခွင့်ကတ်မပါတဲ့ဖက်ဒါးရားကို ကွင်းထဲဝင်ခွင့်မပေးခဲ့တဲ့လုံခြုံရေး နာမည်ကြီးနေ

(၂၀၁၉) ဇန်န၀ါရီလ (၇)ရက်ကနေ (၂၇)ရက်နေ့အထိ ကျင်းပနေတဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ဖက်ဒါးရားကို ကွင်းထဲဝင်ခွင့်မပေးခဲ့တဲ့ ကွင်းလုံခြုံရေးတစ်ယောက်ရဲ့ ဗီဒီယို ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။ ဂရင်းဆလင်းချန်ပီယံဆုကို အကြိမ် (၂၀)အထိ ရရှိထားခဲ့ပြီး သြစတြေးလျအိုးပင်း ချန်ပီယံဆုကို (၆)ကြိမ်အထိ ဆွတ်ခူးထားခဲ့တဲ့ ဖက်ဒါးရားဟာ သြစတြေးလျအိုးပင်းသမိုင်းမှာ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း VIP တစ်ယောက်လို ဆက်ဆံခြင်းမခံခဲ့ရရှာပါဘူး။ ဗီဒီယိုဖိုင်ထဲမှာတော့ ဖက်ဒါးရားဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ ကွင်းထဲကို ၀င်ရောက်လာခဲ့တာဖြစ်ပြီး မန်နေဂျာဖြစ်သူက ကိစ္စတစ်ခုကြောင့် အနောက်ဖက်နားမှာ ကျန်နေရစ်ခဲ့တာပါ။ ဖက်ဒါးရားတစ်ယောက် ကွင်းအပေါက်ဝကိုရောက်လာခဲ့ပေမယ့် ကွင်းလုံခြုံရေးကတော့...

နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ရဲ့ 10 Year Challenge

ကမ္ဘာပေါ်က နာမည်ကျော် တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC နဲ့ MMA တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်က ခုတလော ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေတဲ့ 10 Year Challenge ဆိုတဲ့ စိန်ခေါ်မှုမှာ ပါဝင်လိုက်ပါတယ်။ အသက် (၃၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ယာလန် တိုက်ခိုက်ရေးသမားဟာ (၂၀၀၈)ခုနှစ်မှာမှ သူ့ရဲ့ MMA တိုက်ခိုက်ရေးသမားဘ၀ကို စတင်ခဲ့တာဖြစ်ပြီး (၂၀၁၂)ခုနှစ်မှာမှ နာမည်ကျော်ကြားလာခဲ့တာပါ။ မက်ဂရီဂေါ်က (၂၀၀၉)ခုနှစ်၊ သူအသက် (၂၀)အရွယ်က ပုံနဲ့ အခု (၂၀၁၉)၊ သူအသက် (၃၀)အရွယ် ပုံတွေကို တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေမှာ တင်သွားခဲ့ပြီး...

ဇွဲကောင်းလွန်းတဲ့ကြက်တောင်ရိုက်သမားတွေကြောင့် ပရိသတ်တွေရင်မောခဲ့ရတဲ့ပြိုင်ပွဲ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ (၂၀၁၈) မတ်လက ကျင်းပခဲ့တဲ့ England Open ကြက်တောင်ရိုက်ပြိုင်ပွဲ တစ်ခုထဲက ကစားသမားတွေရဲ့ ဇွဲကောင်းတဲ့ပြိုင်ဆိုင်မှုဟာ ပရိသတ်တွေကို ရင်မောသွားစေခဲ့ပါတယ်။ HSBC World Tour ပြိုင်ပွဲရဲ့ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲမှာ ဂျပန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ ရင်ဆိုင်ခဲ့ကြရပြီး ဂျပန်ရဲ့နာမည်ကျော် ကြက်တောင်မယ်တွေဖြစ်တဲ့ ဖူကူရှီးမား ၊ ဟီရိုတာတို့အတွဲနဲ့ ဒိန်းမတ်ရဲ့ ပီဒါဆန်နဲ့ ဂျုးလ် တို့အတွဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီပွဲစဉ်ဟာ တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဒိန်းမတ်အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့တာပါ။ ထူးခြားတာတစ်ခုက ဒီပွဲစဉ်မှာ...

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ဖိုက်တာကြီးအတွက် ပြိုင်ဖက်ရသွားပြီ

လာမယ့်နှစ် MMA ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး လူ့ဘီလူးကြီး မာတင်ဖို့ဒ်ကတော့ သူ့ရဲ့ပြိုင်ဖက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ အရပ် (၆)ပေ (၈) လက်မ ရှိတဲ့ လူ့ဘီလူးကြီးအတွက် ပြိုင်ဖက်ကတော့ အီရန်ရဲ့ Hulk လို့ နာမည်ပေးထားကြတဲ့ ဂါရီဘီ ပဲ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ MMA ပွဲကို လာမယ့်နှစ်ထဲမှာ မြင်တွေ့ရဖို့ရှိနေတာပါ။ ဂါရီဘီက အရပ် (၆)ပေ (၁) လက်မ သာရှိပေမယ့် ခန္ဓာကိုယ်ထွားကျိုင်းမှုမှာတော့ မာတင်ဖို့ဒ်ထက် ပိုသာပြီး သူ့ရဲ့အလေးချိန်က (၃၆၄)ပေါင် ရှိပါတယ်။...

