မနေ့က ကစားခဲ့တဲ့ အမေရိကန်အသင်းနဲ့ မက္ကဆီကိုအသင်းတို့ရဲ့ ပွဲစဉ်မှာ အမေရိကန်နောက်ခံလူ မီယာဇာနဲ့ မက္ကဆီကို တိုက်စစ်မှူး လိုင်နက်ဇ် တို့ရဲ့ကြား တင်းမာမှုတွေဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ လူငယ်နောက်ခံကစားသမားဟာ ပြိုင်ဖက်အသင်းတိုက်စစ်မှူးရဲ့အရပ်ကို နှိမ်ခဲ့တာပါ။

အမေရိကန်အသင်းရဲ့ ဂိုးစည်းနားမှာ မီယာဇာနဲ့ လိုင်နက်ဇ်တို့နှစ်ယောက် ဘောလုံးယှဉ်လုကြရင်း တင်းမာမှုတွေ ဖြစ်ခဲ့ကြတာဖြစ်ပြီး အရပ် (၆ပေ၄လက်မ) ရှိတဲ့ မီယာဇာ က အရပ် (၅ပေ ၆လက်မ)သာရှိတဲ့ လိုင်နက်ဇ်ကို လက်ဟန်ခြေဟန်နဲ့ “ဂျပုကများ” ဆိုတဲ့ပုံစံနဲ့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

Youtube

ဒီလုပ်ရပ်ကြောင့် လိုင်နက်ဇ်ကိုယ်တိုင်လည်း ဒေါသထွက်ခဲ့ပြီး သူ့ရဲ့အသင်းဖော်တွေကပါ မီယာဇာကို ပြဿနာရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် နှစ်ဖက်အသင်းကစားသမားတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး ကွင်းလယ်ဒိုင်က မီယာဇာကိုအ၀ါကတ်ပြား ပြသခဲ့ပါတယ်။

SI

(၂၀၁၆)ခုနှစ်ကစပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ မီယာဇာဟာ ပြင်သစ်ကလပ်အသင်း နန့်တက်စ်ကို အငှားချထားခြင်းခံရတဲ့ ကစားသမားဖြစ်ပြီး အသက် (၂၃)နှစ်သာ ရှိပါသေးတယ်။ သူနဲ့ ပြဿနာဖြစ်ခဲ့တဲ့ ကလပ်အမေရိကအသင်းတိုက်စစ်မှူး လိုင်နက်ဇ်ကတော့ အသက် (၁၈)နှစ်သာ ရှိသေးလို့ ဒါဟာ လူငယ်တွေကြား မခံချင်အောင် ရန်စတဲ့ ပြဿနာလို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ အမေရိကန်အသင်းက မက္ကဆီကို ကို (၁-၀) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး အမေရိကန်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် (၇၀)မှာ ကွင်းလယ်လူ အဒမ်စ် က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

Linn

Source : Goal

READ  အာဂျင်တီးနားမှာမက်ဆီဘယ်လောက်ရုန်းကန်နေရကြောင်း သေချာစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခု