အခုမနက်ပိုင်းမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းဟာ ပီရူးအသင်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဘရာဇီးလ်အသင်းရဲ့ (၁၇)ပွဲဆက် ရှုံးပွဲမရှိစံချိန် ကတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်။

soccerway

ဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ တိုက်စစ်မှူးနေမာကို အရန်ခုံမှာပဲထိုင်ခိုင်းထားခဲ့ပြီး တိုက်စစ်မှာ အေဂျက်စ်ရဲ့ နီရက်စ်၊ လီဗာပူးလ် ရဲ့ ဖာမီနို၊ အဲဗာတန်ရဲ့ ရစ်ချာလီဆန် တို့နဲ့ပွဲထွက်လာတာပါ။ ကွင်းလယ်မှာလည်း ရီးရဲလ်ရဲ့ ကာဆီမီရို၊ နာပိုလီရဲ့ အယ်လန်၊ ဘိုင်ယန်မြူးနစ်ရဲ့ ကော်တင်ဟိုတို့ကို ပွဲထွက်စေခဲ့ပါတယ်။ နောက်တန်းမှာလည်း ရီးရဲလ်ကစားသမားသစ် မီလီတာအို ပွဲထွက် ခဲ့တာကိုတွေ့ရပါတယ်။ ပီရူးအသင်းကလည်း အဓိကကစားသမား အစုံအလင်နဲ့ ဘရာဇီးလ်အသင်းကို ရင်ဆိုင်ခဲ့တာပါ။

(AP Photo/Marcio Jose Sanchez)

ဘရာဇီးလ်အသင်းဟာ ပွဲကိုစိုးမိုးထားနိုင်ပေမဲ့ ဂိုးမရခဲ့လို့ ဒုတိယပိုင်းမှာ နေမာ၊ ဖာဘင်ဟို၊ လူးကပ်စ်ပါကွေတာ၊ ဗီနီစီရက်စ် ဂျူနီယာ စတဲ့ကစားသမားတွေကို ပြောင်းလဲထည့်သွင်းပြီး ဂိုးရဖို့ကြိုးစားခဲ့ပေမဲ့ တကယ်တမ်းအနိုင်ဂိုးကိုတော့ ပီရူးအသင်းက သွင်းယူသွားခဲ့တာပါ။ ဒီပွဲရဲ့တလုံးတည်းသော ဂိုးကိုတော့ ပွဲချိန် (၈၅)မိနစ်မှာ ပီရူးနောက်ခံလူ အက်ဘရမ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

(AP Photo/Marcio Jose Sanchez)

ဒီပွဲမှာရှုံးနိမ်ခဲ့တာကြောင့် ဘရာဇီးလ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးရှုံးပွဲကို ပြန်လည်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပီရူးအသင်းကတော့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ တယ်လို့ပဲ ဆိုရမှာပါ။

(AP Photo/Marcio Jose Sanchez)

Ko Puccy
Source: soccerway

READ  ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁၀) ပြင်ပကို ရောက်ရှိသွားခဲ့တဲ့ ဂျာမနီ