နယ်သာလန်အသင်းရဲ့ နောက်ခံကစားသမား ဒီလစ်ကတော့ Nations League ပြိုင်ပွဲအပြီး ကစားသမားတွေ နှုတ်ဆက်ကြချိန်မှာ ရော်နယ်ဒိုပြောခဲ့တဲ့ စကားကြောင့် အံ့သြမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီနဲ့ နယ်သာလန်တို့ရဲ့ ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တဲ့ ဒီလစ် ဟာ ပွဲအပြီးမှာ ရော်နယ်ဒိုနဲ့အခြားပေါ်တူဂီ ကစားသမားတွေကို သွားရောက်နှုတ်ဆက်ခဲ့တာပါ။

Twitter

အဲဒီအချိန်မှာပဲ ရော်နယ်ဒို က ဒီလစ်ကို ဂျူဗင်တပ်စ်မှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲဒီဖိတ်ခေါ်မှုကြောင့် အံ့အားသင့်ခဲ့ရသလို ပျော်ရွှင်သွားခဲ့ရတယ်လို့ ဒီလစ် က ဆိုပါတယ်။

“ရော်နယ်ဒို က ဂျူဗင်တပ်စ်ဆီပြောင်းလာဖို့ ကျွန်တော့်ကိုပြောခဲ့တာပါ။ ကျွန်တော့်မှာ အံ့အားသင့်လွန်းလို့ ရယ်မောနေရုံကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ဘူး” လို့ ဒီလစ်က ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ ဒီလစ် ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် နာမည်အကြီးဆုံး ကစားသမားစာရင်းထဲမှာ ရှိနေပြီး မန်စီးတီး၊ ဂျူဗင်တပ်စ်၊ မန်ယူ၊ ဘာစီလိုနာ စတဲ့အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရသူပါ။

ဒီလစ် က သူ့အနေနဲ့ ဘောလုံးကစားရဖို့သာ အရေးအကြီးဆုံးဖြစ်ပြီး လက်ရှိအချိန်ဟာ အနာဂတ်နဲ့ ပတ်သက်လို့ သေချာစဉ်းစားရတော့မယ့်အချိန်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : Mirror

READ  အာဂျင်တီးနားအသင်းဟာ ပြည်သူတွေကိုသစ္စာဖောက်နေတယ်လို့မာရာဒိုနာစွပ်စွဲ