ချယ်လ်ဆီးအသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားတဲ့ နည်းပြ ဆာရီ ဟာ တစ်နေ့ကို ဆေးလိပ် အလိပ်ပေါင်း (၈၀)နဲ့အထက် သောက်သူ ဖြစ်တယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။

တွစ်တာပေါ်မှာတော့ ဆာရီတစ်ယောက် ဂျူဗင်တပ်စ်ကိုရောက်ပြီဆိုတဲ့ အကြောင်းကို စီးကရက်ပုံတွေနဲ့ ဖော်ပြနေကြပြီး အီတလီနည်းပြကြီးရဲ့ ဆေးလိပ်ငွေ့တွေဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ပျံဝဲနေတော့မှာ ဖြစ်တယ်လို့ ဟာသလုပ်နေကြတာပါ။

 

Sky Sports ရဲ့ ဖော်ပြချက်အရတော့ ဆာရီ ဟာ တစ်နေ့ကို ဆေးလိပ် (၈၀)ကျော် သောက်သူဖြစ်ကြောင်း သိရှိခဲ့ရပြီး သူဟာ အိပ်ချိန်ကလွဲလို့ တစ်နာရီကို အနည်းဆုံး စီးကရက် (၅)လိပ် သောက်တဲ့သူလို့ ရေးသားခဲ့ပါတယ်။

ဆာရီရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက ဒီအချက်ကို အတည်ပြုပေးခဲ့ကြပြီး ဆာရီဟာ တစ်ရက်ကို စီးကရက် (၄)ဗူး အနည်းဆုံး ကုန်အောင်သောက်တဲ့သူ လို့ ပြောပြခဲ့ကြတာပါ။

နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ကွင်းဘေးမှာ ဆေးလိပ်ဖွာနေတဲ့ ဆာရီကို တွေ့ရမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်ရှိသွားချိန်မှာတော့ ပွဲချိန်အတွင်း စီးကရက်မသောက်ရဘူးဆိုတဲ့ အသင်းပိုင်ရှင်ရဲ့ အမိန့်ကြောင့် ဆာရီဟာ စီးကရက်ဖင်စီခံလေးကိုပဲ ပါးစပ်မှာကိုက်ပြီး စိတ်ဖြေခဲ့ရတာပါ။

Twitter

ဒါပေမယ့် ဂျူဗင်တပ်စ်မှာတော့ အဲဒီလို တင်းကြပ်တဲ့ စည်းကမ်းမျိုး ရှိမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပြီး ဆာရီကို ကွင်းဘေးမှာ ဆေးလိပ်သောက်ရင်းနည်းပြနေတာ တွေ့ရဦးမယ်လို့ ရေးသားနေကြပါတယ်။

ဆာရီရဲ့အမာခံ ပရိသတ်တွေကတော့ သူတို့နည်းပြကြီးတဲ့ ဆေးလိပ်သောက်နှုန်းကြောင့် စိတ်ပူနေကြပြီး ဒီအတိုင်းသာ ဆက်သောက်နေမယ်ဆိုရင် အသက် (၆၀)အရွယ်နည်းပြဟာ နောက်ထပ် နှစ်နည်းနည်းပဲ နေရဖို့ရှိနေတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : Sportjoe

READ  သင် မြင်ဖူးမှာမဟုတ်တဲ့ ကမ္ဘာ့အရယ်ရဆုံး ဂိုးသမား