အပြေးစက်ပေါ်မှာ ဘောလုံးလေ့ကျင့်ခန်းတွေလုပ်ဖို့ စဉ်းစားဖူးလား။ ဘောလုံးလေ့ကျင့်ခန်းမပြောနဲ့ အပြေးစက်ပေါ် တက်လိုက်ပြီဆိုတာနဲ့ အရှိန်ကို မြန်လိုက် နှေးလိုက် လုပ်နေရတာနဲ့တင် အလုပ်ရှုပ်နေခဲ့တာ။

ဒါပေမယ့် တွစ်တာပေါ်မှာတော့ အသက် (၁၀)နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေးငယ်လေးက အပြေးစက်ပေါ်မှာ သူ့ရဲ့ဘောလုံးလေ့ကျင့်မှု စွမ်းရည်ကို ပြသတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်နေခဲ့ပါတယ်။

Twitter

အရှိန်နဲ့ သွားနေတဲ့ အပြေးစက်ပေါ်မှာ ကလေးငယ်က ဘောလုံးကို ခြေထောက်နဲ့ ထိန်းရင်း အပြေးလေ့ကျင့်ခန်းတွေ၊ ဘောလုံးကို ဆွဲပြေးတဲ့နည်းစနစ်တွေနဲ့ ဘောလုံးကို ကိုင်ပြီး လှည့်စားမှု ပြုလုပ်တာတွေကို လေ့ကျင့်နေခဲ့တာပါ။

လေ့ကျင့်နေရင်းနဲ့ တချိန်တည်းမှာပဲ သူက အပြေးစက်ရဲ့ အမြန်နှုန်းကို မြှင့်လိုက်တဲ့အချိန်တွေတောင် ရှိပါသေးတယ်။

ဘယ်ပြောကောင်းမလဲ။ တစ်မိနစ်လောက်ပဲကြာတဲ့ ဒီ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးသွားခဲ့တာပေါ့။

Twitter

တချို့ကတော့ လိုက်လုပ်ကြည့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး တချို့ကတော့ လိုက်လုပ်ကြည့်ဖို့ နေနေသာသာ ကြည့်ရတာနဲ့တင် ခေါင်းမူးတယ် ဆိုတဲ့သူတွေလည်း ရှိခဲ့တာပါ။

အများစုကတော့ ဒီကလေးဟာ ဘောလုံးအကယ်ဒမီတစ်ခုက ကျောင်းသားတစ်ယောက် ဖြစ်ပုံရပြီး သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုက အဆင့်မြင့်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

သင်လည်း အပြေးစက်နဲ့နီးတယ်ဆိုရင် ဒီ အကွက်လေးတွေ လေ့ကျင့်ကြည့်လိုက်ပါလား။ လုပ်နိုင်မလားလို့ပေါ့…။

Linn

Source : Twitter

READ  လေတိုက်လွန်းလို့ထောင့်ကန်ဘောကန်ဖို့ ရုန်းကန်ခဲ့ရတဲ့ဘောလုံးသမားလေးနာမည်ကြီးနေ