ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ကစားခဲ့ကြတဲ့ Nations League ဆီမီးဖိုင်နယ်ပွဲစဉ်က ပြီးသွားပြီဆိုပေမယ့် ပရိသတ်တွေကြားမှာတော့ ပြောစရာတွေ ကျန်ရစ်နေကြတုန်းပါပဲ။

အဲဒီပွဲစဉ်မှာ ပေါ်တူဂီအတွက် Hat-Trick သွင်းယူသွားတဲ့ ရော်နယ်ဒိုရဲ့ခြေစွမ်းဟာ ဆွစ်ဇာလန် ကစားသမားတွေကို တကယ်ပဲ အခက်တွေ့စေခဲ့တယ်လို့ ပရိသတ်တွေက ချီးကျုးခဲ့ကြပြီး ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည် ဗီဒီယိုဖိုင်လေးတစ်ခုကို တွစ်တာပေါ်မှာ မျှဝေခဲ့ကြပါတယ်။

Twitter

စက္ကန့်အနည်းငယ်သာကြာတဲ့ ဒီ ဖိုင်လေးထဲမှာတော့ ဆွစ်ဇာလန်ရဲ့ဘယ်နောက်ခံ ကစားသမား ကီဗင် အမ်ဘာဘူ ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒိုကို တွေ့ရမှာဖြစ်ပြီး အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ငယ်ဘ၀ခြေစွမ်းကို ပြန်ရနေသလိုမျိုးပဲလို့  ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ယန်းဘွိုင်းစ်အသင်းမှာ ကစားနေပြီး (၂၀၁၈)ခုနှစ်ကမှ ဆွစ်ဇာလန်လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရတဲ့ အမ်ဘာဘူ ဟာ သူ့ရဲ့ညာခြမ်းခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားလာတဲ့ ရော်နယ်ဒို ကို တားဆီးခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ခြေယောင်ပြမှုတွေအောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ရတာပါ။

Twitter

ပထမတစ်ကြိမ် ခြေယောင်ပြမှုမှာကတည်းက အမ်ဘာဘူ ဟာ လဲကျသွားခဲ့ပြီး နောက်တစ်ကြိမ်တားဆီးဖို့ ကြိုးစားရာမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ပေါင်ကြားထဲကနေ ဘောလုံးကို ဆွဲထုတ်ကာ ပြေးလွှားသွားပါတော့တယ်။

ပေါ်တူဂီပရိသတ်တွေက အဲဒီအချိန်ခဏလေးကို မှတ်တမ်းတင်ထားခဲ့ကြပြီး ရော်နယ်ဒိုရဲ့ ဒီလိုစွမ်းဆောင်ရည်မျိုးကို မတွေ့ရတာ အတော်ကြာခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ကြတာပါ။

Linn

Source : Dailymail

READ  ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့အထုတ်ခံခဲ့ရတဲ့နယူးကာဆယ်ကွင်းလယ်လူ