Others

မန်စီးတီးနဲ့ဝက်ဖို့ဒ်တို့ရဲ့အက်ဖ်အေဖလားလုပွဲကို မိုက်ကယ်အိုဝင်ဘယ်လိုခန့်မှန်းလိုက်လဲ

ဒီနေ့ည မြန်မာစံတော်ချိန် (ည ၁၀း၃၀)မှာ ကစားကြမယ့် မန်စီးတီးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ရဲ့ အက်ဖ်အေဖလား ချန်ပီယံလုပွဲကို မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပြန်ပါပြီ။ မန်စီးတီးက (၂)ဂိုးသွင်းရင်တောင် ပြားစွန်းလေးပဲ အမြတ်ရမယ့် ကြေးဖွင့်လှစ်မှုက ဒီပွဲမှာ မန်စီးတီးပဲ နိုင်မယ်ဆိုတာ ဖော်ပြနေသလိုဖြစ်နေပြီး တကယ်တမ်းကစားကြချိန်မှာတော့ဘယ်လို ဖြစ်သွားမလဲဆိုတာ ပြောဖို့ ခက်လှတာပါ။ မန်စီးတီးအသင်းအတွက်တော့ ဒီဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းဖလား(၃)လုံးကို တစ်ရာသီတည်း ဆွတ်ခူးနိုင်တဲ့အသင်း ဖြစ်လာမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာအတွက် မှတ်တမ်းသစ် ဖြစ်လာမှာပါ။ တစ်ဖက်မှာလည်း ၀က်ဖို့ဒ်က မန်စီးတီးကို တတ်နိုင်သလောက်တော့ ပြန်လည်တုန့်ပြန်ဖို့ သေချာပေါက်ကြိုးစားဦးမှာပါ။ မိုက်ကယ်အိုဝင်ကတော့ “ဖေဖော်ဝါရီလမှာတုန်းက...

ဖလား (၄၂)လုံး ရပြီး အအောင်မြင်ဆုံး ဘောလုံးသမားဖြစ်လာတဲ့ ဒန်နီအဲလ်ဗက်စ်

လက်ရှိအချိန်မှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဘရားဇီးနောက်ခံလူ ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှ ဂျူဗင်တပ်စ်၊ ဂျူဗင်တပ်စ်ကနေ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူရဲ့ (၄၂)လုံးမြောက် ဆုဖလားကြီးကို ကိုင်မြှောင်ခွင့် ရရှိခဲ့ပါတယ်။ ဒီစံချိန်ဟာ အီဂျစ်ဂန္ထဝင်ဘောလုံးသမားကြီး Hossam Hassan တင်ထားတဲ့ ဖလားအများဆုံးရယူနိုင်ခဲ့တဲ့ ကစားသမားစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Hassan ဟာ လက်ရှိအချိန်မှာ အသက်(၅၂)နှစ်ဖြစ်ပြီး သူဟာ Ahly SC နဲ့  Zamalek အသင်းတွေနဲ့အတူ ဖလား (၄၁)လုံးအထိ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲလ်ဗက်စ်ဟာ...

ဒီနေ့ည ချယ်လ်ဆီးနဲ့မန်ယူ ဘယ်သူနိုင်မလဲ

ချယ်လ်ဆီး ချယ်လ်ဆီးအသင်းနည်းပြ ဆာရီကတော့ ယူရိုပါလိဂ်မှာ နိုင်ပွဲရခဲ့ပေမယ့် သူ့ရဲ့နည်းပြရာထူးနဲ့ ပတ်သက်လို့တော့ ဖိအားတွေရှိနေဆဲပဲ။ မန်စီးတီးအသင်းကို (၆-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကစားပုံက ဝေဖန်စရာဖြစ်ခဲ့ပေမယ့် အဲဒီ လူစာရင်းကဆာရီရဲ့အကောင်းဆုံး လူစာရင်းလို့ပဲ ပြောရမှာပါ။ တိုက်စစ်မှာ ဟာဇက် ၊ ဟီဂူအင်နဲ့ပက်ဒရို တို့အတွဲကိုပဲတွေ့ရဦးမှာဖြစ်ပြီး ကွင်းလယ်မှာ ကိုဗာဆစ် ထက် ဘာကလေ ကို ပိုပြီး အသုံးပြုဖို့ရှိနေတာပါ။ ဒီလိုဆိုရင် ချယ်လ်ဆီးရဲ့ ကွင်းလယ်အတွဲအဖြစ် ဘာကလေ ၊ ဂျော်ဂျင်ဟို နဲ့ ကန်တီ တို့ကို တွေ့ရပါလိမ့်မယ်။ ခံစစ်ပိုင်းမှာလည်း ဆာရီရဲ့...

ဥရောပစူပါဖလားကို ရီးယဲလ်အသင်း (၃)နှစ်ဆက် ရယူသွားနိုင်မလား

ရီးယဲလ် - အက်သလက် (နံနက် ၁း၃၀) ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှာ ဘန်ဇီမာ ပွဲထွက်လာမှာဖြစ်ပြီး အဆန်ဆီယို၊ အစ္စကိုနဲ့ ဘေးလ် တို့က ကွင်းလယ်တိုက်စစ်သမားတွေအဖြစ် ရှိနေကြမှာပါ။ တိုနီခရူးစ်နဲ့ ကာဆီမီယို တို့ကို ကွင်းလယ်ဗဟိုမှာ မြင်ရမှာဖြစ်ပြီး ခံစစ်မှာ မာဆယ်လို၊ ရာမို့စ်၊ ဗာရာနေးနဲ့ ကာဗာဂျယ်တို့ ပွဲထွက်လာမှာပါ။ ကမ္ဘာ့ဖလားနားရက်တွေကနေ မိုဒရစ် ပြန်လည်ရောက်ရှိလာပြီဖြစ်ပေမယ့် သူ့ကို နည်းပြ လိုပီတီဂီ က ပွဲထွက်လူစာရင်းမှာ သုံးမလားဆိုတာ မသေချာသေးပါဘူး။ ကော့တွိုက်စ်ကလည်း လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါနေပြီဖြစ်ပေမယ့် ဒီပွဲစဉ်မှာတော့...

TRENDING NEWS

INSPIRING