Home Uncategorized

Uncategorized

ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း အီဒင်ဟာဇက်ကြုံးဝါး

ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်က “We are Chelsea, we can beat anyone”ဆိုပြီး ကြုံးဝါးလိုက်ပါတယ်။ ယနေ့ညမှာ ပရီးမီယားလိဂ်ရဲ့ အရေးပါဆုံးပွဲစဉ်ကို လီဗာပူးအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ်တုန်းက လီဗာပူးတို့ ချန်ပီယံလမ်းကြောင်းကနေ သွေဖယ်ခဲ့ရတဲ့ ပွဲမှာ ချယ်လ်ဆီးက (၀-၂)ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုစဉ်တုန်းက ပထမဦးဆောင်ဂိုးဟာ အသင်းခေါင်းဆောင် စတီဗင်ဂျာရက် ဘောလုံးကို လက်ခံမယူနိုင်ခင်မှာပင် ချော်လဲသွားခဲ့တာကို ချယ်လ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘာက အခွင့်အရေးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအနိုင်ဂိုးကိုတော့ ဝီလီယန်က ပွဲပြီးဖို့နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာ...

ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ကို လေလံတင်ရောင်းချမယ့် ပေါ့ဂ်ဘာ

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကတော့ ခရိုးအေးရှားနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ ဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ကို လေလံတင်ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ပဲရစ်တစ်ခွင်မှာရှိနေတဲ့ ကလေးတွေအတွက် ရံပုံငွေဖြစ်ကြောင်း သိရပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို (၄-၂)ရလဒ်နဲ့ အနိုင်ယူပြီးနောက် ကာလအတော်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပေါ့ဂ်ဘာကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့ပြီး နိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ သူ့ရဲ့ဖိနပ်တွေကို Christie’s Paris လေလံမှာ ရောင်းချဖို့ပြင်ဆင်နေပြီး၊ ကြမ်းခင်းဈေးမှာ ပေါင် (၂၅၀၀၀)လို့ သိရပါတယ်။ အမြင့်ဆုံးအနေနဲ့ ပေါင်...

မော်ရင်ဟိုခန့်မှန်းလိုက်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အလားအလာအကောင်းဆုံး အသင်းများ

မကြာသေးခင်ကပဲ ချန်ပီယံလိဂ်ရဲ့ အရေးပါဆုံးပွဲစဉ်တွေဖြစ်တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ပြီးပါပြီ။ အသင်းတစ်ချို့ကတော့ နောက်တစ်ဆင့်အတွက် အခြေအနေတွေ ကောင်းသွားခဲ့ပြီဖြစ်သလို၊ တစ်ချို့ကလည်း နောက်တစ်ဆင့်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဝါရင့်နည်းပြကြီး မော်ရင်ဟိုကတော့ သူ့အမြင်အရ အသင်းတစ်ချို့ နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားတာ မှန်သော်လည်း၊ ဒါဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် မဟုတ်သေးတဲ့အတွက် အသင်းတိုင်းမှာ အခွင့်အရေးတွေ ကိုယ်စီရှိနေသေးတယ်လို့ သူက ပြောပါတယ်။ မော်ရင်ဟိုက “ ကျွန်တော့်ကိုယ်ကျွန်တော် ကြိုတင်ပြီး ကာထားချင်ပါတယ် … ဒါကတော့ ကျွန်တော့်အမြင်ပေါ့နော်...

မိုက်ကယ်အိုဝင် ခန့်မှန်းထားတဲ့ ယခုတစ်ပတ် EPL ပွဲကြိုခန့်မှန်းချက်များ

ဘောလုံးရာသီတစ်ခု ကုန်ဆုံးဖို့ နီးကပ်လာသည်နှင့်အမျှ အသင်းတွေ လုံးဝခြေချော် အမှားခံလို့မရတော့တဲ့ အနေအထားကို ရောက်လို့လာပါပြီ။ လီဗာပူးဆိုရင် အခုအပတ်မှာ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး၊ အနိုင်ရမှသာ ချန်ပီယံလမ်းကြောင်းအတွက် ဆက်ပြီးမျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် ချယ်လ်ဆီးဘက်က ကြည့်ရင်လည်း နောက်ပိုင်းပွဲတွေ နိုင်ထားမှသာလျှင် ချန်ပီယံလိဂ်အတွက် ဆက်လက် အသက်ဝင်နေမှာ ဖြစ်ပါတယ်။ ပွဲတွေပြီးဖို့ နီးကပ်လာသည်နှင့်အမျှ ချယ်လ်ဆီး၊ စပါး၊ အာဆင်နယ်၊ မန်ယူတို့ဟာ အမှတ်တွေ မတိမ်းမယိမ်းမှာ ရှိနေကြပြီး ချန်ပီယံလိဂ်တစ်နေရာရဖို့တိုက်ပွဲကလည်း ပိုပြီး မြိုင်ဆိုင်လာပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း ပွဲစဉ်တွေဟာ...

TRENDING NEWS

INSPIRING