Home Predictions Champion League

Champion League

စပိန်ဧကရာဇ် ဘာစီလိုနာ၊ ခြေစွမ်းအကောင်းဆုံးဖြစ်နေတဲ့ လီဗာပူး … ဘယ်သူ နိုင်သွားမလဲ ?

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ကပဲ စပိန်လာလီဂါချန်ပီယံဆုဖလားကြီးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘာကာဟာ Spanish Cup ဖိုင်နယ်ပွဲစဉ်ကိုလည်း အခုလမှာ ဗလင်စီယာအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ အခု ချန်ပီယံလိဂ်နဲ့ဆိုရင် သူတို့ဟာ ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ မြင်သာစေပါတယ်။ ဒီနှစ်ဟာ (၂၀၀၈)ခုနှစ်ပြီးရင် ဘာစီတို့အတွက် အထင်ကရနှစ်တစ်ခု ဖြစ်လာမှာပါ။ လီဗာပူးကလည်း လက်ရှိမှာ အကောင်းဆုံးစုဖွဲ့မှုနဲ့ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကို ကြည့်ချင်းအားဖြင့် အမှားအယွင်း ပိုနည်းလာတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီးနဲ့ နင်လာငါလား ကြိုးစားနေချိန်၊ အခု ချန်ပီယံလိဂ်ကလည်း အသင်းရဲ့...

မက်ဆီကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ဧပြီ(၃၀)မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် လီဗာပူးမှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီး၊ မက်ဆီကို ဘယ်လို တားဆီးရမလဲဆိုတာကိုတော့ သူ့မှာ တိကျတဲ့အဖြေ မရှိသေးဘူးလို့ ပြောပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းကို နှစ်ကျော့ပေါင်း(၆-၁)ရလဒ်နဲ့  ကျော်ဖြတ်လာခဲ့သလို ဘာစီလိုနာအသင်းကလည်း မန်ယူအသင်းကို နှစ်ကျော့ပေါင်း (၄-၀)ရလဒ်နဲ့ ခြေစွမ်းပြ ကျော်ဖြတ်လာခဲ့တဲ့ အသင်းပါ။ လီဗာပူးအသင်းဟာ ပထမအကျော့မှာ ဘာစီလိုနာအိမ်ကွင်းမှာ ဧည့်သည်အဖြစ် သွားရောက်ကစားရမှာ ဖြစ်ပြီး၊ မက်ဆီလို ထိပ်သီးကစားသမားနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ ဗန်ဒိုက်က ပြောပါတယ်။ သတင်းသမားတစ်ဦးက သူ့ကို ဘယ်လို တားဆီးကာကွယ်သွားမလဲ...

မော်ရင်ဟိုခန့်မှန်းလိုက်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အလားအလာအကောင်းဆုံး အသင်းများ

မကြာသေးခင်ကပဲ ချန်ပီယံလိဂ်ရဲ့ အရေးပါဆုံးပွဲစဉ်တွေဖြစ်တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ပြီးပါပြီ။ အသင်းတစ်ချို့ကတော့ နောက်တစ်ဆင့်အတွက် အခြေအနေတွေ ကောင်းသွားခဲ့ပြီဖြစ်သလို၊ တစ်ချို့ကလည်း နောက်တစ်ဆင့်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဝါရင့်နည်းပြကြီး မော်ရင်ဟိုကတော့ သူ့အမြင်အရ အသင်းတစ်ချို့ နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားတာ မှန်သော်လည်း၊ ဒါဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် မဟုတ်သေးတဲ့အတွက် အသင်းတိုင်းမှာ အခွင့်အရေးတွေ ကိုယ်စီရှိနေသေးတယ်လို့ သူက ပြောပါတယ်။ မော်ရင်ဟိုက “ ကျွန်တော့်ကိုယ်ကျွန်တော် ကြိုတင်ပြီး ကာထားချင်ပါတယ် … ဒါကတော့ ကျွန်တော့်အမြင်ပေါ့နော်...

လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုကို လှောင်ပြောင်ခဲ့ကြတဲ့ မန်ယူပရိသတ်များ

ယနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းဟာ ဧည့်သည်ဘာစီလိုနာအသင်းကို ပွဲချိန်(၁၂)မိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ လုခ်ရှောရဲ့ OG ကြောင့် နစ်နာခဲ့ရပါတယ်။ အဲဒီပွဲမှာ လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုလည်း ပထမ(၁၁)ယောက် စာရင်းမှာ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူပရိသတ်တွေဟာ ကော်တင်ဟို ဘောလုံးထိလိုက်တိုင်း၊ ကျယ်လောင်စွာ အသံတွေပြု လှောင်ပြောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် စိတ်ခုသွားနိုင်တဲ့ ကော်တင်ဟိုဟာ  နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို မရွေးချယ်တော့မှာကို စိုးရိမ်စရာရှိနေပါတယ်။ မန်ယူပရိသတ်တွေဟာ ရန်သူတော် လီဗာပူးကစားသမားဟောင်းဖြစ်တဲ့ ဆွာရက်ဇ်ကိုလည်း အခုလို လှောင်ပြောင်မှုတွေ လုပ်ခဲ့ပေမယ့် ဒါက သိပ်ပြီးထိခိုက်စရာမရှိပါဘူး။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ...