အံ့သြစရာကောင်းတဲ့ ကြံ့ခိုင်မှုကြောင့် ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ အမျိုးသား

ဒီရက်ပိုင်း Facebook ပေါ်မှာရော၊ Youtube ပေါ်မှာပါ နာမည်ကြီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို အံ့သြစရာပုံစံနဲ့လုပ်ပြနေခဲ့တဲ့အမျိုးသားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ပါပဲ။ ဗီဒီယိုဖိုင်ရဲ့အစမှာတင် မိန်းကလေးတစ်ယောက်ကို သူ့ရဲ့ကျောပေါ်တင်လို့ ဒိုက်ထိုးပြနေတဲ့ အမျိုးသားဟာ ဘယ်သူဆိုတာ မသိကြပေမယ့် သူ့ရဲ့လေ့ကျင့်ခန်းပုံစံတွေကို သဘောကျတဲ့သူ အများအပြားရှိခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က တကယ့်တိုက်ခိုက်ရေးသမားတွေလို ကြီးမားတဲ့ ပုံသဏ္ဍာန်မဟုတ်ပေမယ့်လည်း သူဟာ ကျစ်လစ်တဲ့ကြွက်သားတွေနဲ့အတူ တော်ရုံလူတွေ မလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပြလို့နေခဲ့တာပါ။ နှစ်ဆင့်ခုန်ရတဲ့ ဘားတန်းခိုမှုတွေ၊ ကြီးမားတဲ့ကားတာယာကြီးတစ်လုံးကို ကျောပေါ်တင်ပြီး ဒိုက်ထိုးခဲ့တာတွေနဲ့သူ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေနဲ့ ပတ်သက်ပြီး အစမ်းသပ်ခံနိုင်မှုတွေဟာ ကြည့်ရှုသူတွေကို တကယ်ပဲ အံ့အားသင့်သွားစေခဲ့ပါတယ်။ တချို့ကတော့ ဒီလူဟာ...

MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်ပြီလို့ ကြေညာလိုက်တဲ့ လူ့ဘီလူးကြီးမာတင်ဖို့ဒ်

ပိုလန် MMA အဖွဲ့ချုပ်ရဲ့ (၂၀၁၉) တိုက်ခိုက်ရေးသမားစာရင်းထဲမှာ ပါဝင်လာတဲ့ မာတင်ဖို့ဒ်ဟာ MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း သူ့ရဲ့ပြိုင်ဖက်တွေကို သတိပေးလိုက်ပါတယ်။ အရပ် (၆)ပေ (၈) လက်မရှိပြီး ကြောက်စရာ ကြွက်သားထုထည်ကို ပိုင်ဆိုင်ထားတဲ့ ဖို့ဒ်က ဒီရာသီမှာမှ MMA ပြိုင်ပွဲဆီကို ခြေလှမ်းလိုက်တာဖြစ်ပြီး လေ့ကျင့်ရေးစင်တာမှာ တိုက်ခိုက်ရေးသင်တန်းတွေကို တက်ရောက်နေခဲ့တာပါ။ ကမ္ဘာ့အသန်မာဆုံးလူတွေထဲက တစ်ယောက်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ဖို့ဒ်ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ပေါ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုတစ်ခုနဲ့အတူ ပြိုင်ဖက်တွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ၀င်ရောက်သရုပ်ဆောင်ဖူးသလို၊ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်လည်း...

(၁၇)နှစ်အရွယ် အမျိုးသမီးကားမောင်းသမားလေးရဲ့ ပြိုင်ပွဲတွင်းကဆိုးရွားတဲ့မတော်တဆမှု

မနေ့က မကာအိုမှာ ကျင်းပခဲ့တဲ့ Formula 3 ကားပြိုင်ပွဲရဲ့ မကာအိုဂရင်းပရီ ပြိုင်ပွဲမှာ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးကားမောင်းသမားလေးရဲ့ ဖြစ်ရပ်က ပရိသတ်တွေကို ခြောက်ခြားသွားစေခဲ့ပါတယ်။ ဂျာမန်ကားမောင်းသမားလေး ဆိုဖီယာ ဖလော့ရှ်ဟာ တစ်နာရီကို (၁၇၂)မိုင်နဲ့ မောင်းနှင်လာတဲ့ သူမရဲ့ကားကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခဲ့တာဖြစ်ပြီး ကားက လျှင်မြန်တဲ့အရှိန်နဲ့အတူ လေထဲမှာ ပျံဝဲသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နံဘေးမှာ ကာရံထားတဲ့ အကာအရံတန်းကို ကျော်ဖြတ်ပြီး မီဒီယာတွေရှိနေတဲ့ နေရာဆီ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် တခြားကားမောင်းသမားတစ်ယောက်၊ လုံခြုံရေးအရာရှိတစ်ယောက်၊ ဓာတ်ပုံဆရာနှစ်ယောက်နဲ့တို့ကို ဆေးရုံပို့ခဲ့ရပြီး ဆိုဖီယာကိုယ်တိုင်လည်း စိုးရိမ်ရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်...

TRENDING NEWS

INSPIRING