Other Sports

ပရိသတ်တွေမျက်ရည်ဝဲသွားခဲ့ကြတဲ့ အပြေးမယ်လေးတစ်ယောက်ရဲ့ဇွဲသတ္တိ

ဂျပန်နိုင်ငံ၊ ဖူကိုကာစီရင်စုနယ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး လက်ဆင့်ကမ်းမာရသွန်ပြိုင်ပွဲတစ်ခုမှာတော့ အပြေးမယ်လေးတစ်ယောက်ရဲ့ အဖြစ်အပျက်ဟာ ပရိသတ်တွေကို မျက်ရည်ဝဲသွားစေခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် (၁၉)နှစ်အရွယ် အိဒ ဟာ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အဖွဲ့နာမည်က Iwatani Co ဆိုတဲ့အဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့မန်နေဂျာကတော့ ဟီရိုဆေး ဆိုတဲ့ အပြေးသမားဟောင်းတစ်ယောက်ပါ။ ဒီ ပြိုင်ပွဲက အပြေးသမား (၆) ယောက်ကို တစ်ဖွဲ့စီယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး တစ်ယောက်ကို (၄.၅)မိုင်စီ ပြေးကြရတဲ့ ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဂျပန်ပြည်တွင်းရုပ်သံတိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်နေခဲ့ပြီး ဒေသခံပြည်သူတွေကလည်း...

မွေထိုင်းလက်ဝှေ့ပွဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ (၁၃)နှစ်အရွယ် လက်ဝှေ့သမားလေး

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အားကစားနည်းတစ်ခုဖြစ်တဲ့ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် (၁၃)နှစ်အရွယ် လက်ဝှေ့သမားလေး ကိုချာနာ ကတော့ ဦးခေါင်းကို ပြင်းပြင်းထန်ထန်အထိုးခံခဲ့ရပြီးတဲ့နောက် ကြိုးဝိုင်းအတွင်းမှာ လဲကျသွားခဲ့ပြီး ဆေးရုံအရောက်မှာ ကွယ်လွန်သွားခဲ့ရပါတယ်။ နိုဝင်ဘာ (၁၂) ရက်က ကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲတစ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး ဘူရီယမ်ပြည်နယ်ထဲက ဘုရားကျောင်းတစ်ခုထဲမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲပါ။ ထိုင်းနိုင်ငံရဲ့ လက်ဝှေ့ပြိုင်ပွဲတွေမှာတော့ နာမည်ကျော်လက်ဝှေ့သမားတွေရဲ့ ထိုးသတ်မှု မစတင်ခင် လူသစ်လက်ဝှေ့သမားလေးတွေကို မိတ်ဆက်တဲ့အနေနဲ့ ပွဲထုတ်တတ်ကြပြီး ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဟာ ရေကုန်ရေခန်းထိုးသတ်ကြပါတော့တယ်။ ထိုင်းနိုင်ငံတွင်းက လူငယ်အများစုရဲ့ အိပ်မက်ဟာ မွေထိုင်းလက်ဝှေ့ကျော်တစ်ယောက်ဖြစ်လာဖို့ပဲ...

တင်းနစ်ပြိုင်ပွဲသွားကြည့်ပြီး ဘောလုံးဖမ်းဖို့ကြိုးစားခဲ့တဲ့ ရော်နယ်ဒိုရဲ့ဟာသဖြစ်ရပ်

တင်းနစ်ပြိုင်ပွဲတွေမှာ ဘောလုံးကောက်တဲ့ ကလေးတွေကိုတွေ့ဖူးကြမှာပါ။ သူတို့က စည်းအပြင်ရောက်လာတဲ့ဘောလုံးတွေကို လိုက်ကောက်ကြတာဆိုပေမယ့် တစ်ခါတစ်လေတော့လည်း သူတို့နဲ့ အနီးကိုရောက်လာတဲ့ဘောလုံးတွေကို ဖမ်းရတာပဲလေ။ ဒါပေမယ့် ကမ္ဘာ့အဆင့်တင်းနစ်သမားတွေရဲ့ ရိုက်ချက်က ပြင်းလွန်းလို့ သူတို့အတွက် တကယ့်ကို ခက်ခက်ခဲခဲဖမ်းရတာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း သူ့ရဲ့အားလပ်ရက်မှာ သားဖြစ်သူ ဂျူနီယာ၊ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ တို့နဲ့အတူ လန်ဒန်မြို့မှာကျင်းပတဲ့ ATP တင်းနစ် ဗိုလ်လုပွဲကို သွားရောက်အားပေးခဲ့ပြီး အဲဒီပွဲမှာတင်းနစ်ဘောလုံးကို ဖမ်းယူဖို့ ကြိုးစားခဲ့တာပါ။ ဂျိုကိုဗစ်နဲ့ အစ္စနာ တို့ ယှဉ်ပြိုင်ကစားကြတဲ့ အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုတို့က ရှေ့ဆုံးတန်း၊...

