၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နိုင်ငံတကာပွဲစဉ်တွေထဲမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံးရခဲ့တဲ့ ယူရိုခြေစစ်ပွဲတွေရဲ့ အုပ်စုနောက်ဆုံးအခြေအနေတွေ၊ ခြေစစ်ပွဲအောင်ဖို့ အလားအလာကောင်းနေတဲ့အသင်းတွေနဲ့ နောက်လမှာကစားမဲ့ပွဲစဉ်တွေအကြောင်းကို စုစည်းဖော်ပြပေးမှာ ဖြစ်ပါတယ်။

အုပ်စု (A)
uefa.com

(၄)ပွဲပဲကစားရသေးပြီး ပွဲတိုင်းနိုင်ထားတဲ့ အင်္ဂလန်ကတော့ အုပ်စုပထမနေရာအတွက် အခက်အခဲမရှိနိုင်တော့ဘူးလို့ ဆိုနိုင်ပေမဲ့ လက်ကျန် (၄)ပွဲမှာ အဝေးကွင်း(၃)ပွဲကစားရမှာကိုတော့ သတိထားရမှာပါ။ အုပ်စုဒုတိယနေရာအတွက် ချက်နဲ့ ကိုဆိုဗိုတို့ အဓိက ပြိုင်ဆိုင်ရမှာဖြစ်ပြီး (၂)သင်းစလုံးဟာ အင်္ဂလန်ကို အိမ်ကွင်းတွေမှာ လက်ခံကစားရပါဦးမှာဖြစ်သလို၊ အချင်းချင်းထိပ်တိုက်တွေ့မဲ့ ပွဲလည်းရှိနေပါသေးတယ်။ မွန်တီနီဂရိုး နဲ့ ဘူလ်ဂေးရီးယားတို့ကတော့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အလမ်း အတော်နည်းသွားပါပြီ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com
အုပ်စု (B)
uefa.com

ထိပ်ဆုံးက ယူကရိန်းကိုလိုက်မှီဖို့ ပေါ်တူဂီကြိုးစားလာတာကိုတွေ့ရပါတယ်။ လာမဲ့အောက်တိုဘာမှာ ထိပ်တိုက်တွေ့မဲ့သူတို့ရဲ့ ပွဲက အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြစ်ပေးနိုင်လောက်ပါတယ်။ တတိယနေရာက ဆားဘီးယားကတော့ မျှော်လင့်ချက် ယဲ့ယဲ့ပဲရှိတော့ပေမဲ့ အားလျှော့မဲ့ပုံတော့မရှိပါဘူး။ လက်ကျန်ပွဲ(၃)ပွဲမှာ ယူကရိန်းနဲ့ပဲပွဲကျပ်ရှိတော့သလို၊ အဲ့ဒီပွဲကလည်း အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ဆားဘီးယားရဲ့ ရုန်းအားကိုစောင့်ကြည့်ရမှာပါ။ ယူကရိန်းကတော့ သူတို့ရဲ့နောက်ဆုံး (၂)ပွဲဖြစ်တဲ့ ပေါ်တူဂီ၊ ဆားဘီးယား နဲ့ပွဲတွေက အဓိကအဖြေပါပဲ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (C)
uefa.com

ထိပ်ဆုံး(၃)သင်းစလုံး အခွင့်အရေးရှိနေသေးတဲ့ ဒီအုပ်စုမှာ သူတို့ရဲ့ လက်ကျန်ပွဲတွေက အဖြေပါပဲ။ ဂျာမနီက လက်ကျန် (၃) ပွဲမှာ အက်စ်တိုးနီယားကို အဝေးကွင်း၊ ဘီလာရုစ်နဲ့ မြောက်အိုင်ယာလန်ကို အိမ်ကွင်း၊ နယ်သာလန်က လက်ကျန် (၄)ပွဲမှာ မြောက်အိုင်ယာလန်နဲ့ (၂)ကျော့၊ အက်စ်တိုးနီးယားကို အိမ်ကွင်း၊ ဘီလာရုစ်ကို အဝေးကွင်းမှာ ကစားရမှာပါ။ မြောက်အိုင်ယာ လန်ကတော့ လက်ကျန်(၃)ပွဲမှာ နယ်သာလန်နဲ့ (၂)ပွဲ၊ ဂျာမနီကို အဝေးကွင်းတွေမှာ ကစားရမှာဖြစ်လို့ (၃)သင်းထဲမှာ အဆိုးဆုံး အခြေအနေပါပဲ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (D)
uefa.com
 

