မနေ့က မနက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေဟာ ကာဒစ်ဖ်တိုက်စစ်မှူးဆာလာ ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့ပြီလို့ အတည်ပြုပေးလိုက်ကြပါတယ်။ သူ့ရဲ့မိသားစုဝင်တွေ၊ အသင်းဖော်ဟောင်းတွေနဲ့ သူ့အသက်ရှင်နေဦးမယ်လို့ မျှော်လင့်နေကြတဲ့ နန့်တက်စ်အသင်းပရိသတ်တွေ အားလုံးတိတ်ဆိတ်သွားခဲ့တဲ့ မနက်ပေါ့…။

ပြင်သစ်မှာတော့ ဆာလာ ကို ဂိုးဧရိယာထဲမှာ အန္တရာယ်များတဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် လူသိများကြပါတယ်။ သူက အေးအေးဆေးဆေးပဲနေတတ်တယ်။ လေ့ကျင့်ရေးကွင်းကို အများနည်းတူ နောက်မကျပဲ ရောက်တတ်သူတစ်ယောက်။ အသင်းဖော်တွေက သူ့ကိုခင်ကြတယ်။

AFP

ကာဒစ်ဖ်အသင်းကို ပေါင် (၁၅)သန်းနဲ့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်း ကြားလိုက်ရပြီးတဲ့နောက်မှာ အသင်းဖော်တွေက သူ့အတွက် ဂုဏ်ယူခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရတော့မယ်ဆိုတာ တကယ့်ကို အောင်မြင်မှုကြီးတစ်ခုလို့ သူတို့က ခံယူထားကြတာကိုး။

အင်္ဂလန်ကိုမသွားခင် ရက်အနည်းငယ်အလိုမှာ ဆာလာက သူ့ရဲ့အသင်းဖော်ဟောင်းတွေနဲ့ နှုတ်ဆက်ပွဲလေးတစ်ခု ကျင်းပခဲ့တယ်။ အားလုံးက ပျော်ရွှင်နေခဲ့ကြပြီး ဆာလာ အတွက် ဂုဏ်ယူကြောင်းပြောခဲ့ကြတာပါ။ အခုလို ထာဝရပျောက်ဆုံးသွားမယ်မှန်း ဘယ်သူမှ မသိခဲ့ကြဘူးလေ။

Dailymail

ဒီရာသီ အသင်းရဲ့ ရာသီအဖွင့်ပွဲစဉ် (၁၆) ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာ ကြမ်းတမ်းတဲ့အားကစားတွေထဲက တစ်ခုဖြစ်တဲ့ ဘောလုံးအားကစားနည်းကို ထူးချွန်သူဖြစ်ပေမယ့် သူ့ရဲ့ တခြားတစ်ဖက်က ၀ိဥာဉ်ကတော့ စာအုပ်၊ ဂီတ တွေပေါ်မှာ ရပ်တည်နေခဲ့တာပါ။

“စာဖတ်ရတာက သူ့ဝါသနာပဲ” လို့ ဆာလာရဲ့ အစ်မဖြစ်သူက ဆိုပါတယ်။

“သူက မှုခင်းနဲ့ ဒရာမာ ၀တ္ထုတွေကို စွဲစွဲလန်းလန်းဖတ်တတ်တယ်။ ကမ္ဘာအနှံ့ခရီးသွားရတာကိုကြိုက်တယ် ၊ တိရိစ္ဆာန်တွေကိုလည်းချစ်တယ်” လို့ ဆာလာရဲ့ အစ်မက ပြီးခဲ့တဲ့ နှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။

Instagram

အာဂျင်တီးနားနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဆာလာရဲ့ ငယ်ဘ၀ သူရဲကောင်းကတော့ ဘာတီဂိုး လို့ အများက ခေါ်ကြတဲ့ အာဂျင်တီးနားတိုက်စစ်မှူးကြီးဘာတစ္စတူတာ ပဲ ဖြစ်ပြီး ဘာတီဂိုးရဲ့ ဂိုးသွင်းမှု ဗီဒီယိုခွေတွေကို အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ခြင်းကနေ ဘောလုံးသမားဘ၀ကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက် (၂၂)နှစ်အရွယ်မှာတော့ သူဟာ ဘော်ဒိုး ဘောလုံးသမားတစ်ဦး အဖြစ်ကနေ ပြင်သစ်လိဂ်ကို ခြေချခဲ့ပြီး အသင်း(၃)သင်းအထိ အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ သူ့ရဲ့ ပြင်သစ်စကားဟာ တိုးတက်လာခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်လာသလို ပြင်သစ်ယဉ်ကျေးမှုတွေကိုလည်း စိတ်ဝင်စားလာခဲ့ပါတယ်။

