ဘောလုံးလူဆိုးတွေပေါများလှပြီး ရန်ပွဲတွေ မရိုးနိုင်အောင်ဖြစ်နေတဲ့ ရုရှားလို နိုင်ငံမျိုးမှာ နိုင်ငံလက်ရွေးစင် ဘောလုံးသမားနှစ်ယောက်ကတော့ ရန်ပွဲကြောင့် ထောင်ဒဏ် (၁)နှစ်ခွဲစီ ချမှတ်ခြင်းခံလိုက်ရပါတယ်။

ရုရှားနိုင်ငံရဲ့ နာမည်ကျော်ဘောလုံးသမားတွေဖြစ်ကြတဲ့ ခရက်စ်နိုဒေါကွင်းလယ်လူ မာမာယက် နဲ့ ဇင်းနစ်အသင်းတိုက်စစ်မှူး ကိုကိုးရင် တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၈) အောက်တိုဘာလအတွင်းက ဘားတစ်ခုမှာ ရန်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရကုန်သွယ်ရေးအရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့ကြတာပါ။

AFP

ရုပ်သံမှတ်တမ်းတွေအရ အရာရှိဖက်က ဘာမှတုန့်ပြန်ခြင်းမပြုခဲ့ပဲ  သူတို့နှစ်ဦးကသာ ဒေါသတကြီး ထိုးကျိတ်နေတာကို မြင်ခဲ့ကြရပြီး ထိုင်ခုံနဲ့တောင် ရိုက်ခဲ့ကြတဲ့အထိ ပြင်းထန်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကားပါကင်နေရာမှာ စောင့်ဆိုင်းနေတဲ့ ရုပ်သံတင်ဆက်သူတစ်ဦးကို ဆက်လက်ထိုးကြိတ်ခဲ့ကြပြီး ကားသမားတစ်ဦးကလည်း သူတို့ရဲ့လက်ချက်ကြောင့်ဆေးရုံရောက်သွားခဲ့ရတာပါ။

PA

အဲဒီနောက် အရာရှိ ဆေးရုံကနေ ဆင်းလာတဲ့အချိန်မှာတော့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး သူတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။ နှစ်ယောက်စလုံးက လက်ရှိအချိန်အထိ အချုပ်ထဲမှာ ဖမ်းဆီး စစ်ဆေးခံနေခဲ့ရပြီး မနေ့ကမှ တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။

PA

နောက်ဆုံးမှာတော့ မော်စကို တရားရုံးကနေ စီရင်ချက်ချမှတ်လိုက်ပြီး မာမာယက် ကို ထောင်ဒဏ် တစ်နှစ်နဲ့ငါးလ ၊ ကိုကိုးရင် ကို ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ အသီးသီး ချမှတ်လိုက်ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်မှုအရ ဒီပြစ်ဒဏ်မှာ သူတို့ရဲ့ ချုပ်ရက်တွေကို ထည့်သွင်းခံစားစေမှာဖြစ်လို့ နှစ်ဦးစလုံးဟာ နောက်ထပ် (၇)လ လောက်တော့ မော်စကို အကျဉ်းထောင်ထဲမှာ အကျဉ်းချခံရတော့မှာပါ။

နှစ်ဦးစလုံးက ထူးချွန်တဲ့ ကစားသမားတွေဖြစ်ကြပြီး နိုင်ငံအတွက် ပွဲပေါင်းများစွာ ကစားပေးထားခဲ့ပေမယ့် ရုရှားရဲ့တရားစီရင်ရေးက ပြတ်သားလှတယ်လို့  မှတ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဗြိတိန်သတင်းစာတွေကတော့ ဒီအခြေအနေဟာ အစိုးရနဲ့ပတ်သက်နေတဲ့ အရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့တာကြောင့်သာ ပိုမိုဆိုးရွားသွားခဲ့တာလို့ ရေးသားနေကြပြီး ရုရှားမှာတော့ နာမည်ကျော်ဘောလုံးသမားတွေလည်း နေရာပေးခြင်းမခံရရှာဘူးလို့ ဖော်ပြခဲ့ကြပါတယ်။

Linn

Source : Dailymail

READ  အင်္ဂလန်လေ့ကျင့်ရေးကွင်းက ဆန်ချိုရဲ့စကေးကြောင့် ပွဲကျကုန်ကြတဲ့အသင်းဖော်တွေ