ဝေးလ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ယန်ဂစ်ကတော့ သူပိုင်တဲ့ ဟိုတယ်မှာ ဝေးလ်အသင်းပရိသတ်တွေကို တည်းစေခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

အင်္ဂလန်မြေမှာ ကစားကြမယ့် ဝေးလ်အသင်းနဲ့ ထရီနီဒက်တို့ရဲ့ ချစ်ကြည်ရေးပွဲစဉ်အတွက် ရွိုင်ယန်ဂစ်က ဝေးလ်အသင်း ပရိသတ်တွေကို သူပိုင်တဲ့ Hotel Football မှာ တည်းခိုစေဖို့ စီစဉ်ပေးခဲ့ပြီး ပိုက်ဆံတွေ အိတ်ထဲရောက်အောင် လုပ်ခဲ့တယ်လို့ မှတ်ချက်ပေးနေကြတာပါ။

TheSun

ဒီဟိုတယ်ကို မန်ယူအသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ယန်ဂစ်တို့ ပိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အစုရှယ်ယာတွေ ထည့်ဝင်ခဲ့တာပါ။

ဝေးလ်နဲ့ ထရီနီဒက် တို့ရဲ့ ပွဲစဉ်ကို အင်္ဂလန်နိုင်ငံ Wrexham မြို့က Racecourse Ground ကွင်းမှာ ကစားကြမှာဖြစ်ပြီး ဂစ် ရဲ့ဟိုတယ်နဲ့ဆို တစ်နာရီခွဲကျော်လောက် ရထားစီးရတဲ့နေရာမှာ တည်ရှိနေပါတယ်။

Instagram

ဂစ်ရဲ့ ဟိုတယ်က အိုးထရက်ဖို့ဒ်ကွင်းအနီးမှာ ရှိနေပြီး ဝေးလ်ပရိသတ်တွေအနေနဲ့ မန်ယူအသင်းရဲ့အမှတ်တရတွေကို ကြည့်နိုင်ဖို့နဲ့၊ Wrexham မြို့ထဲက နေရာတွေဟာ ပရိသတ်တွေနဲ့ အဆင်မပြေမှာ စိုးတာကြောင့်ဖြစ်တယ်လို့ ဂစ်က ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ အသင်းရလဒ်ပိုင်းကိုပဲ အာရုံစိုက်ထားတာဖြစ်ပြီး ကျွန်တော့်ဟိုတယ်က မန်ချက်စတာမှာ ရှိတယ်ဆိုတာ ပရိသတ်တွေကို အသိပေးရုံပါ။ ကျွန်တော်က ပိုက်ဆံကို သိပ်ပြီး ဂရုစိုက်တဲ့သူမဟုတ်ဘူး။ ဂါရက်ဘေးလ် ကိုယ်တိုင်တောင် ကျွန်တော့် ဟိုတယ်မှာတည်းဖို့ သူ့စိတ်ကြိုက်ရွေးချယ်ခဲ့တာ” လို့ ဂစ်က ဆိုပါတယ်။

EPA

ဗြိတိန်မီဒီယာတွေကတော့ ဂစ်ရဲ့ ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ရေးသားနေကြပြီး Wrexham မြို့ထဲက ဘောလုံးလူဆိုးတွေကို ရှောင်ရှားပြီးသားလည်း ဖြစ်သွားစေတယ်လို့ ကာကွယ်ပေးခဲ့ကြပါတယ်။

ဝေးလ်အသင်းနဲ့ ထရီနီဒက်အသင်းတို့ရဲ့ ပွဲစဉ်ကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာဖြစ်ပြီး ရလဒ်ကောင်းတစ်ခု ရယူနိုင်မယ်လို့ ရွိုင်ယန်ဂစ်က မျှော်လင့်နေပါတယ်။

Linn

Source : TheSun

 

READ  ဆိုးရွားတဲ့ စံချိန်တွေနဲ့အတူ အင်္ဂလန်ကို အရှုံးပေးခဲ့ရတဲ့ စပိန်