Home Predictions Premier League

Premier League

ချန်ပီယံလိဂ်ရှုံးပွဲအပြီး ဘာစီလိုနာကို ပရိုဆန်စွာ ချီးကျူးစကားဆိုလိုက်တဲ့ ဆိုးလ်ရှား

မကြာသေးခင်က ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့အသင်းနဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ အဖက်ဖက်က အားနည်းချက်များစွာနဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ ဘာစီလိုနာကို ပထမအကျော့မှာလည်း တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပြီး၊ နှစ်ကျော့ပေါင်း (4-0)ရလဒ်နဲ့ ရှုံးခဲ့ရတာပါ။ အခုပွဲစဉ်အပြီးမှာ မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ရလဒ်နဲ့၊ တာဝန်ယူမှု တာဝန်ခံမှုတွေကို မိမိက လက်ခံပါကြောင်း ဆိုခဲ့ပါတယ်။ ဘာစီလိုနာဟာ ယခုနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းလို့လည်း မှတ်ချက်ပေးခဲ့ပြီး၊ မိမိတို့ကတော့ သင်ယူစရာတွေ အများကြီး ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆိုးလ်ရှားက “ သူတို့ ဒီနှစ်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ်လို့ ထင်ပါတယ်...

ခရစ်စမတ်မှာ ရွှေရောင် စူပါကားနဲ့ ပွဲခံခဲ့တဲ့ အူဘာမီယန်း

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း တစ်ယောက်ကတော့ ဒီနှစ် ခရစ်စမတ်ပွဲတော်မှာ သူရဲ့ ယူရို (၂၇၀၀၀၀) တန် ရွှေရောင် Lamborgini ကားနဲ့ တောက်တောက်ပြောင်ပြောင် ပွဲခံနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီ လက်ရှိ ပရီးမီးယာလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဘာကာရဲ့ ကြယ်ပွင့် ဒမ်ဘီလီနဲ့အတူ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ Gucci ဆိုင်မှာ အင်္ကျီတွေရွေးနေတဲ့ ဗီဒီယိုကိုလည်း အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။ အားလပ်ရက်တွေမှာတော့ သူက သူရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးနေခဲ့တာကို တွေ့ရတယ်။ သူက သူရဲ့...

အိုးထရက်ဖို့ဒ်ကို အမြှောက်တပ်သားတွေ လွှမ်းမိုးသွားမလား….

မန်ယူ မန်ယူအသင်းခံစစ်မှာ လင်ဒီလော့ဖ်ကလွဲရင် လူပြန်စုံလာပါပြီ။ လုခ်ရှော၊ ရိုဟို၊ ဒါမီယန် တို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာကြတာကြောင့် မော်ရင်ဟို အနေနဲ့ ရွေးစရာတွေ ပြန်ရှိလာတော့မယ့်အနေအထားပါပဲ။ လင်ဒီလော့ဖ်မပါနိုင်ဘူးဆိုရင် မော်ရင်ဟိုရဲ့ စိတ်ကြိုက်ခံစစ်အတွဲက စမောလင်းနဲ့ ဖေးလ်ဂျုံးစ်တို့ပဲဖြစ်ပြီး သူတို့နှစ်ယောက် အတူကစားပြီဆိုရင် မန်ယူခံစစ်က ပြဿနာရှိမှာ သေချာသလောက်ပါပဲ။ ဆောက်သမ်တန်နဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ခြေစွမ်းအပေါ်မကျေမနပ်ဖြစ်ခဲ့တာကြောင့် ဒီပွဲရဲ့ လူစာရင်းမှာ ပေါ့ဂ်ဘာကို ချန်လှပ်ကောင်း ချန်လှပ်နိုင်ပါတယ်။ ဒီလိုဆိုရင် မာတစ်၊ ဖယ်လိုင်နီနဲ့ဟာရဲရားတို့ က ကွင်းလယ်မှာ ပွဲထွက်လာဖို့ရှိနေပြီး တိုမီနေးကတော့ မန်ယူအတွက် သိပ်ပြီးအဆင့်မမီသေးဘူးလို့ သုံးသပ်ရမလားပဲ။ တိုက်စစ်မှာ...

အမ်မရီရဲ့အသင်းကို ဆာလက် နှိမ်နှင်းနိုင်မှာလား…..

