ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Nations League ပွဲစဉ်မှာ ခရိုအေးရှားက စပိန်ကို (၃-၂) ဂိုးနဲ့ အနိုင်ယူလိုက်တာကို မှတ်မိဦးမှာပါ။ အဲဒီပွဲ ပြီးသွားတဲ့နောက် ခရိုအေးရှားနောက်ခံလူ လိုဗရန်က သူ့ရဲ့တွစ်တာကနေ စပိန်ကစားသမားတွေကို ရန်စလိုက်တာကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ လိုဗရန်ရဲ့ပရိသတ်တွေနဲ့ စပိန်အသင်းပရိသတ်တွေ စကားလုံးစစ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။

အဲဒီပွဲစဉ်မှာ စပိန်အသင်းနောက်ခံလူ ရာမို့စ်ကို တံတောင်စာကျွေးခဲ့လို့ ဒိုင်လူကြီးရဲ့ သတိပေးခြင်းကို ခံခဲ့ရတဲ့ လိုဗရန်ဟာ အဲဒီ ဓာတ်ပုံနဲ့အတူ စပိန်အသင်းသားတွေဟာ ငကြောက်တွေပါကွာ ဆိုတဲ့ စာသားကို ရေးသားသွားခဲ့လို့ ပရိသတ်တွေက သူတို့ကို ရန်စတယ်လို့ ယူဆကုန်ကြပါတယ်။

Twitter

လိုဗရန်ရဲ့ လီဗာပူးလ်အသင်းပရိသတ်တွေကတော့ လိုဗရန်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက ဆာလက် ခံစားခဲ့ရတာကို ပြန်ပေးဆပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး သူတို့ကစားသမားရဲ့ လုပ်ရပ်အတွက် ကျေနပ်နေကြပါတယ်။

အဲဒီနောက်မှာတော့ လိုဗရန်က အင်စတာဂရမ်အကောင့်မှာလည်း ဗီဒီယိုဖိုင်တစ်ခုတင်ပြီး အလားတူ စာသားတွေကို ပြောဆိုသွားခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ပရိသတ်တွေကို ရာမို့စ်အတွက် တံတောင်ရိုက်ချက်တစ်ခု လက်ဆောင်ပေးခဲ့ကြောင်းလည်း အသိပေးခဲ့ပြီး သူ့ကိုအားပေးကြတဲ့အတွက် ကျေးဇူးတင်တယ်လို့ အဆုံးသတ်လိုက်ပါတယ်။

Twitter

လိုဗရန်ရဲ့ ခရိုအေးရှားအသင်းအနေနဲ့ စပိန်ကိုအနိုင်ရခဲ့ပေမယ့်လည်း မနေ့က ကစားခဲ့တဲ့ အဆုံးအဖြတ်ပွဲစဉ်မှာတော့ အင်္ဂလန်ကို (၂-၁)နဲ့ အရေးနိမ့်သွားခဲ့ပြီးနောက်တစ်ဆင့် တက်ရောက်ခွင့်ကို လက်လွှတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။

Linn

Source : Dailymail

 

READ  အီရန်ကို အနိုင်ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်ကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့မြန်မာ