ဘောလုံးအသင်းတွေအတွက် အသင်းရင်ဘတ်က အင်္ကျီစပွန်ဆာဟာ အသင်းရဲ့ ဝင်ငွေလမ်းကြောင်းတွေထဲက တခုပါပဲ။ ကမ္ဘာကျော် ဘောလုံးအသင်းကြီးတွေရဲ့ ရင်ဘတ်က အင်္ကျီစပွန်ဆာနေရာကိုရဖို့ တနှစ်နဲ့ တနှစ် ပြိုင်ဆိုင်နေကြတဲ့ ကုမ္ပဏီတွေလည်း အများအပြားပါပဲ။

Marketing သဘောအရကြည့်ရင် ကုမ္ပဏီတွေအနေနဲ့ ပေးရတဲ့ငွေနဲ့ ပြန်ရတဲ့ Brand Awareness က အတော်ကိုက်တယ်လို့ ဆိုရမှာပါ။ ဒါ့အ ပြင် အသင်းစွဲပရိသတ်တွေကလည်း ကိုယ်ချစ်တဲ့ အားပေးတဲ့ အသင်းရဲ့ ရင်ဘတ်က Brand ကို တခြား Brand နဲ့ယှဉ်ရင် ပိုပြီး ရွေးချယ်ကြ တယ်လို့လည်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

 

အခုတော့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အင်္ကျီစပွန်ဆာဝင်ငွေတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အသင်း အမှတ်တံဆိပ် (၁)နှစ်ဝင်ငွေ (ဗြိတိန်စတာလင်ပေါင်)
မန်ချက်စတာယူနိုက်တက် Chevrolet ၆၄ သန်း
မန်ချက်စတာစီးတီး Etihad ၄၅ သန်း
အာဆင်နယ် Emirates ၄၀ သန်း
ချယ်လ်ဆီး Yokohama ၄၀ သန်း
လီဗာပူးလ် Standard Chartered ၄၀ သန်း
စပါး AIA ၃၅ သန်း
ဝက်စ်ဟမ်း Betway ၁၀ သန်း
အဲဗာတန် SportPesa ၉.၆ သန်း
ဝုလ်ဗ် ManBetX ၈ သန်း
ဆောက်သမ်တန် LD Sports ၇.၅ သန်း
ဘန်လေ LoveBet ၇.၅ သန်း
ခရစ္စတယ်ပဲလေ့စ် ManBetX ၆.၅ သန်း
နယူးကာဆယ် Fun88 ၆.၅ သန်း
ဝက်ဖို့ဒ် Sportsbet.io ၆.၅ သန်း
အက်စတွန်ဗီလာ W88 ၆ သန်း
ဘွန်းမောက် M88 ၅ သန်း
လက်စတာ King Power ၄ သန်း
ရှက်ဖီးလ်ယူနိုက်တက် USG ၃.၅ သန်း
နောဝစ်ခ်ျ Dafabet ၃ သန်း
ဘရိုက်တန် American Express ၁.၅ သန်း

 

ဒီစာရင်းကိုကြည့်ရင် ပရီးမီးယားလိဂ် အသင်းကြီး (၆)သင်းနဲ့ တခြားအသင်းတွေရဲ့ စပွန်ဆာဝင်ငွေတွေက ကွာဟချက်များနေတာကို တွေ့ရ ပါလိမ့်မယ်။ ဒါ့အပြင် လက်စတာအသင်းကိုလည်း King Power ကပဲ ပိုင်ဆိုင်တာဖြစ်လို့ သူရဲ့ဝင်ငွေကလည်း လျော့နည်းနေတာလို့ ဆိုနိုင်ပါတယ်။ နောက်တချက်က ဒီစပွန်ဆာကုမ္ပဏီတွေထဲမှာ လောင်းကစားကုမ္ပဏီစပွန်ဆာ (၁၀)ခုအထိ ပါဝင်နေပြီး ဒီလိုပါဝင်နေတာကို ဗြိတိန်အာဏာပိုင်တချို့က တားမြစ်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရင်ဘတ်စပွန်ဆာအပြင် မနှစ်ကဘောလုံးရာသီကစလို့ ပရီးမီးယားလိဂ်အသင်းတွေဟာ လက်မောင်းမှာလည်း စပွန်ဆာအမှတ်တံဆိပ် အသုံးပြုခွင့်ရရှိလာပြီဖြစ်လို့ လက်ရှိအသင်းတွေရဲ့ အင်္ကျီလက်မောင်းစပွန်ဆာဝင်ငွေတွေကိုလည်း တပါတည်း ဖော်ပြပေးလိုက်ပါတယ်။

အသင်း အမှတ်တံဆိပ် ဝင်ငွေ (စတာလင်ပေါင်)
အာဆင်နယ် Visit Rwanda ၁၀ သန်း
မန်ချက်စတာစီးတီး Nexen Tire ၁၀ သန်း
မန်ချက်စတာယူနိုက်တက် Kohler ၁၀ သန်း
ချယ်လ်ဆီး Hyundai ၆ သန်း
လီဗာပူးလ် Western Union ၅ သန်း
ဝုလ်ဗ် CoinDeal ၁.၅ သန်း
ဆောက်သမ်တန် Virgin Media ၁.၂ သန်း
အက်စတွန်ဗီလာ BR 88 ၁ သန်း
ခရစ္စတယ်ပဲလေ့စ် Dongquidi ၁ သန်း
နယူးကာဆယ် Storm Gain ၁ သန်း
ဝက်ဖို့ဒ် Bitcoin ၁ သန်း
လက်စတာ Bia Saigon ၆ သိန်း
ဘွန်းမောက် Mansion ၅ သိန်း
ဘရိုက်တန် JD ၅ သိန်း
ဘန်လေ Lovebet ၅ သိန်း
အဲဗာတန် Angry Birds ၅ သိန်း
နောဝစ်ခ်ျ Best Fiends ၅ သိန်း
ရှက်ဖီးယူနိုက်တက် USG ၅ သိန်း
ဝက်စ်ဟမ်း Basset & Gold ၅ သိန်း
စပါး
READ  ရော်နယ်ဒိုနဲ့ဆီမြွန်နီလိုအောင်ပွဲခံရာကနေ အနီကတ်နဲ့အထုတ်ခံရတဲ့ဘောလုံးသမား

 

အင်္ကျီလက်မောင်းစပွန်ဆာတွေမှာလည်း အသင်းကြီး(၅)သင်းနဲ့ ကျန်အသင်းတွေရတဲ့ ဝင်ငွေက ကွာခြားပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြား စပါးအသင်းမှာတော့ အင်္ကျီလက်မောင်းစပွန်ဆာ မရှိသေးပါဘူး။ ဘွန်းမောက်၊ ရှက်ဖီးလ် နဲ့ ဘန်လေ တို့ကလည်း ရင်ဘတ် စပွန်ဆာ နဲ့ လက်မောင်းစပွန်ဆာ အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။

Ko Puccy
Source: FourFourTwo, Offthepitch