Laliga

ဒီညယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၆/၁၀/၂၀၁၉)

  စပိန်လာလီဂါပွဲစဉ် (၈)ရဲ့လက်ကျန်ပွဲစဉ်(၅)ပွဲကိုတော့ ဒီညမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အစောဆုံးပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ(၄)နာရီခွဲမှာ စတင်ယှဉ်ပြိုင်သွားမှာပါ။ ဒီညအတွက် အကောင်းဆုံးပွဲကတော့ နူးကမ့်ကွင်းမှာယှဉ်ပြိုင်မဲ့ ဘာစီလိုနာနဲ့ ဆီဗီလာတို့ရဲ့ပွဲစဉ်ပါပဲ။ မာယော့ကာ - အက်စ်ပန်ညို ဒီနှစ်မှာတန်းပြန်တက်လာတဲ့ မာယော့ကာရဲ့လက်ရှိခြေစွမ်းက အဆိုးရွားဆုံးအခြေအနေကိုရောက်နေပါတယ်။ လာလီဂါအဖွင့်ပွဲစဉ်မှာ အနိုင်ရပြီးကတည်းက (၆)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နောက်ဆုံး (၃)ပွဲဆက်တိုက် ရှုံးထားပါတယ်။ ဒါ့အပြင် (၆)ပွဲမှာ ဂိုးသွင်းနိုင်တဲ့ပွဲ (၁)ပွဲပဲရှိတဲ့အထိ တိုက်စစ်ကလည်း ဂိုးပေါက်ပျောက်နေပါတယ်။ အက်စ်ပန်ညိုကလည်း လာလီဂါနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၂)ပွဲသရေ၊ (၁)ပွဲရှုံးထားပါတယ်။ ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ ရုရှားမြေမှာ...

ဒီညယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၅/၁၀/၂၀၁၉)

  ဒီတပတ် စပိန်လာလီဂါပွဲစဉ်(၈)ကိုတော့ မနေ့ညက (၁)ပွဲ၊ ဒီညမှာ (၄)ပွဲနဲ့ မနက်ဖြန်ညမှာ (၅)ပွဲယှဉ်ပြိုင်သွားမှာပါ။ မနေ့ညကပွဲစဉ်မှာတော့ ဘက်တစ်နဲ့ အီဘာတို့ (၁)ဂိုးစီသရေကျခဲ့ပါတယ်။ ဒီညပွဲတွေထဲမှာတော့ လက်ရှိအဆင့်(၁)နဲ့(၂)က ရီးရဲလ်မက်ဒရစ်နဲ့ ဂရန်နာဒါတို့ပွဲရှိနေပြီး ဗလင်စီယာ၊ ဗီလာရီးရဲလ်တို့ရဲ့ ပွဲတွေလည်းကစားသွားမှာပါ။ လီဂါနက်စ် - လီဗန်တေး နိုင်ပွဲမရှိသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ လီဂါနက်စ်တို့ အမှတ်လိုနေပါပြီ။ နောက်ပိုင်းပွဲတွေမှာကစားပုံကောင်းလာခဲ့ပေမဲ့ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဂရန်နာဒါတို့လို ခြေစွမ်းကောင်းနေတဲ့အသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့ နိုင်ပွဲမရသေးတာပါ။ ဒါတောင်မှ (၃)ပွဲမှာ (၂)မှတ်ရအောင်ယူနိုင်ခဲ့ပါသေးတယ်။ လီဗန်တေးကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ခြေကျနေပါတယ်။ ဒါ့အပြင်အဝေးကွင်းခြေစွမ်းကလည်း...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၈/၉/၂၀၁၉)

