အင်္ဂလန်အသင်းပရိသတ်တွေအတွက်တော့ တကယ့်ကို ဒေါသဖြစ်စရာနေ့ပါပဲ။ အင်္ဂလန်ဟာ Nations League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့အခွင့်အရေးတွေရှိနေရက်နဲ့ ခံစစ်ကစားသမားတွေရဲ့ ပေါ့ဆမှုတွေကြောင့် ပြိုင်ဖက်အသင်းကို ဂိုးတွေပေးခဲ့ရတာကြောင့်ပါ။

ပွဲချိန် (၇၃)မိနစ်မှာ ရရှိသွားတဲ့ ဒီလစ်ရဲ့ခေါင်းတိုက်ချေပဂိုးကလွဲရင် အချိန်ပိုမိနစ်တွေမှာ ပေးလိုက်ရတဲ့ ဂိုး (၂) ဂိုးစလုံးက အင်္ဂလန်ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် ပေးလိုက်ရတဲ့ ဂိုးတွေချည်းပါပဲ။

ပွဲချိန် (၉၇)မိနစ်မှာ ဝေါ်လ်ကာ ကိုယ့်ဂိုးကိုယ်သွင်းမိသွားတဲ့ ဂိုးဆိုရင် ခံစစ်ကစားသမားတွေ ဘောလုံးအပေးအယူလုပ်နေကြရင်း ဂျွန်စတုံးဟာ သူ့ခြေထောက်ထဲရောက်လာတဲ့ဘောလုံးကို ဘယ်သူ့ဆီမှမပေးပဲ လိမ်ခေါက်ဖို့မလိုအပ်ပဲ ကြိုးစားခဲ့တာပါ။ အဲဒီလို လုပ်နေခဲ့တဲ့အတွက် ပြိုင်ဖက်ကစားသမားက သူ့ခြေထောက်ထဲက ဘောလုံးကို လုယူသွားခဲ့ပြီး ဂိုးပေါက်ထဲ ကန်ထည့်၊ အဲဒီကမှ ဂိုးသမားပုတ်ထုတ်လို့ ထွက်လာတဲ့ဘောလုံးကို ဝေါ်လ်ကာက ဖျက်ထုတ်ဖို့ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့တာပါ။

နောက်ထပ် ပွဲချိန် (၁၁၄)မိနစ်မှာ ပေးလိုက်ရတဲ့ဂိုးကလည်း အလားတူပါပဲ။ ခံစစ်မှာ အင်္ဂလန်အသင်းဘောလုံးရနေတုန်း မက်ဂွိုင်းယားက ဂိုးဧရိယာအစပ်နားမှာရှိတဲ့ ဘာကလေဆီကို ဘောလုံးလှမ်းပေးခဲ့တာပါ။ ဘာကလေက ဂိုးသမားဆီကို ပြန်ပေးရာကနေ နံဘေးမှာရှိတဲ့ နယ်သာလန်တိုက်စစ်မှူး ပရုမ်းစ်နဲ့ ထိသွားခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲသွားခဲ့ရတာပါ။

ပရိသတ်တွေကတော့ အင်္ဂလန်ကစားသမားတွေရဲ့ ပေါ့လျော့စွာ ကစားခဲ့မှုကို ဝေဖန်နေကြပြီး လက်ရွေးစင်ကစားသမားတွေအနေနဲ့ မမှားသင့်တဲ့အမှားမျိုးတွေကို ကျူးလွန်ခဲ့ကြတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Twitter

READ  ဗန်ဒိုက်ဟာ တိုက်စစ်မှူးအဖြစ်လည်းကစားတတ်ကြောင်း သက်သေပြသွားတဲ့ကိုးလ်မန်း