ပြိုင်ဖက်ရဲ့ လက်သီးကြောင့် ကြိုးဝိုင်းထဲမှာ လဲကျပြီး သေဆုံးသွားခဲ့ရတဲ့ မွေထိုင်းလက်ဝှေ့ချန်ပီယံ

အောက်တိုဘာ (၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ WBC အာရှချန်ပီယံလုပွဲမှာ ၀င်ရောက်ထိုးသတ်ခဲ့တဲ့ အသက် (၄၉)နှစ်အရွယ် လက်ဝှေ့သမားကြီးဟာ ပြိုင်ဖက်ရဲ့ လက်သီးချက်ကြောင့် ကြိုးဝိုင်းထဲမှာ လဲကျသွားခဲ့ပြီး အသက် သေဆုံးသွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အီတလီနိုင်ငံသား လက်ဝှေ့သမားကြီး ဒါဟီရို ဟာ ထိုင်းနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး မွေထိုင်းနဲ့ ဘောက်ဆင် ချန်ပီယံဆုဖလားတွေကို ရရှိထားခဲ့သူပါ။ ထိုင်းလက်ဝှေ့သမားတစ်ယောက်ဖြစ်တဲ့ ဒွန် ပါရူအန် နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်က သူ့အတွက် နောက်ဆုံးပွဲစဉ် ဖြစ်သွားခဲ့ပြီး ဒါဟီရိုဟာ ပြိုင်ဖက်လက်ဝှေ့သမားရဲ့ ထိုးသတ်ချက်တွေကိုကြံ့ကြံ့ခံဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီ ပြိုင်ပွဲဟာ...

မိန်းမနဲ့ ခွဲပြီး လုံးဝမအိပ်နိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရော်ဂျာဖက်ဒါးရား

နာမည်ကျော် တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒါးရားက ဆယ်စုနှစ် တစ်စုနီးပါလောက်ကို မိန်းမနဲ့ခွဲပြီး လုံးဝ မအိပ်နိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မိန်းကလေးတွေကြားမှာ သူ့ရဲ့ ရုပ်ရည်ကြောင့် ရေပန်းစားလွန်းသူကြီး ဖက်ဒါးရားဟာ ဘယ်လောက်ပဲ စွံတယ်ပြောပြော မိန်းမနဲ့တော့ ခွဲပြီး အိပ်ဖို့ မဖြစ်နိုင်ကြောင်းကို သူ့ရဲ့ အင်တာဗျူးကနေ တစ်ဆင့် သက်သေပြသွားခဲ့တာပါ။ အသက် (၃၇) နှစ်အရွယ် ဒီ ဆွစ်ဇာလန်နိုင်ငံဖွား တင်းနစ် အကျော်အမော်ဟာ ရာသက်ပန် အကောင်းဆုံး ကမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့သူဖြစ်တယ်။ သူ့ အားကစားအတွက်ဆို စိတ်ထက်သန်ပေမယ့် ဇနီး၊ ကလေးတွေနဲ့...

လုယက်သူ ဓားသမား(၈)ယောက်ကို အက်ရှင်ကားဆန်ဆန် တုန့်ပြန်ခဲ့တဲ့ MMAနည်းပြ

ကံဆိုးရှာတဲ့ လူမိုက် (၈) ယောက်ဟာ MMA တိုက်ခိုက်ရေး နည်းပြတစ်ယောက်ဆီကနေ ဖုန်းတစ်လုံးကို လုဖို့ကြိုးစားခဲ့ကြပါတယ်။ ပြီးခဲ့ အပတ် အင်္ဂါနေ့က Louis Nicholson (၂၂) နှစ်ဟာ ညနေ (၄) နာရီမှာ တစ်ယောက်တည်း လမ်းလျှောက်လာတုန်းက လူတစ်စုက သူ့ လက်ထဲက ဖုန်းကို လုဖို့ ချဉ်းကပ်လာကြပါတယ်။ အဲဒီမှာ နည်းပြကလည်း ဘာကိုမှ ပေးဖို့ အစီအစဉ်မရှိတဲ့နောက် သူတို့က စတင်တိုက်ခိုက်ကြပါတော့တယ်။ ဒီဖြစ်ပွားမှုက  အင်္ဂလန်နိုင်ငံ Essex ပြည်နယ် အတွင်းက Grays ဆိုတဲ့...