  ကြားရက်မှာ ပွဲစဉ်(၆)ကိုယှဉ်ပြိုင်ထားတဲ့ လာလီဂါကတော့ အခု ပွဲစဉ်(၇)ကို ဆက်လက်ယှဉ်ပြိုင်ဦးမှာပါ။ နောက်တပတ်မှာ ချန်ပီယံလိဂ်ကန်ရမဲ့ အသင်း(၄)သင်းစလုံး ဒီညမှာ ကစားမှာဖြစ်ပြီး အက်သလက်တီကို နဲ့ ရီးရဲလ်တို့ရဲ့ မက်ဒရစ်ဒါဘီကတော့ အားလုံးစိတ်ဝင်တစားစောင့်ကြည့်ကြရမဲ့ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ ဘီလ်ဘာအို - ဗလင်စီယာ လာလီဂါမှာ ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်း(၂)သင်းထဲက တသင်းဖြစ်တဲ့ ဘီလ်ဘာအိုဟာ ဒီရာသီမှာ အိမ်ကွင်းပွဲစဉ်တိုင်းကို အနိုင်ကစားထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာ၊ ဆိုစီဒက်၊ အလာဗက်စ်တို့ကို နိုင်ခဲ့တဲ အိမ်ကွင်းပွဲတွေမှာ ဂိုးပေးထားရခြင်းလည်း မရှိသေးပါဘူး။ နောက်ဆုံးအိမ်ကွင်း (၁၇)ပွဲဆက်တိုက်လည်း ရှုံးနိမ့်ထားခြင်းမရှိပါဘူး။ ဗလင်စီယာကတော့ နည်းပြသစ်...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၅/၉/၂၀၁၉)

  လာလီဂါပွဲစဉ်(၆)ရဲ့ ပွဲစဉ်(၃)ပွဲကို မနေ့ကကစားပြီးသွားပြီဖြစ်ပြီး ဒီညမှာတော့ ပွဲစဉ်(၄)ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားဦးမှာပါ။ ဒီညပွဲစဉ်တွေမှာလည်း အမှတ်ပေးဇယားထိပ်ပိုင်းက ဘီလ်ဘာအို၊ အက်သလက်တီကို၊ ရီးရဲလ်တို့ရဲ့ ပွဲတွေ ပါဝင်နေတာကြောင့် အကြိတ်အနယ်ရှိဦးမှာပါ။ လီဂါနက်စ် - ဘီလ်ဘာအို အဆင့်(၂၀)နေရာက လီဂါနက်စ်အသင်းကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဗလင်စီယာကို သရေကစားပြီး သရေတမှတ်စတင်ရရှိခဲ့ပါပြီ။ အဝေးကွင်းမှာ ဗလင်စီယာကို သရေကစားထားနိုင်လို့ စိတ်ဓာတ်တက်နေနိုင်ပြီး အိမ်ကွင်းမှာလည်း အမှတ်ရအောင်ကြိုးစားမှာပါ။ ရှုံးပွဲမရှိသေးတဲ့ ဘီလ်ဘာအိုကတော့ အိမ်ကွင်းပွဲတိုင်းနိုင်ထားပေမဲ့ အဝေးကွင်း(၂)ပွဲစလုံးမှာ သရေပဲ ကစားနိုင်ပါသေးတယ်။ လက်ရှိခြေစွမ်းအရ ဘီလ်ဘာအိုသာပေမဲ့ စိတ်ဓာတ်တက်နေတဲ့ လီဂါနက်စ်တို့ကြောင့် သရေလည်းကျသွားနိုင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်။        ။...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၁/၉/၂၀၁၉)

  ဒီညမှာတော့ လာလီဂါပွဲစဉ်(၅)ရဲ့လက်ကျန်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆီဗီလာ-ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲကြီးပွဲကောင်းရှိနေပါတယ်။ ဂီတာဖေး - မာယော့ကာ ဒီနေ့ရဲ့အစောဆုံးပွဲဖြစ်ပြီး ညနေ(၄)နာရီခွဲမှာ ယှဉ်ပြိုင်မှာပါ။ ယူရိုပါလိဂ်ကစားထားရပေမဲ့ ဂီတာဖေးဟာ အဓိကကစားသမားတွေမပါတာတောင် ထရက်ဇွန်စပေါ်ကို အနိုင်ယူခဲ့ပါတယ်။ အခုပွဲမှာ အဓိကကစားသမားတွေ အင်အားအပြည့်နဲ့ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ဒီရာသီအတွက် ပထမဆုံးနိုင်ပွဲရဖို့ ကြိုးစားမှာပါ။ မာယော့ကာကတော့ ပွဲစဉ်(၁)မှာနိုင်ပြီးထဲက (၃)ပွဲဆက် နိုင်ပွဲပျောက်နေသလို၊ ဂိုးလည်းမသွင်းနိုင်တော့ပါဘူး။ ဂီတာဖေးတို့ နိုင်ပွဲစရမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဂီတာဖေး ၁-၀ မာယော့ကာ   အက်စ်ပန်ညို - ဆိုစီဒက် ပြီးခဲ့တဲ့လာလီဂါပွဲစဉ်မှာ နိုင်ပွဲရခဲ့ပေမဲ့ ကြားရက်ယူရိုပါလိဂ်မှာ သရေပဲရခဲ့လို့ အက်စ်ပန်ညိုရဲ့ခြေက မှန်းရခက်နေပါတယ်။ အဓိကအချက်ကတော့...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၁/၉/၂၀၁၉)

