အာဂျင်တီးနားမှာ မက်ဆီ ဘာကြောင့် အောင်မြင်မှု မရပဲ ရုန်းကန်နေရတာလဲဆိုတာ ဒီ စက္ကန့်(၂၀)စာ ဗီဒီယိုဖိုင်လေးက ပြောပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အာဂျင်တီးနားက ကိုလံဘီယာကို (၀-၂) ဂိုးနဲ့ ရှုံးခဲ့တဲ့ အဲဒီပွစဉ်အပြီးမှာ မက်ဆီဟာ သူ့ရဲ့ထုံးစံအတိုင်း နိုင်ငံအသင်းအတွက်ဆို ခြေစွမ်းမပြနိုင်ပြန်ဘူးလို့အားလုံးက ဝေဖန်ခဲ့ကြတာပါ။

တကယ်တော့ အာဂျင်တီးနားအသင်း အခုလို ရှုံးပွဲကြုံရတာဟာ အသင်းသားတွေအနေနဲ့ မက်ဆီအပေါ် မှီခိုလွန်းတဲ့ စိတ်ကြောင့်ပါပဲ။ သူတို့က ဘောလုံးရပြီဆိုတာနဲ့ မက်ဆီကိုပဲ ပေးဖို့ ကြိုးစားနေကြပြီး နေရာလွတ်ရှိတဲ့ တခြားကစားသမားတွေကို တွေ့နေရတာတောင်မှပဲ ဘောလုံးပေးဖို့ မစဉ်းစားကြတော့ဘူး။

(AP Photo/Eraldo Peres)

အဲဒီအနေအထားမှာ ပြိုင်ဖက်ကစားသမားတွေက မက်ဆီတစ်ယောက်တည်းကိုပဲ ၀ိုင်းအုံတားဆီးခဲ့ကြပြီး အာဂျင်တီးနားရဲ့ ကစားကွက်လည်း ဘာမှန်းမသိ ဖြစ်သွားခဲ့ရတာပါ။

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေးမှာ ကွင်းလယ်ကနေ ဘောလုံးဆွဲလာတဲ့ မက်ဆီကို တွေ့ရမှာဖြစ်ပြီး ပြိုင်ဖက်ကစားသမားတွေက မက်ဆီကို ဟန့်တားဖို့ကြိုးစားရင်း လဲကျသွားတာကိုမြင်ရမှာပါ။ ဒါပေမယ့် မက်ဆီ လဲကျသွားတဲ့အချိန်မှာ အာဂျင်တီးနားကစားသမားတစ်ယောက်က ဘောလုံးရသွားခဲ့ပြီး အခြားနေရာလွတ်တွေ ရှိနေပေမယ့် မက်ဆီကိုပဲ ပြန်ပေးခဲ့တာကို မြင်ရပါလိမ့်မယ်။ နောက်တစ်ကြိမ်မှာလည်း အလားတူပါပဲ။

(AP Photo/Eraldo Peres)

အာဂျင်တီးနားတစ်သင်းလုံးမှာ မက်ဆီတစ်ယောက်တည်း ဘောလုံးဆွဲပြေးတာ၊ ပြိုင်ဖက်ကစားသမားတွေကိုကျော်ဖြတ်တာ၊ ဘောလုံးဖြန့်ဝေတာ စတာတွေကို လုပ်နေရသလို ဖြစ်နေပြီး အသင်းဖော်တွေကတော့ မက်ဆီကို ဘေးကနေ ဘောလုံးဝိုင်းပေးနေကြသလို ဖြစ်နေခဲ့တာပါ။

အာဂျင်တီးနားရဲ့ ဂန္ဓ၀င်ကစားသမားကြီး မာရာဒိုနာက မက်ဆီဟာ နိုင်ငံအသင်းနဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ရော်နယ်ဒို ကို မမှီပဲ အာဂျင်တီးနားနိုင်ငံမှာ ရော်နယ်ဒိုလို ကစားသမားတွေ မွေးဖွားလာစေချင်တယ်လို့ ဆိုထားခဲ့ပေမယ့် တကယ်လို့သာ ရော်နယ်ဒိုက အာဂျင်တီးနားအတွက် ကစားပေးမယ်ဆိုရင် ဒီလိုအသင်းဖော်တွေနဲ့ကတော့ တိုင်ပတ်နေဦးမှာ သေချာသလောက်ပါပဲ။

Linn

Source : Sportsbible

READ  ကိုက် (၇၀)အကွာအဝေးကိုလက်နဲ့ပစ်ပေးနိုင်တဲ့ အီရန်ဂိုးသမားရဲ့ဗီဒီယိုနာမည်ကြီးနေ