ဒီအုပ်စုမှာလည်း အိုင်ယာလန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန် (၃)သင်းစလုံး ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ လက်ကျန်ပွဲတွေမှာလည်း အချင်းချင်းဆုံတွေ့မဲ့ပွဲတွေရှိနေတော့ အုပ်စုနောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရဖို့ များနေပြီး လက်ကျန်ပွဲစဉ်တွေမှာ အိမ်ကွင်းမှာ (၂)ပွဲစီကစားရမဲ့ ဒိန်းမတ်နဲ့ ဆွစ်ဇာလန်တို့ကတော့ အိုင်ယာလန်ထက် ပိုပြီး အခွင့်အလမ်း များနေတယ်လို့ ဆိုရမှာပါ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (E)
uefa.com

ဒီအုပ်စုမှာတော့ အောက်ဆုံးက အဇာဘိုင်ဂျန်ကလွဲရင် ကျန်တဲ့(၄)သင်းစလုံးမှာ မျှော်လင့်ချက်ရှိနေပါတယ်။ နောက်ဆုံးပွဲတွေမှာ အဇာဘိုင်ဂျန်ကို မနိုင်ခဲ့တဲ့ ခရိုအေးရှားနဲ့ ဆလိုဗက်ကီးယားကို အိမ်ကွင်းမှာရှုံးခဲ့တဲ့ ဟန်ဂေရီတို့ကြောင့် (၄)သင်းစလုံးအတွက် အခွင့်အရေးတွေရှိလာခဲ့တာပါ။ လာမဲ့အောက်တိုဘာမှာကစားမဲ့ (၄)ပွဲက ဒီအုပ်စုအတွက် အဖြေတစုံတရာ ထုတ်ပေးနိုင်လောက် ပါတယ်။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (F)
uefa.com

အုပ်စုပထမနေရာအတွက်တော့ စပိန်ကို ကျန်တဲ့အသင်းတွေ မယှဉ်နိုင်တော့လောက်ပေမဲ့ ဒုတိယနေရာအတွက်တော့ (၃)သင်း အပြိုင်ဖြစ်နေဆဲပါ။ စပိန်ကတော့ လာမဲ့(၂)ပွဲမှာ အနည်းဆုံး(၄)မှတ်ရရင်ပဲ ခြေစစ်ပွဲအောင်ပြီဖြစ်ပါတယ်။ ဆွီဒင်၊ ရိုမေးနီးယား၊ နော်ဝေ (၃)သင်းထဲမှာတော့ လက်ကျန်(၄)ပွဲမှာ စပိန်၊ နော်ဝေ၊ ဆွီဒင်တို့နဲ့ကစားရဦးမဲ့ ရိုမေးနီးယားက ပွဲအကျပ်ဆုံးဖြစ်နေ သလို၊ လာမဲ့အောက်တိုဘာပွဲစဉ်တွေမှာ စပိန်၊ ရိုမေးနီးယားတို့နဲ့ကစားရမဲ့ နော်ဝေအတွက်လည်း အခွင့်အရေးတွေ လက်မလွတ် ရအောင် ကြိုးစားရမှာပါ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (G)
uefa.com

ဒီအုပ်စုထဲမှာ သင်္ချာနည်းအရ လက်ဗီးယားကလွဲရင် အကုန်အခွင့်အရေးရှိသေးတယ်ဆိုပေမဲ့ အမှန်တကယ် ခြေစွမ်းတွေ အရတော့ ပိုလန်၊ ဆလိုဗေးနီးယား နဲ့ သြစတြီးယားတို့ပဲ အဓိကယှဉ်ပြိုင်ရမှာပါ။ လက်ကျန်ပွဲတွေအရတော့ လက်ကျန်(၄)ပွဲမှာ အစ္စရေး၊ မြောက်မက်ဆီဒိုးနီးယား၊ လတ်ဗီးယား အားလုံးနဲ့ကစားရဦးမဲ့ သြစတြီးယားက ပိုပြီးအခွင့်အရေးပိုနေတယ်လို့ ပြောလို့ ရသလို၊ အောက်တိုဘာပွဲစဉ်တွေမှာ လတ်ဗီးယား၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ကစားရမဲ့ ပိုလန်ကလည်း (၂)ပွဲစလုံး အနိုင်ရခဲ့ရင် အခြေအနေအတော်ကောင်းသွားမှာပါ။ ဒါ့အပြင် ဆလိုဗေးနီးယားနဲ့ သြစတြီးယား ထိပ်တိုက်တွေ့နေတဲ့ပွဲကလည်း အဆုံးအဖြတ်တခု ဖြစ်လာနိုင်ပါတယ်။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (H)
uefa.com