အာဆင်နယ် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ လာကာဇက် ပဲ ပွဲထွက်လာမှာဖြစ်ပြီး အူဘာမီယန်း၊ အိုဇေးလ်နဲ့ အီဝိုဘီတို့က သူ့ရဲ့နောက်ကနေ နောက်ချန်တိုက်စစ်သမားတွေအဖြစ် ပွဲထွက်လာဖို့ရှိနေပါတယ်။ ကွင်းလယ်မှာတော့ ဂွမ်ဒူဇီ ပွဲပယ်ခံထားရတာကြောင့် ဇာခါနဲ့ ရမ်ဆေးတို့ပဲ တွဲဖက်ပြီး ပွဲထွက်လာမယ်ထင်တယ်။ အာဆင်နယ်အတွက် ဒဏ်ရာရကစားသမားများနေတဲ့ ခံစစ်ပိုင်းက ပြဿနာ ရှိနေပြီး ကိုလာဆီနက်၊ ဘယ်လာရင်၊ မွန်ရီယယ်၊ ကိုစီယယ်နီ စတဲ့ ကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှု မပြည့်မှုတွေကြားမှာ ရုန်းကန်နေရတယ်။ ဘယ်လာရင် ဒဏ်ရာရနေတဲ့အတွက် သူ့ရဲ့နေရာကို ဇာခါ ကစားပေးရနိုင်ပြီး ကွင်းလယ်မှာ တော်ရဲရားနဲ့...

မန်စီးတီးကို ဂိုးပြတ်အရှုံးပေးရဦးမယ့် နယူးကာဆယ် နဲ့ စနေနေ့ ပရီးမီးယားလိဂ်ပွဲများ ခန့်မှန်းချက်

လက်စတာ - လီဗာပူးလ် (ညနေ ၆း၀၀) လက်ရှိခြေစွမ်းအရတော့ လက်စတာရော လီဗာပူးလ်ပါ အကောင်းဆုံး ပုံစံမှာ ရှိနေတယ်လို့ ဆိုရမှာပါ။ လက်စတာမှာ တောင်ပံက ဂရေးနဲ့ မက်ဒီဆင်တို့ ခြေစွမ်းပြနေပြီး လီဗာပူးလ်ကတော့ တစ်သင်းလုံး ကောင်းနေတယ်လို့ပြောရမှာပါ။ အထူးသဖြင့် လီဗာပူးလ်ခံစစ်ကြောင်းက (၃)ပွဲဆက် ဂိုးမပေးထားရလို့ ဒီပွဲမှာလည်း အိမ်ရှင်လက်စတာတွေ ဂိုးရဖို့ ခက်နိုင်ပါတယ်။ တိုက်စစ်မှူး ဗာဒီ အနီကတ်ကြောင့် ပွဲပယ်ခံထားရလို့ တိုက်စစ်ပိုင်းပိုအခက်အခဲတွေ့ဖို့များသွားပြီး လီဗာပူးလ်တိုက်စစ်ကိုသာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမယ့်သဘောရှိပါတယ်။ ခြေမှန်နေတဲ့ လီဗာပူးလ်နိုင်သွားဖို့များပြီး သွင်းဂိုးအများကြီးတွေ့ရဖို့မလွယ်ပါဘူး။ ဘရိုက်တန်...

အမ်မရီဟာ သူ့ရဲ့တတိယမြောက်ပွဲစဉ်မှာ မျက်နှာအပျက်ခံမှာမဟုတ်ဘူးလို့ ပေါလ်မာဆင် ခန့်မှန်း

စကိုင်းစပို့စ် အားကစားသတင်းဌာနရဲ့ ဘောလုံးပွဲသုံးသပ်သူ ပေါလ်မာဆင် က အာဆင်နယ်နည်းပြ အမ်မရီ အနေနဲ့ (၃)ပွဲဆက် အရှုံးကို လက်ခံမှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒါဘီပြိုင်ဖက်အသင်းဖြစ်တဲ့ ၀က်စ်ဟမ်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ကစားသမားအင်အားဖြည့်တင်းထားတဲ့ ၀က်စ်ဟမ်းကြောင့် အခက်တွေ့နိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေကြတာပါ။ နှစ်သင်းစလုံးက ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ နှစ်သင်းစလုံး နိုင်ပွဲပျောက်နေခဲ့လို့ အမှတ်ရဖို့အတွက် ကြိုးစားကြမှာပါ။ မာဆင် က ၀က်စ်ဟမ်းဟာ ကစားသမားသစ်တွေနဲ့ အသားမကျသေးတာကြောင့် အမှတ်ရဖို့ ရုန်းကန်နေရပြီး အာဆင်နယ်ကတော့...