ဒူဘိုင်းမြေကိုနင်းတာနဲ့ အဖမ်းခံရမယ်လို့ သတိပေးခံလိုက်ရတဲ့ ကမ္ဘာ့စနူကာချန်ပီယံ

လက်ရှိ ကမ္ဘာ့စနူကာ ချန်ပီယံ အဖြစ် ရပ်တည်နေတဲ့ ဗြိတိန်စနူကာချန်ပီယံ မာ့ခ်ဝီလီယံ ကတော့ ဒူဘိုင်းခရီးစဉ်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် အာဏာပိုင်တွေရဲ့ သတိပေးခြင်းကို ခံလိုက်ရပါတယ်။ ကမ္ဘာ့စနူကာချန်ပီယံဆုကို (၃) ကြိမ်ရထားတဲ့ မာ့ခ် ဟာ ဒူဘိုင်းမြေမှာ သွားရောက်ကစားခဲ့တဲ့ စနူကာ ပြိုင်ပွဲဆီကို သူ့ရဲ့ဇနီးသည်ကိုပါ ခေါ်သွားခဲ့ပြီး အဲဒီဇနီးသည်ကြောင့်ပဲ ကံဆိုးသွားခဲ့တာပါ။ ပြိုင်ပွဲပြီးဆုံးသွားတဲ့ညမှာ မာ့ခ်နဲ့ ဇနီးသည်ဖြစ်သူတို့ဟာ ရေနွေးကန် ကို သွားရောက်ခဲ့ပြီး သူတို့နှစ်ယောက်က အဲဒီမှာ အ၀တ်ဗလာနဲ့ ဆယ်လ်ဖီပုံတွေ ရိုက်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ မာ့ခ်တို့နှစ်ဦးဟာ ဟိုတယ်ပြန်ပြီး...

အမေရိကန် ကျွမ်းဘားမယ်လေးရဲ့ လက်ဖျားခါလောက်တဲ့စွမ်းရည်

အမေရိကန်နိုင်ငံ၊ ကျောင်းပေါင်းစုံကျွမ်းဘားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားတဲ့ ကိတ်လင်း ဆိုတဲ့ ကျောင်းသူလေးကတော့ သူမရဲ့ ကျွမ်းဘားစွမ်းရည်မှာ အားလုံးကို မှင်သက်မိသွားစေခဲ့ပါတယ်။ အရပ် (၄)ပေ (၁၀)လက်မ သာ မြင့်တဲ့ ကိတ်လင်း ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းသံနဲ့အတူ ပြိုင်ပွဲဝင်ခဲ့တဲ့ ကိတ်လင်း ဟာ ပြိုင်ပွဲမှာ အမှတ်ပြည့်ရခဲ့တဲ့ တစ်ဦးတည်းသော ကျွမ်းဘားမယ်ဖြစ်ခဲ့ပြီး သူမရဲ့ စွမ်းဆောင်ရည်က တကယ့်ကို လေးစားဖို့ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ကယ်လီဖိုးနီးယားတက္ကသိုလ်အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ပေးခဲ့ပြီး ရမှတ် (၉.၉) ရရှိခဲ့တဲ့...

သင် ဘယ်တော့မှ စမ်းမကြည့်သင့်တဲ့ ကစားနည်းတွေ

တစ်ခါတစ်လေကျရင် သင် ဖြစ်ဖူးပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ တွေ့လိုက်ရတဲ့ ဗီဒီယို တစ်ခုအတိုင်း သင်လည်း လုပ်နိုင်မယ်လို့ ထင်မိတာမျိုးပေါ့။ ကရာတေးသမားတစ်ယောက်က သစ်သားပြားကို လက်ဝါးစောင်းနဲ့ ချိုးနေတဲ့အချိန်၊ သင်လည်း အဲဒီလို လုပ်နိုင်လိမ့်မယ်လို့ တွေးလိုက်မိတာမျိုးလေ။ တကယ်တော့ အဲဒီ အခြေအနေတွေဟာ တွေးတဲ့အဆင့်မှာ ရပ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ် ဒီ အကြောင်းလေးကို သိလိုက်ရတယ်၊ ကိုယ်လည်း သူတို့လို လုပ်နိုင်မယ်လို့ထင်တယ်။ ဒါပါပဲ။ အဲဒီ အဆင့်မှာတင် ရပ်ထားလိုက်ပါ။ ဒီလိုမှ မဟုတ်ပဲ လက်တွေ့လုပ်ကြည့်ဖို့ ကြိုးစားမယ်ဆိုရင်တော့ မမျှော်လင့်တဲ့...

ဒဏ်ရာရကစားသမားရဲ့ အ၀တ်မပါတဲ့ပုံ တင်မိလို့ ပြဿနာတက်နေတဲ့ ရုရှားဟော်ကီအသင်း

ရုရှားနိုင်ငံ၊ မော်စကိုမြို့ အခြေစိုက်အသင်းဖြစ်တဲ့ ရေခဲဟော်ကီအသင်း၊စပါးတပ်မော်စကို ကတော့ အသင်းရဲ့ ဒဏ်ရာရ ကစားသမားကို ကြေညာရာမှာ အ၀တ်မပါတဲ့ပုံနဲ့ ကြေညာမိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းရဲ့ မီဒီယာတာဝန်ခံဟာ ဆေးကုသခံဖို့အတွက် ကုတင်ပေါ်မှာ မှောက်လျက်ရှိနေတဲ့ အသင်းခေါင်းဆောင် ယူလီယာ အူရှာကိုဗာ ရဲ့ ပုံကို တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပြီး အဲဒီပုံမှာ ယူလီယာက အတွင်းခံဘောင်းဘီလေးကလွဲလို့ ဘာမှ ၀တ်မထားခဲ့ပါဘူး။ အဲဒီပုံနဲ့အတူ ယူလီယာဟာ ဒဏ်ရာရှိနေတာကြောင့် မော်စကို အသင်းအတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ရေးသားထားခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေတာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့်...

TRENDING NEWS

INSPIRING