နောက်ဆုံးပွဲမှာ အယ်လ်ဘေးနီးယားကို ရှုံးရတာ အိုက်စလန်အတွက် အတော်နစ်နာလှပါတယ်။ ဒီပွဲအရှုံးကြောင့် လာမဲ့ ပြင်သစ် နဲ့ပွဲမှာ အမှားခံလို့လုံးဝမရတော့တဲ့ အခြေအနေဖြစ်သွားပါပြီ။ ပြင်သစ်အသင်းအနေနဲ့လည်း အောက်တိုဘာပွဲစဉ်တွေမှာ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ အိုက်စလန်၊ တူရကီတို့နဲ့ ကစားရမှာဖြစ်လို့ အတိမ်းအစောင်းမခံပါဘူး။ ဒါပေမဲ့ ကစားသမားစုဖွဲ့မှုနဲ့ လက်ရှိခြေစွမ်းတွေအရ တော့ ပြင်သစ်အသင်းအနေနဲ့ ခြေစစ်ပွဲအောင်ဖို့ အခက်အခဲမရှိနိုင်ဘဲ ကျန်တနေရာကိုပဲ တူရကီနဲ့ အိုက်စလန်တို့ လုရမှာပါ။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

READ  မနေ့ည၊နိုင်ငံတကာပွဲမှာ မော်ရင်ဟို သွားပြီးအကဲခတ်ခဲ့တဲ့ ကစားသမားကဘယ်သူလဲ
uefa.com

 

အုပ်စု (I)
uefa.com

ဘယ်လ်ဂျီယံကတော့ လာမဲ့ပွဲမှာ အနိုင်ရတာနဲ့ ခြေစစ်ပွဲအောင်ပါပြီ။ ကန်ရမဲ့အသင်းကလည်း အောက်ဆုံးက ဆမ်မာရနိုဖြစ်နေ တော့ ခြေစစ်ပွဲအောင်ဖို့က သေချာနေပြီလို့ ဆိုရမှာပါ။ ရုရှားကလည်း လက်ကျန်ပွဲတွေမှာ စကော့တလန်၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားရဦးမယ်ဆိုပေမဲ့ အိမ်ကွင်းတွေမှာဖြစ်လို့ အမှတ်ရသလောက်ယူနိုင်မှာပါ။ (၃)ပွဲဆက်ရှုံးခဲ့တဲ့ စကော့တလန်ကတော့ လာမဲ့ ရုရှားနဲ့အဝေးကွင်းပွဲမှာ အနိုင်ရမှ မျှော်လင့်ချက်ရေးရေးပြန်ရှိလာမှာဖြစ်ပေမဲ့ မဖြစ်နိုင်တော့ပါဘူး။ ဘယ်လ်ဂျီယံနဲ့ ရုရှားတို့ ခြေစစ်ပွဲအောင်ပါလိမ့်မယ်။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

အုပ်စု (J)
uefa.com

အီတလီကလည်း အောက်တိုဘာလပွဲစဉ်တွေမှာ (၄)မှတ်ရရုံနဲ့ ခြေစစ်ပွဲအောင်ပါပြီ။ ရှေ့လမှာကစားရမဲ့အသင်းတွေကလည်း ဂရိ၊ လစ်ချင်စတိန်းတို့ဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့ သေချာနေပြီလို့ ဆိုရပါလိမ့်မယ်။ အုပ်စုဒုတိယနေရာအတွက် ဖင်လန်ကို အာမေး နီးယားက ခြိမ်းခြောက်လာနိုင်ပြီလို့ဆိုနိုင်ပေမဲ့ လက်ကျန်ပွဲမှာ အီတလီနဲ့ကန်စရာမလိုတော့သလို၊ အာမေးနီးယားကို အိမ်ကွင်းမှာ ကစားရမဲ့ ဖင်လန်က ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ပိုများနေပါတယ်။
အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမဲ့ပွဲစဉ်များ

uefa.com

 

Ko Puccy
Source: UEFA