ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ မနေ့ညက Nations League ချန်ပီယံဆုကို ဆွတ်ခူးပြီးတဲ့နောက် UEFA ဆီက ချန်ပီယံဆုဖလား(၁၀)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ ယူရို (၂၀၁၆) ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ နောက်ထပ် ဆုဖလားတစ်လုံးကို ထပ်မံ ရယူနိုင်လိုက်တာလည်း ဖြစ်ပါတယ်။

 

ရော်နယ်ဒိုရဲ့ ကစားသမားဘ၀မှာ UEFA ဆီကနေ ယူရိုဆုဖလား၊ Nations League ဆုဖလား၊ ချန်ပီယံလိဂ်ဆုဖလား(၅)လုံး၊ စူပါဖလား(၃)လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုက UEFA ဆီက ဆုဖလားအများဆုံး ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက်တော့ ဒီဆုဖလားစာရင်းနဲ့ စံချိန်သစ်တွေဟာ တကယ့်ကို ပျော်ရွှင်စရာပဲဖြစ်ပြီး မတူညီတဲ့အသင်း(၄)သင်းနဲ့ နိုင်ငံအသင်းအတွက် ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒို ကို ချီးကျူးခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ မနေ့ညက ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့သလို နယ်သာလန်အသင်းရဲ့ ခံစစ်ပိုင်းကိုလည်း အချိန်ပြည့်နီးပါး ဖိအားပေးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက ပွဲအပြီးမှာ ဒီအောင်မြင်မှုဟာ ပေါ်တူဂီအသင်းအတွက် ဂုဏ်ယူစရာဖြစ်ပြီး အကောင်းဆုံးစုစည်းမှုနဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ပွဲပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

 

Linn

Source : Twitter , TheSun

READ  အင်္ဂလန်အသင်းနောက်ခံလူတွေကိုကျေးဇူးတင်ရမယ့် နယ်သာလန်ရဲ့အနိုင်ဂိုး(၂)ဂိုး