အိမ်ကွင်းမှာ(၂-၀)ဖြစ်နိုင်ချေရှိတဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်သုံးသပ်ချက်

ဂျုဗင်တပ်စ်ကွင်းလယ်မှာ ခီဒီယာ ပါဝင်နိုင်ဦးမှာမဟုတ်ပဲ ဒဏ်ရာရနေတဲ့ ကွာဒရာဒို၊ ဒေါက်ဂလပ်ကော်စတာ တို့ကလည်း ဒီပွဲကို လွဲမှာပါ။ ဒါ့အပြင် အနီကတ်ထိထားတဲ့ နောက်ခံလူ အဲလက်စ်ဆန်ဒရိုကလည်း ဒီပွဲကို ပါနိုင်မှာ မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်ရဲ့တိုက်စစ်မှာ ရော်နယ်ဒို၊ မန်ဇူကစ်အတွဲ ပွဲထွက်လာမှာဖြစ်ပြီး ဒိုင်ဘာလာက နောက်ချန်တိုက်စစ်နေရာက ကစားမှာပါ။ ကွင်းလယ်မှာ မာတွီဒီ ၊ ဘန်တန်ကာနဲ့ ပီဂျာနစ် တို့ ကစားမှာဖြစ်ပြီး အဲလက်စ်ဆန်ဒရိုမပါနိုင်လို့ သူ့ရဲ့နေရာမှာ ဆစ်ဂလီယို ၀င်ကစားဖို့ရှိနေပါတယ်။ ဆစ်ဂလီယို၊ ချီလီနီ ၊ ဘိုနူချီနဲ့ ကန်ဆယ်လို တို့အတွဲကို...

နေမာ၊ကာဗာနီ၊မူနီယာတို့မပါပဲမန်ယူကိုရင်ဆိုင်ရမယ့် PSGရဲ့ဒီဇိုင်းကာလာအနေအထား

လာမယ့် ဗုဒ္ဓဟူးနေ့နံနက် (၂း၃၀) အချိန်မှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပြိုင်ပွဲရဲ့ ပထမအကျော့ပွဲစဉ်အဖြစ် PSG ကို အိမ်ကွင်းမှာ လက်ခံကစားရတော့မှာပါ။ နည်းပြ မော်ရင်ဟို ရဲ့ လက်ထက် ၊ မဲခွဲပွဲရလဒ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ မန်ယူအသင်း ကျိန်းသေပေါက် ဒီအဆင့်ကနေ လှည့်ပြန်ရလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ကြပါပြီ။ အထူးသဖြင့် PSG ရဲ့ အကောင်းဆုံး တိုက်စစ်မှူး နှစ်ယောက် ဖြစ်တဲ့ နေမာ နဲ့ ကာဗာနီ တို့ ဒဏ်ရာရနေမှုဟာ မန်ယူအသင်းအတွက်...

ဘာစီလိုနာကို လန်ဒန်သားတွေ နိုင်မယ်ထင်လား

ဒီနေ့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်က လန်ဒန်မြို့သားတွေဖြစ်တဲ့ စပါးအသင်းအတွက်တော့ သေရေးရှင်ရေးပွဲစဉ်ပဲ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်ကွင်းမှာ သွားရောက်ကစားရမှာပါ။ ဘာစီလိုနာအသင်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားရပြီဖြစ်လို့ အိမ်ကွင်းမှာ စိတ်အေးလက်အေး ကစားမှာဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ စပါးအသင်းကတော့ အနိုင်ရကာမှ နောက်တစ်ဆင့်ကို တက်နိုင်မယ့်အခွင့်အရေးရှိနေတာပါ။ ဘာစီလိုနာ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကတော့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ မက်ဆီကို ပွဲထုတ်ဖို့မသေချာဘူးလို့ အရိပ်အမြွက်ပြောထားပါတယ်။ တိုက်စစ်မှာ ကော်တင်ဟို ၊ ဒမ်ဘီလီ နဲ့ ဟက်ဒါဒီ တို့ကို ပွဲထုတ်လာဖို့ရှိနေပြီး ကွင်းလယ်မှာ အာသာ၊ ဘက်စ်ကွက်ဇ် နဲ့...

