ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ ဘယ်သူ့ရဲ့အောင်ပွဲခံမှုက အကောင်းဆုံးဖြစ်မလဲဆိုတာကို Marca သတင်းစာက စစ်တမ်းကောက်ယူခဲ့ပြီး ပရိသတ်တွေကတော့ (၂၀၁၇)ခုနှစ် သြစတြေးလျနဲ့ဘရာဇီးပွဲစဉ်က ကစားသမားတစ်ဦးရဲ့ အောင်ပွဲခံပုံကိုသာ ရွေးချယ်ခဲ့ကြပါတယ်။

အဲဒီလို အောင်ပွဲခံခဲ့တဲ့ ကစားသမားကတော့ သြစတြေးလျအသင်းရဲ့ အမျိုးသမီး ကွင်းလယ်ကစားသမား ဆမ်ကား ပါပဲ။ သြစတြေးလျက ဘရာဇီးကို (၃-၁)နဲ့ နိုင်တဲ့ ပွဲစဉ်မှာ ဆမ် က အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် (၆၅)မိနစ်မှာ သွင်းယူခဲ့တဲ့ သူမရဲ့ဂိုးက သြစတြေးလျရဲ့နိုင်ပွဲကို လုံးဝ သေချာသွားစေခဲ့ပါတယ်။

Twitter

တောင်ပံကနေ ထိုးပေးလိုက်တဲ့ဘောလုံးကို ပြိုင်ဖက်နောက်ခံလူတစ်ယောက် တားဆီးနေတဲ့ ကြားနေပဲ ဆမ်ကား က ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး သူမက နှစ်ပတ်ကျွမ်းပစ်ကာ အောင်ပွဲခံခဲ့တယ်။

ဒီလို အောင်ပွဲခံပုံမျိုးကို အမျိုးသားဘောလုံးသမားတွေတောင် မပြုလုပ်နိုင်ကြပဲ နာနီ၊ ရော်ဘီကိန်း စတဲ့ ကစားသမားတွေလောက်သာ လုပ်နိုင်ခဲ့တာကိုတွေ့ရမှာပါ။

Twitter

ဒီလိုအောင်ပွဲခံပုံက အခန့်မသင့်ရင် ကိုယ်တိုင် ဒဏ်ရာရသွားနိုင်တဲ့ အနေအထားမို့ တချို့နည်းပြတွေဆိုရင် ကစားသမားတွေကို အဲဒီလိုပုံမျိုးနဲ့ အောင်ပွဲမခံကြဖို့ တားဆီးရတဲ့အထိပါပဲ။

ဒါပေမယ့် ဆမ်ကား ကတော့ အလှပဆုံးပုံစံနဲ့ နောက်ကျွမ်းပစ်သွားခဲ့ပြီး သူမရဲ့ ဒီအောင်ပွဲခံမှုက အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အရဲရင့်ဆုံးနဲ့ အလှပဆုံးပဲလို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြတာပါ။

ဆမ်ကား ဟာ လက်ရှိအချိန်မှာလည်း သြစတြေးလျအသင်းနဲ့အတူ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး သူမရဲ့သွင်းဂိုးတွေနဲ့အတူ လှပတဲ့အောင်ပွဲခံပုံကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

Linn

Source : Youtube , Marca

READ  အင်္ဂလန်အသင်းနောက်ခံလူတွေကိုကျေးဇူးတင်ရမယ့် နယ်သာလန်ရဲ့အနိုင်ဂိုး(၂)ဂိုး