ဘောလုံးသမားတွေဟာ ကစားသမားဘ၀မှ အနားယူသွားတဲ့တိုင်း ကွင်းပြင်ပ အချစ်ရေးမှာ အားကောင်းတဲ့ ကစားသမားတွေဖြစ်နေဆဲရှိကြပါတယ်။ အသက်အရွယ်ကြီးရင့်သွားကြတာတောင် ငယ်ရွယ် ချောမလှပတဲ့ မိန်းမပျိုတွေနဲ့ ခြေရှုပ်လျက်ရှိနေကြပါတယ်။

အသက်သာ ကြီးသွားတယ် နှလုံးသားကတော့ နုပျိုလတ်ဆတ်နေသေးတယ်ဆိုတဲ့ ကစားသမား (၇) ယောက်ကို ဖြော်ပပေးချင်ပါတယ်။

အီယန် ရပ်ရှ် နဲ့ ကာရို အန်တိုနီ

Twitter
Twitter

လီဗာပူး အသင်းရဲ့ ဂန္တ၀င် အီယန် ရပ်ရှ် ဟာ သူ့ထက် (၂၂) နှစ်လောက်ငယ်တဲ့ ကောင်မလေးနဲ့ (၂၀၁၃) ခုနှစ်တုန်းကတည်းက ဒိတ်ခဲ့ပြီး အခုဆို စေ့စပ်ထားပြီးကြပါပြီ။

 

ပီတာ ရှမိုက်ကယ် နဲ့ လော်ရာ ဗွန် လင်ဟွန်

Instagram
instagram

နောက် စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲကတော့ ရှမိုက်ကယ်နဲ့ ဗွန် လင်ဟွန်းတို့ပဲဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်းကြီးက သူ့ရဲ့ ပါတနာကို မောလဒိုက်ဗ်ထိ သွားပြီး ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်ထားခဲ့တာလို့ သိရပါတယ်။

 

ဘရန်ဒန် ရော်ဂျာ နဲ့ ချာလော့ ဆီအာလီ

PA
PA

အသက် (၄၆) နှစ်အရွယ် လက်စတာ အသင်းရဲ့ မန်နေဂျာသစ်ဟာ အသက် (၃၅) နှစ်အရွယ် ဆီအာလီနဲ့ (၂၀၁၇) အကုန်ပိုင်းကမှ လက်ထပ်ပွဲ ကျင်းပခဲ့တာပါ။ အရင် အိမ်ထောင် ဆူဇန်နဲ့တုန်းက (၁၄) နှစ်ကြာအောင် ပေါင်းသင်းခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ လမ်းခွဲခဲ့တယ်လို့ သိရတယ်။

 

ဒေးဗစ် ဂျီနိုလာ နဲ့ မေးဗာ ဒီနတ်

Twitter
instagram

အသက် (၅၂) အရွယ် ရှိပြီဖြစ်တဲ့ စပါး ကြယ်ပွင့်ဟောင်း ခန့်ချောကြီးဟာ အသက် (၂၉) နှစ်အရွယ်လေးနဲ့ ဒိတ်လုပ်နေပါတယ်။ လက်ရှိမှာ ဂျီနိုအာဟာ အားကစား အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေပြီး ချစ်သူ ဒီနတ်ကတော့ မော်ဒယ်တစ်ယောက်ပါ။ သူတို့နှစ်ယောက် ပြီးခဲ့နှစ်က ရင်သွေးဦးလေး ရရှိခဲ့ပါတယ်။

 

အွန်နရီနဲ့ အန်ဒရီယာ ရာဂျာစစ်

twitter
twitter

အာဆင်နယ် အသင်းရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အွန်နရီ (၄၁ နှစ်) ဟာ ဘောစနီယားနိုင်ငံသူ မော်ဒယ်နဲ့ လက်တွဲလာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ သူရဲ့ ချစ်သူ အသက်က (၃၃) နှစ်ရှိနေပြီး ဖြစ်ပြီး သူတို့နှစ်ယောက်က ၂၀၀၈ ခုနှစ်ကတည်းက တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ထရစ်စတန်ဆိုတဲ့ သားလေးကို ၂၀၁၂ ခုနှစ်မှာ ရရှိခဲ့တယ်။

 

နေးလ် ရုဒေါခ့် နဲ့ လီယာ နယူးမန်း

instagram
Twitter

တစ်ချိန်က စပါးအသင်းရဲ့ ခံစစ်မှုဟောင်းဖြစ်ခဲ့ဖူးတဲ့ ရုဒေါခ့်ဟာ မော်ဒယ် လီယာနယူးမန်း (၃၇) နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တယ်။ လက်ရှိ အသက် (၅၀) အရွယ်  ရုဒေါခ့်က သူမနှင့် ကိုးနှစ်ကြာအောင် တွဲခဲ့ပြီးတဲ့ နောက်လပ်ထပ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဇနီးဟာ Can’t Pay We’ll Take it Away ဆိုတဲ့ တီဗီရှိုးမှာ ပါခဲ့ဖူးပါတယ်။

ပီတာ ရှေလ်တန်နဲ့ စတက်ဖနီ ရှေလ်တန်

PA

အင်္ဂလန်အသင်းရဲ့ ဂန္တ၀င်၊ လက်စတာအသင်းရဲ့ ဂိုးသမားဟောင်းကြီးဟာ အသက် (၆၉) နှစ်အရွယ်ရှိပြီး ဖြစ်ပြီး သူက (၂၀၁၆) ခုနှစ်မှာ ဂျက်စ် အဆိုတော် စတက်ဖ် ဟေးဝပ်ဒ်နဲ့ လက်ထပ်ခဲ့တယ်။ အဲ့ဒီအချိန် သူမက (၄၈) နှစ်ဖြစ်နေပြီ။ သူတို့နှစ်ယောက်က (၂၁) နှစ်တောင်ကွာဟပါတယ်။ သူတို့နှစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းတွေလည်း တူတူလုပ်ကြပြီး သိပ်ချစ်ကြတဲ့ သူတွေဖြစ်ပါတယ်။

ဒေးဗစ် ဆီးမန်းနဲ့ ဖရန်ကီ ပေါ့နေ

twitter

ဒေးဗစ်က အခု အသက် (၅၅) နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး သူရဲ့ ချစ်သူ ဖရန်ကီက (၄၆) နှစ်ရှိနေပါပြီ။ သူတို့နှစ်ယောက်က ၂၀၀၈ ခုနှစ်မှာ Dancing On Ice ဆိုတဲ့ တီဗီရှိုးတစ်ခုရိုက်ရင်း ဆုံတွေ့ခဲ့ကြတယ်။ အဲ့ဒီလို ချစ်ကြိုက်လာခဲ့ကြပြီး ၂၀၁၅ ခုနှစ်အရောက်မှာ လက်ထပ်ခဲ့ကြတယ်။

Ref: The Sun

READ  (၂၀၁၈)မှာ ပေါ်ထွက်လာခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး လိင်ပြောင်း ဘောလုံးအသင်း
Matthew