ဒီညကစားမဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၁၄/၉/၂၀၁၉)
ဒီညမှာတော့ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ် (၆)ပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒေါ့မွန်-လေဗာကူဆင်၊ လိုက်ပစ်ဇ်-ဘိုင်ယန်မြူးနစ် စတဲ့ ပွဲကြီးပွဲကောင်း(၂)ပွဲပါဝင်နေပါတယ်။
ဒေါ့မွန် - လေဗာကူဆင်
(၂)သင်းစလုံးဟာ ရာသီအစ(၂)ပွဲဆက်နိုင်ခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ ရလဒ်မကောင်းခဲ့ကြပါဘူး။ ဒေါ့မွန်ကတော့ တန်းတက်ယူနီယံဘာလင်ကို မထင်မှတ်ဘဲရှုံးခဲ့ပြီး လေဗာကူဆင်ကတော့ အိမ်ကွင်းမှာ ဟော့ဖန်ဟိမ်းနဲ့ သရေကျခဲ့ပါတယ်။ ယူနီယံဘာလင်နဲ့ပွဲမှာ မပါနိုင်ခဲ့တဲ့ ဝစ်ဆယ် နဲ့ သော်ဂန်ဟာဇက်တို့ ဒီပွဲမှာ ပြန်ပါလာနိုင်သလို၊ ဒီရာသီပွဲတိုင်းဂိုးသွင်းထားတဲ့ အယ်လ်ကာဆာ၊ ခြေစွမ်းပြနေတဲ့ ဆန်ချိုတို့နဲ့ ဒေါ့မွန်အသင်းဂိုးရဖို့ မပူရလောက်ပါဘူး။ ဒီလိုပဲ လေဗာကူဆင်ရဲ့ ဟာဗက်ဇ်၊ ဘိုင်လေ၊ ဗော့လန်ဒ် တို့ကလည်း ဒေါ့မွန်ကိုဂိုးသွင်းနိုင်ပါလိမ့်မယ်။...