ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ကစားပေးတော့မယ့် တိုက်စစ်မှူး ပူလီဆစ်ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်လိုက်ပါတယ်။ အဲဒီ ဗီဒီယိုက သူ့ရဲ့နေအိမ် မီးဖိုခန်းထဲမှာ ရိုက်ကူးထားတာဖြစ်ပြီး ဗီဒီယိုဖိုင်ထဲမှာ သူနဲ့အတူ ဘောလုံးကစားနေတဲ့အမျိုးသမီးတစ်ဦးကို တွေ့ရမှာပါ။

အဲဒါက သူ့ရဲ့အမေပါ။

Instagram

ချယ်လ်ဆီးအသင်းကို ပေါင်(၅၈)သန်းနဲ့ ရောက်ရှိသွားခဲ့တဲ့ အသက် (၂၀)အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့မိခင်ဖြစ်သူ ကယ်လီနဲ့ ဘောလုံးအပေးအယူ ပြုလုပ်နေတာကို ဗီဒီယိုဖိုင်ထဲမှာတွေ့ရမှာဖြစ်ပြီး နှစ်ယောက်ပေါင်း (၂၂)ကြိမ်အထိ ကြမ်းပြင်ပေါ်မကျအောင် လုပ်နိုင်ခဲ့လို့ ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရတာပါ။

Instagram

တချို့ပရိသတ်တွေကတော့ ဘောလုံးသမားတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ ဒီလောက်တော့ ဘောလုံးစွမ်းရည်ရှိသင့်တယ်လို့ မှတ်ချက်ချခဲ့ကြပြီး တချို့ကတော့ ဒီလောက်အရေအတွက်ရအောင် ဘောလုံးကိုထိန်းနိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြတာပါ။

ချယ်လ်ဆီးအသင်းပရိသတ်တွေကတော့ ဒေါ့တ်မွန်အသင်းမှာ (၁၉)ဂိုးသွင်းခဲ့တဲ့ ခြေစွမ်းမျိုး ဆက်လက်ပြသနိုင်မလားဆိုတာ စောင့်မျှော်နေကြပြီး အမေရိကန်သားလေးဟာ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရဖွယ်ရှိတယ်လို့လည်း တချို့က မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : Dailymail , Twitter

READ  ဆာလာ၊သူ့ရဲ့ချစ်သူဟောင်း၊ဘောလုံးမာဖီးယား၊ မူမမှန်တဲ့လေယာဉ်မှူးနဲ့ဒေါ်လာ၂၇သန်း