နယ်သာလန်နဲ့အင်္ဂလန်ပွဲစဉ်ပြီးသွားတဲ့အချိန်၊ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ နယ်သာလန်ပရိသတ်တွေ အောင်ပွဲခံခဲ့ကြပြီး အင်္ဂလန်ဟာ ကမ္ဘာ့နံပတ်(၁)ဖြစ်ဖို့ နှစ်ပေါင်းများစွာ စောင့်ရလိမ့်ဦးမယ်လို့ လှောင်ပြောင်ခဲ့ကြတာပါ။

အင်္ဂလန်ပရိသတ်တွေကလည်း နယ်သာလန်အသင်းအနိုင်ရသွားခဲ့တာဟာ စိတ်ကောင်းရှိတဲ့ အင်္ဂလန်ကစားသမားတွေကြောင့်သာဖြစ်ပြီး ဂျွန်စတုံးနဲ့ ဘာကလေ တို့သာ အခွင့်အရေးတွေ ဖန်တီးမပေးခဲ့ဘူးဆိုရင် နယ်သာလန် ဂိုးရဖို့မရှိဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

ဒီမနက်ပိုင်းတွစ်တာပေါ်မှာတော့ ဒီလစ်ရဲ့ပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ပြီး ပြေးထွက်သွားတဲ့ ဆန်ချိုရဲ့ ဗီဒီယိုလေးက နာမည်ကြီးနေပြီး ဆန်ချိုဟာ ဒီလစ်ရဲ့ပြောင်းရွှေ့ကြေးဘယ်လောက်လဲဆိုတာကို ဒီနည်းနဲ့မေးခွန်းထုတ်လိုက်တာ ဖြစ်တယ်လို့ အင်္ဂလန်ပရိသတ်တွေက ဟာသလုပ်နေကြတာပါ။

အင်္ဂလန်ရဲ့တောင်ပံနှစ်ဖက်ဖြစ်တဲ့ ဆန်ချိုနဲ့ စတာလင် တို့ဟာ မနေ့ညက ပွဲစဉ်မှာ နယ်သာလန်ခံစစ်ပိုင်းကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း ရရှိခဲ့တဲ့အခွင့်အရေးတွေကို တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်၊ ဟယ်ရီကိန်းတို့ အသုံးမချနိုင်ခဲ့တာကြောင့်သာ အင်္ဂလန်အသင်းအနိုင်ဂိုးတွေနဲ့ ဝေးခဲ့ရတာပါ။

တွစ်တာပေါ်မှာတွေ့ရတဲ့ စက္ကန့်အနည်းငယ် ဗီဒီယိုလေးမှာတော့ ဆန်ချိုဟာ သူ့ရှေ့မှာတားဆီးနေတဲ့ ဒီလစ်ကို ခြေယောင်ပြကာ ဒီလစ်ရဲ့ပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ပြီး ကျော်ဖြတ်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလစ်က သူ့ကိုကျော်သွားတဲ့ ဆန်ချိုကို ဆွဲလိုက်ဖို့ ကြိုးစားခဲ့သေးပေမယ့် ဆန်ချိုက လျှင်လျှင်မြန်မြန်နဲ့ပဲ ကျော်ဖြတ်သွားခဲ့လို့ ဘယ်လိုမှ မတတ်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။

တချို့ပရိသတ်တွေကတော့ ဘောလုံးသမားတစ်ယောက်ရဲ့ပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ခံလိုက်ရတာဟာ ထူးဆန်းတဲ့အဖြစ်အပျက်မဟုတ်ကြောင်း ပြောဆိုနေကြပြီး ဆန်ချိုကိုယ်တိုင်လည်း အဲဒီလိုမျိုး သေချာပေါက်အလုပ်ခံခဲ့ရမှာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ကြပါတယ်။

Linn

Source : Twitter

READ  ဆီနီဂေါအသင်းရဲ့ ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ မာနေးရဲ့သွင်းဂိုးတစ်ဂိုး