Home Predictions Europa League

Europa League

အမြွှာတွေလား ထင်ခဲ့ရတဲ့ ချယ်လ်ဆီးနောက်ခံလူ လုဇ်နဲ့ ပရာဂွေးနောက်ခံလူ အဲလက်စ်

ချယ်လ်ဆီးအသင်းနဲ့ ဆလားဗီယားပရာဂွေးအသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ နှစ်ဘက်ကစားသမားတွေ အချင်းချင်း နှုတ်ဆက်ကြချိန် ပရိသတ်တွေ သတိထားမိခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ပရာဂွေးနောက်ခံလူ အဲလက်စ်ကရယ်လ်တို့ပါ။ သူတို့နှစ်ယောက်ဟာ ပွဲပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်၊ အားပေးစကား ပြောခဲ့ကြပြီး၊ သူတို့တစ်တွေ ရုပ်ချင်းဆင်တူနေတာကိုလည်း အချင်းချင်း ရိပ်မိသိရှိခဲ့ကြပုံပါဘဲ။ နှစ်ယောက်သား အဝတ်လဲခန်းထဲမှာ သီးခြားဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြကာ၊ လူမှုကွန်ရက် အသီးသီးမှာ တင်ခဲ့ကြပါတယ်။ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ပရိသတ်တစ်ဦးက “ဒေးဗစ်လုဇ်က ယူရိုပါလိဂ်နိုင်ပွဲရပြီးနောက် သူ့ကိုယ်သူ ဂုဏ်ပြုနေတာ ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။ အခြားတစ်ဦးကလည်း...

နာပိုလီနဲ့ပွဲစဉ်ဟာ ယခုနှစ်ဘောလုံးရာသီအတွက် ရမ်ဆေးရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်နိုင်

ယမန်နေ့ညက နာပိုလီရဲ့အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ ဒဏ်ရာကြောင့် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ၊ လူစားလဲခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်တို့ 0-1 ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကြော့ပေါင်း 3-0 ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အာဆင်နယ်တို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပေမယ့်၊ ကွင်းလယ်ကစားသမား ရမ်ဆေးကိုတော့ လက်ကျန်ပွဲစဉ်တွေ အကုန်လုံးအတွက် လက်လွှတ်ရဖွယ် ရှိနေကြောင်း သိရပါတယ်။ အမ်မရီကတော့ ရက်သတ္တပတ်အချို့ အနားယူရဖွယ် ရှိတယ်လို့ ဝန်ခံထားပေမယ့်သူရဲ့ ဒဏ်ရာအခြေအနေအရ ရာသီကုန်အထိ အနားယူရဖို့ ရှိနေပါတယ်။ ရမ်ဆေးဟာ ဒူးကောက်ကြော ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး...

စပိန်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရသွားဖို့ ရှိနေတဲ့ ဗလင်စီယာ

ဗီလာရီးယဲ VS ဗလင်စီယာ ဗီလာရီးယဲအသင်းဟာ ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဆိုပေမယ့် လက်ရှိခြေစွမ်းအရတော့ ဧည့်သည်ဗလင်စီယာကို ပိုသဘောကျနေပါတယ်။. ဗီလာရီးယဲဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ နှစ်ပွဲသာအနိုင်ရပြီး၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဗလင်စီယာအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ (၃)ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပြီး ခြေစွမ်းပိုင်းမာကျောတောင့်တင်းတဲ့ အသင်းလို့ဆိုရင် မမှားပါဘူး။ အဝေးကွင်းခြေစွမ်း ပိုကောင်းတဲ့ ဗလင်စီယာအသင်းဟာ အခုပွဲမှာလည်း (၁-၂)ရလဒ်နဲ့ အနိုင်ပိုင်းသွားမယ်လို့ forebet.com က ခန့်မှန်းထားပါတယ်။ ဘင်ဖီကာ VS ဖရန့်ဖွတ် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းတည်ငြိမ်လွန်းတဲ့...

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပကျော့မှာ လန်ဒန်အခြေစိုက်အသင်းတွေ ဆက်ပြီးအောင်ပွဲခံမယ်

အာဆင်နယ် VS နာပိုလီ ပရီးမီယားလိဂ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာတော့ ရလဒ်ကောင်းတွေရဖို့ အတော်လေး လုံးပန်းနေတာကို တွေ့ရပါတယ်။ အခု ကွာတားဖိုင်နယ် ပထမအကျော့မှာ ခြေမာတဲ့ နာပိုလီကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ နည်းနည်းတော့ ချင့်ချိန်စရာပါ။ ဒါပေမယ့် အာဆင်နယ်တို့ဟာ အိမ်ကွင်းပွဲတိုင်းမှာ ရလဒ်ကောင်းတွေ ရနေတယ်ဆိုတာ သံသယ ဖြစ်ဖွယ်ရာမရှိပါဘူး။ ကမ္ဘာကျော်လောင်းကစားဝက်ဘ်ဆိုဒ် forebet.com ကတော့ အာဆင်နယ်က (၃-၁)ရလဒ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အာဆင်နယ်ရဲ့ နိုင်ခြေကတော့ (40)%အထိ ရှိနေပြီး၊ သရေကျနိုင်ခြေကတော့...

TRENDING NEWS

INSPIRING