တနင်္ဂနွေနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ ခန့်မှန်းချက်

ဆောက်သမ်တန် - ဘန်လေ (ည ၇း၀၀) ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှာ အော်စတင် ဦးဆောင်လာမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်သမားတွေအဖြစ် ဟိုးဘတ်နဲ့ ၀ါ့ဒ်ပရို့စ်တို့က ပွဲထွက်လာကြမှာပါ။ ဂလက်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ဗက်စတာဂက် က ဆောက်သမ်တန်ရဲ့ ခံစစ်ဗဟိုမှာ ရှိနေမှာဖြစ်ပြီး လီဗာပူးလ်ကနေ အငှားနဲ့ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ဒန်နီအင့်ဂ်ကတော့ အရန်ခုံမှာပဲ ရှိနေဦးမှာပါ။ ဘန်လေအသင်းက  ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဟန်ချက်ညီအောင် ယှဉ်ပြိုင်ရမှာပါ။ အသင်းရဲ့တိုက်စစ်မှာ အက်ရှ်လေဘန်းစ် က ဦးဆောင်လာမှာဖြစ်ပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမား ဘန်ဂစ်ဘ်ဆင် ကိုလည်း...

အိမ်ကွင်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိနေတဲ့ ဘုန်းမောက်

ဘုန်းမောက် - ကာဒစ်ဖ် (ည ၈း၃၀) ဘုန်းမောက်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ လူစာရင်းကို အခြေခံပြီး ဒီပွဲကို ပွဲထွက်လာမှာပါ။ တိုက်စစ်မှာ ကင်း၊ ၀ီလ်ဆင်နဲ့ အိုင်ဘီ တို့ ပွဲထွက်လာမှာဖြစ်ပြီး ကွင်းလယ်မှာဂေါ့စလင်း၊ စမစ်၊ လူးဝစ္စကွတ်ခ် တို့ ပွဲထွက်မှာပါ။ ခံစစ်ပိုင်းမှာ နသန်အကီ၊ စတိဗ်ကွတ်ခ်၊ ဖရန်စစ် တို့ ရှိနေမှာဖြစ်ပြီး ဂိုးသမားအဖြစ် ဘီဂိုဗစ်က ပွဲထွက်လာမှာပါ။ ဘုန်းမောက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမား ဂျက်ဖာဆင်လာမာ က အသင်းကိုရောက်ရှိလာပြီဖြစ်ပေမယ့် ဒီတစ်ပတ် ပွဲစဉ်မှာတော့...

ဖူလ်ဟမ်ရဲ့ အိမ်ကွင်းမှာ အနိုင်(၃)မှတ်အတွက် ရုန်းကန်ရမယ့် ပဲလေ့စ်

ဖူလ်ဟမ် - ပဲလေ့စ် (ည ၈း၃၀) ဖူလ်ဟမ်အသင်းမှာ အသစ်ခေါ်ယူထားတဲ့ ဆွမ်ဆီးနောက်ခံလူ မော်ဆွန် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ရောက်လာတဲ့ ဖိုဆူမန်ဆက်ခ်ျ၊ ဗီယက်တို တို့လည်း ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။ ဖူလ်ဟမ်အသင်းရဲ့ တိုက်စစ်မှာ မီထရိုဗစ် ဦးဆောင်လာမှာဖြစ်ပြီး ဆီဆက်ဂ်နွန်၊ ကိုင်ယာနေးနဲ့ ရှရယ် တို့က တိုက်စစ်ကိုပံ့ပိုးပေးကြမှာပါ။ ခံစစ်မှာ ဘရစ္စတိုးက ရောက်ရှိလာတဲ့ ဂျိုးဘရိုင်ယန်နဲ့ ချမ်ဘာ တို့ ပါဝင်လာမှာဖြစ်ပြီး ဂိုးသမားနေရာမှာ ဖာဘရီက ပွဲထွက်လာမှာပါ။ ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှာတော့ ဇာဟာနဲ့ ဘန်တီကီ...

ဆာရီ ရဲ့ ပရီးမီးယားလိဂ် ပွဲက ဘယ်လိုဖြစ်လာမှာလဲ…

ဟက်ဒါဖီး - ချယ်လ်ဆီး (ည ၈း၃၀) ဟက်ဒါဖီးအသင်းရဲ့ အသစ်ခေါ်ယူထားတဲ့ ဘာကူနာ နဲ့ ဒေါ့တ်မွန်က အဲရစ်ဒူရမ် တို့က ဒီနေ့ ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ဖို့ မရှိပါဘူး။ ဟက်ဒါဖီးရဲ့ တိုက်စစ်မှာ မိုနီး ပွဲထွက်လာမှာဖြစ်ပြီး ပရစ်ချတ်၊ ဒီယာခါဘီနဲ့ ပါရာ တို့က ကွင်းလယ်တိုက်စစ် ကစားသမားတွေအဖြစ် ရှိနေမှာပါ။ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား အာရွန်မွိုင်းက ကွင်းလယ်ခံစစ်မှာ ကစားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကသူ့ရဲ့ အတွဲအဖက်ဖြစ်တဲ့ ဂျိုနသန်ဟော့ခ် နဲ့ တွဲဖက် ကစားမှာပါ။ ပြီးခဲ့တဲ့...

TRENDING NEWS

INSPIRING