အိမ်ကွင်းမှာ မဖြစ်မနေနိုင်ဖို့ လိုအပ်နေတဲ့လီဗာပူးလ် ၊ နာပိုလီကိုနိုင်ပါ့မလား

လီဗာပူးလ် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မာနေး၊ ဖာမီနိုနဲ့ ဆာလက်တို့ ပွဲထွက်လာမှာဖြစ်ပြီး ကလော့ပ်ဟာ သူ့ရဲ့အကောင်းဆုံး လူစာရင်းကိုပဲ ဒီပွဲမှာ သုံးမှာပါ။ ကွင်းလယ်မှာတော့ ရှာကွီရီ၊ ကီတာတို့ထက် အတွေ့အကြုံပိုများတဲ့ ၀စ်နယ်ဒန် ၊ ဟန်ဒါဆင်နဲ့ မီလ်နာ တို့ကို သုံးဖို့များနေပြီး နာပိုလီရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့ကွင်းလယ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ ခံစစ်မှာ ဂိုမက်ဇ် ဒဏ်ရာရနေလို့ မာတစ်နဲ့ ဗန်ဒိုက် တွဲကစားမှာဖြစ်ပြီး ဘယ်ညာခံစစ်တွေမှာတော့ အာနိုးလ်နဲ့ ရော်ဘတ်ဆင် တို့က ပါဝင်လာမှာဖြစ်ပါတယ်။ နာပီုလီ နာပိုလီအသင်းက တိုက်စစ်မှာ မီလစ်...

ပြင်သစ်မြေမှာ လီဗာပူးလ်တို့ အခြေအနေကောင်းပါ့မလား

PSG PSG အသင်းရဲ့ တိုက်စစ်မှာ နေမာ၊ ဘက်ပီတို့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာကြတာကြောင့် နေမာ၊ ဘက်ပီနဲ့ ကာဗာနီအတွဲကိုပဲ တွေ့ရမှာပါ။ နည်းပြ တူချယ်လ်အနေနဲ့ လီဗာပူးလ်ရဲ့ကွင်းလယ်ကို ထိန်းချုပ်ဖို့ တိုက်စစ်အားသန်ကစားသမား ဒီမာရီယာရဲ့နေရာမှာ ဘားနတ် ကိုပဲ သုံးဖို့ရှိနေပြီး ရာဘီယော့ ၊ ဗာရက်တီ ၊ မူနီယာ တို့နဲ့အတူ ကွင်းလယ်မှာ ပွဲထုတ်ဖို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ ကင်ဖန်ဘီ ၊ ဆေးလ်ဗား နဲ့ မာကွင်ဟိုစ် တို့ ကစားမှာဖြစ်ပြီး ဂိုးသမားနေရာမှာကတော့ ဘူဖွန်ပါ။ ပြီးခဲ့တဲ့ လီဂူးပွဲစဉ်မှာ ပွဲထွက်လာခဲ့တဲ့...

အိုးထရက်ဖို့ဒ်မှာ ဆိုပေမယ့် ဗလင်စီယာကို မန်ယူ နိုင်ပါ့မလား….

ဟော့ဖင်ဟိန်း - မန်စီးတီး (ည ၁၁း၂၅) ဟော့ဖင်ဟိန်းအသင်းက ပထမပွဲစဉ်မှာ ရှက်တာဒိုးနက်နဲ့ (၂) ဂိုးစီ သရေကျထားခဲ့ပြီး မန်စီးတီးကတော့ လိုင်ယွန်ကို အိမ်ကွင်းမှာ အရှုံးပေးထားခဲ့ရတယ်။ ဟော့ဖင်ဟိန်းက ဆာဇာလိုင်း၊ ကရာမာရစ် တို့ကို အဓိက ပွဲထုတ်လာမှာဖြစ်ပြီး မန်စီးတီးကို အိမ်ကွင်းမှာ အခက်တွေ့အောင်လုပ်ဖို့ ကြိုးစားလိမ့်မယ်။ မန်စီးတီးအသင်းကတော့ ဆာနေး၊ ဂျီးဆပ်စ်နဲ့ စတာလင် တို့ကို တိုက်စစ်မှာ ပွဲထုတ်ဖို့ရှိနေပြီး ဂွာဒီယိုလာအနေနဲ့ ကွင်းလယ်မှာ ဂန်ဒိုဂန်ထက်စာရင် ဘာနာဒိုဆေးလ်ဗား ကိုသုံးလိမ့်ဦးမယ်ထင်တယ်။ ဟော့ဖင်ဟိန်း အိမ်ကွင်းအားသာချက်ရှိနေပေမယ့် အမှတ်လိုနေပြီဖြစ်တဲ့...

TRENDING NEWS

INSPIRING