မန်စီးတီးအသင်းဂိုးသမား အီဒါဆင် ကတော့ အသက် (၂၅)နှစ်အရွယ်သာ ရှိသေးပေမယ့် တကယ်လုံး တက်တူးအပြည့်နဲ့ အရမ်းကို ဂေါ်နေသူပါပဲ။ အီဒါဆင် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ နောက်ကျောအပြည့်ထိုးထားတဲ့ တက်တူးပုံတွေကို ပရိသတ်တွေသိအောင် ပြသလိုက်ပါတယ်။

Dailymail

ခြင်္သေ့ပုံတွေ၊ သိမ်းငှက်ပုံတွေနဲ့ ဂိုးသမားတစ်ယောက်ရဲ့လက်တွေအပါအ၀င် အီဒါဆင်ရဲ့ ကျောပေါ်က တက်တူးတွေကတော့ တကယ့်ကို ဆွဲဆောင်မှု အပြည့်နဲ့ပါ။

သူက လက်တွေ၊ ခြေထောက်တွေတင် မဟုတ်ပဲ လည်ပင်းအထိပါ တက်တူးတွေထိုးထားပြီး ဘယ်လောက်အထိ တက်တူးကိုရူးသွပ်သူတစ်ယောက်လည်းဆိုတာ ပြသခဲ့ပါသေးတယ်။

Dailymail

သူ့ရဲ့လည်ပင်းမှာ အရိုးခေါင်းပုံတစ်ခု ဆွဲထားပြီး သူ့ရဲ့နားရွက်နားမှာတော့ နှင်းဆီပန်းပုံတစ်ခုနဲ့ပါ။

ဒါ့အပြင် ရင်ဘတ်နဲ့ ၀မ်းဗိုက်မှာလည်း တက်တူးတွေက ထပ်လို့ ရှိနေပါသေးတယ်။

 

အီဒါဆင် ကတော့ ဒီတက်တူးတွေဟာ သူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ စတင်ချိန်ကတည်းက သူ့ဘ၀ထဲရောက်လာခဲ့တာလို့ ဆိုပါတယ်။

ပရိသတ်တွေကတော့ အီဒါဆင်ရဲ့ ပုံစံဟာ တက်တူးအပြည့်နဲ့ပေမယ့် မိုက်ရူးရဲဆန်တဲ့ လူငယ်တစ်ယောက်ရဲ့ပုံ လုံးဝမပေါက်ဘူးလို့ မှတ်ချက်ပေးနေကြပါတယ်။

 

 

View this post on Instagram

 

Me and the woman of my life. 3 years of marriage 🤰🏻❤️ ❤️

A post shared by Ederson Moraes (@ederson93) on

Linn

Source : Dailymail

READ  ရှူးဖိနပ်အနက်ကြီးစီးပြီး ဘောလုံးပွဲကိုကိုင်တွယ်ခဲ့တဲ့ စည်းကြပ်ဒိုင်နာမည်ကြီးနေ