မနေ့ညက ပွဲစဉ်မှာ နယ်သာလန်အသင်း ရှုံးပွဲကြုံခဲ့တယ်ဆိုပေမယ့် အသင်းရဲ့ခံစစ်မှူး ဗန်ဒိုက်ကတော့ စံချိန်သစ်တွေ ထပ်ပြီး ရရှိခဲ့တာပါ။ ဗန်ဒိုက်ဟာ ပြိုင်ဖက်ကစားသမားတစ်ယောက်ရဲ့ ဘောလုံးနဲ့အတူ ဖြတ်ကျော်ခြင်းကို (၆၅)ပွဲဆက် တားဆီးနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဒီပွဲစဉ်မှာလည်း ပေါ်တူဂီကစားသမားတွေဟာ ဗန်ဒိုက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

Twitter

ဒီပွဲမတိုင်မီမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်တို့ရဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ အားလုံးက မှတ်ချက်ချခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ရော်နယ်ဒို ဟာ ဗန်ဒိုက်ကို တစ်ဦးချင်း ဖြတ်ကျော်ဖို့ ပွဲစဉ်တစ်လျှောက်လုံးမကြိုးစားခဲ့ပဲ အသင်းဖော်တွေဆီ ဘောလုံးပေးပို့မှုတွေအပေါ်သာ အာရုံစိုက်နေခဲ့တာပါ။

Twitter

ဗိုလ်လုပွဲရဲ့ အန္တရာယ်အရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဘာနာဒိုဆေးလ်ဗားတောင် ဗန်ဒိုက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပဲ ဆေးလ်ဗားရဲ့ကျော်ဖြတ်ဖို့ ကြိုးစားမှု (၂)ကြိမ်စလုံးကို ဗန်ဒိုက်က အောင်အောင်မြင်မြင်ပဲ တားဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂိုးဧရိယာပြင်ပကနေ ကန်သွင်းခဲ့တဲ့ ဂွီဒက်ဇ်ရဲ့ကန်ချက်ကိုတော့ ဗန်ဒိုက်အပါအ၀င် နယ်သာလန်နောက်ခံလူတွေ ဘယ်လိုမှ တားဆီးနိုင်ခြင်းမရှိခဲ့ပဲ ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရတာပါ။

ဗန်ဒိုက်ရဲ့ ပရိသတ်တွေကတော့ ပြိုင်ဖက်တိုက်စစ်မှူးတွေအနေနဲ့ ဗန်ဒိုက်ကို တစ်ဦးချင်း ကျော်ဖြတ်နိုင်ဖို့ဆိုတာ မစဉ်းစားရဲကြတော့ဘူးလို့ ကြွေးကြော်နေကြပြီး ရော်နယ်ဒို ကိုယ်တိုင်လည်း ဆုဖလားရယူနိုင်ခဲ့ပေမယ့် ဗန်ဒိုက်ကို ကျော်ဖြတ်ကြည့်ဖို့တော့ မကြိုးစားရဲခဲ့ဘူးလို့ တွစ်တာပေါ်မှာ မှတ်ချက်တွေ ပေးနေခဲ့ကြပါတယ်။

Linn

Source : TheSun

READ  လီဗာပူးလ်ပရိသတ်တွေ ချီးကျူးနေကြတဲ့ ဟယ်ရီဝီလ်ဆင်ရဲ့ ဖရီးကစ်သွင်းဂိုး