Home Predictions

Predictions

ဒီညယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၆/၁၀/၂၀၁၉)

  ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ Super Sunday မှာတော့ ပွဲစဉ်(၄)ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့လို အသင်းကြီးတွေရဲ့ပွဲတွေဖြစ်တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာ သေချာနေပါတယ်။ အာဆင်နယ် - ဘုန်းမောက် ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိခဲ့ပေမဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပါတယ်။ တိုက်စစ်က အူဘာမီယန်ကလည်း ဂိုးသွင်းခြေစွမ်းပြနေလို့ ဂိုးရဖို့ ပူစရာမလိုပါဘူး။ ဘုန်းမောက်ကလည်း နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲမရှိဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပြီး အဲဒီ(၃)ပွဲမှာ တိုက်စစ်က (၈)ဂိုးအထိ သွင်းထားနိုင်ပါတယ်။ ဘုန်းမောက်တိုက်စစ်မှူး ကူလန်ဝီလ်ဆင်ကလည်း (၄)ပွဲဆက်ဂိုးသွင်းထားပြီး...

ဒီညယှဉ်ပြိုင်ကစားမဲ့ စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၆/၁၀/၂၀၁၉)

  မနေ့က (၃)ပွဲကစားပြီးပြီဖြစ်တဲ့ စီးရီးအေပွဲစဉ်(၇)ရဲ့ လက်ကျန်ပွဲတွေကို ဒီညမှာဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဆက်ဆူအိုလိုဥက္ကဌသေဆုံးမှုကြောင့် ရွှေ့ဆိုင်းထားတဲ့ ဘရက်စီယာ-ဆက်ဆူအိုလိုပွဲကလွဲရင် ကျန်တဲ့ (၆)ပွဲစလုံးယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲတိုင်းနိုင်ထားတဲ့ ကွန်တီရဲ့ အင်တာနဲ့ ဆာရီရဲ့ လက်ရှိချန်ပီယံ ဂျူဗီတို့ပွဲကတော့ ပွဲကြီးပွဲကောင်းဖြစ်လာပါလိမ့်မယ်။ ဖီအိုရင်တီးနား - အူဒီးနီးစ် ဝါရင့်ကစားသမားကြီး ရီဘာရီရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ ဖီအိုရင်တီးနားကတော့ (၂)ပွဲဆက်နိုင်ပွဲရထားပြီး ခြေတက်နေပါပြီ။ တိုက်စစ်ကလည်း နောက်ဆုံး(၃)ပွဲမှာ (၇)ဂိုးသွင်းထားပြီး ဂိုးသွင်းခြေတွေ့နေပါတယ်။ အူဒီးနီးစ်ကလည်း (၂)ပွဲဆက် ရှုံးပွဲမရှိသလို၊ ခံစစ်ပိုင်းက နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးပဲပေးထားရတာကြောင့် ဖီအိုတိုက်စစ်နဲ့ အူဒီးနီးစ်ခံစစ် အားပြိုင်မဲ့ပွဲပါပဲ။ ဒါပေမဲ့ အူဒီးနီးစ်နဲ့ကစားတဲ့ အိမ်ကွင်းနောက်ဆုံး...

ဒီညယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၆/၁၀/၂၀၁၉)