Twitter

ဆာလာရဲ့ အသင်းဖော်တချို့ကတော့ ဆာလာရဲ့အကြိုက်ဆုံးစာအုပ်တွေက တရုတ်အတွေးအခေါ်စာပေတွေနဲ့ The Motorcyle Diaries လိုမျိုးစာအုပ်တွေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး ဆာလာကို အဲဒီ စာအုပ်မျိုးတွေ ဖတ်နေတာ မကြာခဏတွေ့ရတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆာလာက သူ့ရဲ့ငယ်ဘ၀အကြောင်းကို ပြန်ပြောပြရင်း သူ့အဖေက ဗန်ကားမောင်းသူတစ်ယောက်ဖြစ်ကြောင်းနဲ့ ပိုက်ဆံမရှိတဲ့ဘ၀အနေအထားကြောင့် အလုပ်ကို အရမ်းကြိုးစားခဲ့ရကြောင်း ၀န်ခံထားပါတယ်။

twitter

နန့်တက်စ်က ဆာလာ ငှားထားတဲ့ အိမ်ကို ရောက်လာတဲ့အသင်းဖော်တွေဟာ ဆာလာ တစ်ယောက် ဂစ်တာတီးပြတာကို မကြာခဏ နားထောင်ရလေ့ရှိပါတယ်။ သူ့အိမ်မှာ နာလာ ဆိုတဲ့ခွေးကြီးတစ်ကောင်လည်းရှိပြီး သူ့ရဲ့အထီးကျန်ဘ၀ကို ဂစ်တာတီးရင်း၊ ခွေးကြီးနဲ့လမ်းလျှောက်ထွက်ရင်း ကုန်ဆုံးနေသူလို့တောင် ပြောကြတာပါပဲ။

ဆာလာ ဟာ ပြင်သစ်မော်ဒယ်တစ်ယောက်နဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ဖူးပေမယ့် တစ်နှစ်လောက်အကြာမှာပဲ ဇာတ်လမ်းတွေ ပြီးပြတ်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်လို့ လမ်းခွဲခဲ့ကြတယ်ဆိုတာ မသိပေမယ့် နှစ်ယောက်စလုံးက နှုတ်ဆိတ်နေခဲ့ကြတယ်။

အသင်းဖော်တွေအားလုံးကို နှုတ်ဆက်ပြီးတဲ့အချိန် ၊ နာလာ ကို သူ့ရဲ့အစ်မတွေနေအိမ်ကို ပို့ပြီးတဲ့အချိန် ၊ သူ့ရဲ့ဂစ်တာတွေ၊ စာအုပ်တွေကို လုံလုံခြုံခြုံထုတ်ပိုးပြီးတဲ့အချိန်မှာတော့ ဆာလာ တစ်ယောက် ကာဒစ်ဖ်အသင်းဆီကို ခရီးနှင်ခဲ့ပါတော့တယ်။

Facebook

သူ့ကိုချစ်တဲ့အသင်းဖော်တွေကို ထားရစ်ခဲ့တယ် ၊ နာလာ ဟာ အိမ်အပေါက်ဝမှာထိုင်ရင်း သူ့သခင်ရဲ့အပြန်လမ်းကိုစောင့်လို့…။ သူ့ရဲ့အစ်မ ဖြစ်သူက မျက်ရည်တွေနဲ့အတူ ဂစ်တာတွေနဲ့ စာအုပ်တွေကို ကားပေါ်တင်နေတယ်။

အားလုံးပြီးဆုံးသွားပါပြီတဲ့လေ……။

Linn

Source : Dailymail , Mirror , BBC

READ  PSG-မန်ယူပွဲကို(၅)ပေါင်လောင်းရာကနေ ပေါင်(၇၅၀၀)အထိရရှိသွားခဲ့တဲ့အမျိုးသား