  ဒီညမှာတော့ လာလီဂါပွဲစဉ်(၅)ရဲ့ ပွဲ(၄)ပွဲကိုယှဉ်ပြိုင်သွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ကစားထားရတဲ့ အသင်းကြီး(၂)သင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပါတယ်။ ဗီလာရီးရဲလ် - ဗယ်လာဒိုလစ် ပြီးခဲ့တဲ့အပတ်က ဒီရာသီအတွက် ပထမဆုံးနိုင်ပွဲတွေ့ထားတဲ့ ဗီလာရီးရဲလ်တို့ အိမ်ကွင်းမှာလည်း ပထမဆုံးနိုင်ပွဲရဖို့ ကြိုးစားမှာပါ။ တိုက်စစ်မှူး ဂျရတ်မိုရီနိုကလည်း ခြေစွမ်းပြနေပြီး နောက်ဆုံး(၄)ပွဲမှာ (၅)ဂိုးသွင်းပေးထားနိုင်ပါတယ်။ ဗယ်လာဒိုလစ်ကတော့ (၃)ပွဲဆက်နိုင်ပွဲပျောက်နေပြီး ခြေကျနေပါတယ်။ ဒီရာသီမှာ ဥရောပဝင်ခွင့်ရအောင် ကြိုးပမ်းနေတဲ့ ဗီလာရီးရဲလ်တို့ ဒီလိုပွဲမျိုးမှာ အမှတ်ရအောင်ရှာထားပါလိမ့်မယ်။ ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဗီလာရီးရဲလ် ၂-၀ ဗယ်လာဒိုလစ်   လီဗန်တေး - အီဘာ နောက်ဆုံးပွဲမှာ ရီးရဲလ်ကို (၃)ဂိုးပြတ်ရှုံးနေရာကနေ...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၁၅/၉/၂၀၁၉)

  ဒီညမှာတော့ လာလီဂါပွဲစဉ်(၄)ရဲ့ လက်ကျန်(၅)ပွဲစလုံးကိုယှဉ်ပြိုင်သွားမှာဖြစ်ပြီး အကြိတ်အနယ်ရှိမဲ့ပွဲစဉ်တွေ ပါဝင်နေပါတယ်။ အီဘာ - အက်စ်ပန်ညို ဒီနေ့အတွက်အစောဆုံးပွဲဖြစ်တဲ့ အီဘာ-အက်စ်ပန်ညိုပွဲကို ညနေ (၄)နာရီခွဲမှာယှဉ်ပြိုင်မှာဖြစ်ပါတယ်။ (၂)သင်းစလုံးကတော့ နိုင်ပွဲမရသေးဘဲ အခြေအနေဆိုးနေပြီး အက်စ်ပန်ညိုအသင်းကတော့ ဒီရာသီမှာ လာလီဂါသွင်းဂိုးတောင် မရသေးပါဘူး။ ဒါပေမဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲတွေမှာတော့ ခြေစွမ်းကောင်းပြထားနိုင်ပြီး အုပ်စုအဆင့်ကိုရောက်ရှိထားပါတယ်။ အီဘာအသင်းက လာလီဂါနောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲမရှိပေမဲ့ အက်စ်ပန်ညိုကတော့ အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ ရှုံးပွဲမရှိပါဘူး။ သရေဆိုတာ (၂)သင်းစလုံးအတွက် အသင့်တော်ဆုံးရလဒ်ပါပဲ။ ဖြစ်နိုင်ဖွယ်ရလဒ်။        ။ အီဘာ ၁-၁ အက်စ်ပန်ညို   အလာဗက်စ် - ဆီဗီလာ အလာဗက်စ်ကော၊ ဆီဗီလာပါ ရှုံးပွဲမရှိသေးတဲ့အသင်းတွေပါ။ အလာဗက်စ်ကတော့...

ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၁၄/၉/၂၀၁၉)

  ဒီညမှာ လာလီဂါပွဲစဉ်(၄)ရဲ့ ပွဲ(၄)ပွဲကိုယှဉ်ပြိုင်မှာဖြစ်ပြီး ထူးထူးခြားခြား စနေလိုနေ့မှာ ညနေ(၅)နာရီခွဲပွဲစဉ်ပါဝင်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ကစားမဲ့ အသင်းကြီးတွေအားလုံး ဒီနေ့မှာကစားကြမှာဖြစ်ပြီး အစောဆုံးပွဲက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်ပါ။ ရီးရဲလ်မက်ဒရစ် - လီဗန်တေး (၂)ပွဲဆက်သရေကျထားတဲ့ ရီးရဲလ်တို့ ဒီပွဲမှာ အနိုင်ပြန်ကစားဖို့လိုနေပါပြီ။ ဒီပွဲမှာရီးရဲလ်အတွက် ခြေစွမ်းပြနေတဲ့ ဂါရတ်ဘေးလ် အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမဲ့ ဟာဇက်တော့ ပထမဆုံးအကြိမ် ကစားပေးဖို့ရှိနေ ပါတယ်။ ဒါ့အပြင်ကွင်းလယ်မှာ ဂျိမ်းစ်ရိုဒီရီဂွက်ဇ်လည်း ပြန်ပါလာဖို့ များပြီး မိုဒရစ်ရဲ့နေရာကို အစားဝင်ပါလိမ့်မယ်။ လီဗန်တေးကတော့ (၂)ပွဲဆက်နိုင်ထားပေမဲ့ အိမ်ကွင်း တွေမှာဖြစ်ပြီး အဝေးကွင်းမှာကစားခဲ့တဲ့ပွဲမှာတော့ အလာဗက်စ်ကို ရှုံးထားပါတယ်။...

ဆယ်လ်တာကိုနိုင်ဖို့မလွယ်တဲ့ အက်သလက် နဲ့ စနေည လာလီဂါပွဲစဉ်များ ခန့်မှန်းချက်

ဆယ်လ်တာဗီဂို - အက်သလက် (ည ၁၁း၀၀) ဆယ်လ်တာဗီဂိုက သူတို့ရဲ့ ဒုတိယမြောက်ပွဲစဉ်မှာ လီဗန်တေးကို အဝေးကွင်းမှာ အနိုင်ကစားထားတယ်။ တိုက်စစ်မှာ ဆစ်စတို၊ အက်စ်ပက်နဲ့ ဂိုမက်ဇ်တို့ပဲ ပွဲထွက်လာမှာဖြစ်ပြီး သူတို့အားသန်တဲ့ ၃-၄-၃ ပုံစံနဲ့ပဲ ဒီပွဲကို ပွဲထွက်လာလိမ့်မယ်။ အက်သလက်ကလည်း ပြီးခဲ့တဲ့ပွဲမှာ တန်းတက်အသင်း ဗယ်လက်ကာနို ကို ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တယ်။ အသစ်ခေါ်ထားတဲ့ ကွင်းလယ်လူ လီမာ ခြေစွမ်းမပြနိုင်သေးလို့ ဒီပွဲမှာ အရန်ခုံထိုင်ရမယ်ထင်တယ်။ တိုက်စစ်ပိုင်းက ကော်စတာ၊ ဂရစ်ဇ်မန်းအတွဲက ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးရဖို့...

သောကြာညမှာ ကစားကြမယ့် စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုခန့်မှန်းချက်

ဂီရိုနာ - ဗယ်လာဒိုးလစ် (နံနက် ၁၂း၄၅) ဂီရိုနာ အသင်းက ရာသီကြို ခြေစမ်းပွဲ (၇) ပွဲ ကစားထားခဲ့ပြီး (၁) ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်မှာ စတူအာနီက ဦးဆောင်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွင်းလယ်လူ အဒေး ဘင်နီတက်ဇ်က ဒီပွဲကို လွဲချော်မှာပါ။ မန်စီးတီးအသင်းကနေ အငှားနဲ့ရောက်ရှိလာတဲ့ ပက်ထရစ်ရောဘတ်ကို အရန်ခုံတန်းမှာပဲ တွေ့ရဦးမှာဖြစ်ပြီး သူ့အနေနဲ့ ပွဲထွက်ဖို့ စောသေးတယ်လို့ ဆိုရမှာပါ။ ဗယ်လာဒိုးလစ်အသင်းကတော့ ရာသီကြိုခြေစမ်းပွဲတွေမှာ သိပ်ပြီး ပုံစံကောင်းမပြနိုင်ခဲ့ပါဘူး။ ရိုးမားအသင်းကနေ အငှားနဲ့ရောက်လာခဲ့တဲ့...

TRENDING NEWS

INSPIRING