  စပိန်လာလီဂါပွဲစဉ် (၈)ရဲ့လက်ကျန်ပွဲစဉ်(၅)ပွဲကိုတော့ ဒီညမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အစောဆုံးပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ(၄)နာရီခွဲမှာ စတင်ယှဉ်ပြိုင်သွားမှာပါ။ ဒီညအတွက် အကောင်းဆုံးပွဲကတော့ နူးကမ့်ကွင်းမှာယှဉ်ပြိုင်မဲ့ ဘာစီလိုနာနဲ့ ဆီဗီလာတို့ရဲ့ပွဲစဉ်ပါပဲ။ မာယော့ကာ - အက်စ်ပန်ညို ဒီနှစ်မှာတန်းပြန်တက်လာတဲ့ မာယော့ကာရဲ့လက်ရှိခြေစွမ်းက အဆိုးရွားဆုံးအခြေအနေကိုရောက်နေပါတယ်။ လာလီဂါအဖွင့်ပွဲစဉ်မှာ အနိုင်ရပြီးကတည်းက (၆)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နောက်ဆုံး (၃)ပွဲဆက်တိုက် ရှုံးထားပါတယ်။ ဒါ့အပြင် (၆)ပွဲမှာ ဂိုးသွင်းနိုင်တဲ့ပွဲ (၁)ပွဲပဲရှိတဲ့အထိ တိုက်စစ်ကလည်း ဂိုးပေါက်ပျောက်နေပါတယ်။ အက်စ်ပန်ညိုကလည်း လာလီဂါနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၂)ပွဲသရေ၊ (၁)ပွဲရှုံးထားပါတယ်။ ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ ရုရှားမြေမှာ...

ဒီညယှဉ်ပြိုင်ကစားမဲ့ စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၅/၁၀/၂၀၁၉)

  တဖြေးဖြေးနဲ့အရှိန်ရလာပြီဖြစ်တဲ့ အီတလီစီးရီးအေကတော့ ပွဲစဉ်(၇)ကိုတော့ ဒီညနဲ့ မနက်ဖြန်ညတွေမှာ ဆက်လက်ယှဉ်ပြိုင်မှာပါ။ ဒါပေမဲ့ ပွဲစဉ်(၁၀)ပွဲအနက် (၉)ပွဲကိုပဲ ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ ဘရက်စီယာ-ဆက်ဆူအိုလိုပွဲကိုတော့ ဒီဇင်ဘာလကို ရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။ ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းကတော့ ဆက်ဆူအိုလိုအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျော်ဂျီယိုဆကွင်ဇီ ကွယ်လွန်ခဲ့တာကြောင့် ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီညမှာတော့ ပွဲစဉ်(၃)ပွဲကိုယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရလဒ်တွေဆိုးနေတဲ့ အေစီမီလန် အသင်းရဲ့ပွဲစဉ်ပါဝင်နေပါတယ်။ SPAL - ပါးမား နောက်ဆုံး(၃)ပွဲဆက်ရှုံးထားတဲ့ SPAL အသင်းကတော့ အဓိကကစားသမားတွေလည်း ဒဏ်ရာတွေရနေလို့ အားနည်းနေပါတယ်။ နောက်ဆုံး(၃)ပွဲမှာ (၈)ဂိုးပေးရပြီး (၁)ဂိုးပဲသွင်းနိုင်တဲ့ တိုက်စစ်က ပါးမားကို အသာရဖို့ခက်မှာပါ။...

ဒီညယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၅/၁၀/၂၀၁၉)

  ပရီးမီးယားလိဂ်ပွဲစဉ်(၈)ကို ဒီညမှာ (၆)ပွဲ၊ မနက်ဖြန်ညမှာ (၄)ပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီတပတ်ပြီးရင် နိုင်ငံတကာပွဲတွေအတွက် ကလပ်အသင်းပွဲတွေခဏနားမှာဖြစ်ပါတယ်။ ဒီညပွဲတွေမှာတော့ Big 6 အသင်းတွေထဲက စပါးနဲ့ လီဗာပူးလ်တို့ ကစားမှာဖြစ်ပြီး တခြားပွဲတွေမှာလည်း ခြေညီတဲ့အသင်းတွေတွေ့နေလို့ အကြိတ်အနယ်ရှိဦးမှာပါ။ ဘရိုက်တန် - စပါး ဒီပွဲမှာ ပထမဆုံးမေးရမဲ့မေးခွန်းက စပါးအသင်း ကြားရက်က အရှက်တကွဲရှုံးနိမ့်မှုက ပြန်လာနိုင်မလားဆိုတာပါပဲ။ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ (၇)ဂိုးသွင်းတာခံခဲ့ရလို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အနည်းနဲ့အများ ထိခိုက်မှုရှိနေမှာ သေချာပါတယ်။ ဒါ့အပြင် စပါးဟာ ပရီးမီးယားလိဂ်အဝေးကွင်း (၉)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့အသင်းပါ။...

ဒီညယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၅/၁၀/၂၀၁၉)

  ဒီတပတ် စပိန်လာလီဂါပွဲစဉ်(၈)ကိုတော့ မနေ့ညက (၁)ပွဲ၊ ဒီညမှာ (၄)ပွဲနဲ့ မနက်ဖြန်ညမှာ (၅)ပွဲယှဉ်ပြိုင်သွားမှာပါ။ မနေ့ညကပွဲစဉ်မှာတော့ ဘက်တစ်နဲ့ အီဘာတို့ (၁)ဂိုးစီသရေကျခဲ့ပါတယ်။ ဒီညပွဲတွေထဲမှာတော့ လက်ရှိအဆင့်(၁)နဲ့(၂)က ရီးရဲလ်မက်ဒရစ်နဲ့ ဂရန်နာဒါတို့ပွဲရှိနေပြီး ဗလင်စီယာ၊ ဗီလာရီးရဲလ်တို့ရဲ့ ပွဲတွေလည်းကစားသွားမှာပါ။ လီဂါနက်စ် - လီဗန်တေး နိုင်ပွဲမရှိသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ လီဂါနက်စ်တို့ အမှတ်လိုနေပါပြီ။ နောက်ပိုင်းပွဲတွေမှာကစားပုံကောင်းလာခဲ့ပေမဲ့ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဂရန်နာဒါတို့လို ခြေစွမ်းကောင်းနေတဲ့အသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့ နိုင်ပွဲမရသေးတာပါ။ ဒါတောင်မှ (၃)ပွဲမှာ (၂)မှတ်ရအောင်ယူနိုင်ခဲ့ပါသေးတယ်။ လီဗန်တေးကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ခြေကျနေပါတယ်။ ဒါ့အပြင်အဝေးကွင်းခြေစွမ်းကလည်း...

ဒီညကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂/၁၀/၂၀၁၉)

  ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၂)ကို ဒီညမှာဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အုပ်စု E, F, G နဲ့ H တို့က ပွဲစဉ်(၈)ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဒီညမှာလည်း ပွဲကြီးပွဲကောင်းတွေ ရှိနေပြီး ဘာစီလိုနာ-အင်တာမီလန်ပွဲကတော့ ပရိသတ်တွေအားလုံး စိတ်ဝင်စားမဲ့ပွဲစဉ်ဖြစ်ပါတယ်... အုပ်စု (E) ပွဲစဉ်များ ဆဲလ်ဘတ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ ဂျန့်ရဲ့ခြေစွမ်းက အားနည်းလွန်းပါတယ်။ နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိထားပြီး ခြေစွမ်းတည်ငြိမ်ခြင်းလည်း မရှိပါဘူး။ နာပိုလီကတော့ ကာဂလီယာရီကို မထင်မှတ်ဘဲရှုံးခဲ့ပေမဲ့ ခြေစွမ်းကထက်ဆဲပါပဲ။ လီဗာပူးလ်ကို အဖွင့်ပွဲမှာအနိုင်ယူထားပြီး ဒီပွဲမှာလည်း (၃)မှတ်အပြည့်ရဖို့ကိုပဲ ဦးတည်ကစားမှာပါ။ ဒီရာသီမှာ အဝေးကွင်း...

ဒီညကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၁/၁၀/၂၀၁၉)

  ၂၀၁၉-၂၀ ချန်ပီယံပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်(၂)ကိုတော့ ဒီတပတ်အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီညမှာတော့ အုပ်စု A, B, C နဲ့ D တို့က ပွဲစဉ်(၈)ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့တဲ့ အသင်းကြီးတွေ ရလဒ်ကောင်းရအောင် ကြိုးစားကြပါတော့မယ်... အုပ်စု (A) ပွဲစဉ်များ အုပ်စုအဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးထားတဲ့ ရီးရဲလ်အသင်း အိမ်ကွင်းမှာနိုင်ပွဲပြန်ရှာတော့မှာပါ။ နောက်ဆုံး(၃)ပွဲဆက် ဂိုးမပေးခဲ့ရတဲ့ ခံစစ်တောင့်တင်းမှုကြောင့် တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ပဲလိုပြီး ဒီပွဲမှာ ဝေဖန်မှုတွေခံနေရတဲ့ ဟာဇက် ခြေစွမ်းပြနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ့အပြင် ကွင်းလယ်လူ မိုဒရစ်လည်း ပြန်ကစားနိုင်ပြီဖြစ်လို့...

ဒီညကစားမဲ့ ပရီးမီးယားလိဂ် Big Match ပွဲစဉ် ပွဲကြိုသုံးသပ်ချက် (၃၀/၉/၂၀၁၉)

  ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကြီးပွဲကောင်းကိုတော့ ဒီည (၁)နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲမတိုင်ခင်က ဒဏ်ရာပြဿနာတွေရှိနေခဲ့ပေမဲ့ အခုပွဲမစခင်မှ လူစာရင်းထဲမှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါလာတဲ့ သတင်းကြောင့် အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာ မပါနိုင်ခဲ့ရင် နောက်တန်းကအားနည်းသွားမှာဖြစ်ပြီး အာဆင်နယ်ရဲ့ လျင်မြန်တဲ့တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း လူစာရင်းမှာပါလာပေမဲ့ ဒဏ်ရာအကင်းသေခြင်း ရှိ၊မရှိ မသေချာသလို၊ ဝင်ကစားနိုင်ခဲ့ရင်တောင် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ မသေချာသေးပါဘူး။ အာဆင်နယ်အသင်းကတော့...

ဒီညကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက် (၂၉/၉/၂၀၁၉)

  ဒီညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ ပွဲစဉ်(၁)ပွဲပဲရှိပါတယ်။ မနေ့က ပွဲစဉ်(၈)ပွဲကစားခဲ့ပြီး မနက်ဖြန်မှာ (၁)ပွဲဆက်ကစားမှာဖြစ်လို့ ဒီညမှာ လက်စတာ-နယူးကာဆယ် ပွဲစဉ်(၁)ပွဲပဲ ရှိနေပါတယ်။ လက်စတာ - နယူးကာဆယ် စပါးကိုနိုင်ပြီးနောက် အိမ်ကွင်းမှာဆက်လက်ကစားရတာဖြစ်လို့ လက်စတာတို့ ယုံကြည်မှုပြည့်ဝနေမှာပါ။ ကြားရက်မှာကစားထားတဲ့ EFL Cup ပွဲစဉ်မှာလည်း ဂိုးပြတ်နိုင်ထားတာကြောင့် (၃)ပွဲဆက်နိုင်ပွဲရဖို့ ကြိုးစားကြမှာ သေချာပါတယ်။ ဒါပေမဲ့ အားထားရတဲ့ ကွင်းလယ်လူ မက်ဒီဆင် ဒဏ်ရာကြောင့် မပါဝင်နိုင်တာက လက်စတာအတွက် အဓိကထိုးနှက်ချက်ပါပဲ။ သူ့နေရာမှာ ဒါမီယန်ဂရေး၊ အယ်လ်ဘရိုက်တန်၊ ပရာယက် ဘယ်သူဝင်ကစားကစား မက်ဒီဆင်လောက်တော့ ဖန်တီးမှုပိုင်းမှာ...

TRENDING NEWS

INSPIRING