ဟီဂူအင်ရဲ့ ချစ်သူ ကောင်မလေး လာရာ ၀က်ခ်ျဆလာက တော်တော်လေး နားလည်ရခက်တဲ့ သူတစ်ယောက်ပါ။ သူမရဲ့ ပုံတွေကို မြင်ရုံနဲ့လည်း လာရာဟာ ဘယ်သူလဲ မသိနိုင်လောက်အောင်ပဲ။

facebook

ရင်သပ်ရှုမောဖွယ် အလှတရားနဲ့ ၀က်ခ်ျဆလာဟာ ဟော့ဟော့ရမ်းရမ်းမနေ၊ သိုသိုသိပ်သိပ် အနေအထားနဲ့သာရှိသူဖြစ်တယ်။ Wag တော်တော်များများမှာတွေ့ရတဲ့ အင်စတာဂရမ်ပေါ်တက် ကြွယ်သလိုမျိုးလည်း မရှိဘူး၊ အဲ့ဒီလို အမူအကျင့်တွေကို ရှောင်ကြဉ်တယ်။ သူမက နည်းနည်း ပရိုက်ဗိတ် ပိုဖြစ်သလိုပါပဲ။

facebook
facebook
facebook

ပြီးခဲ့တဲ့ နွေရာသီ အားလပ်ရက်မှာတော့ အာဂျင်တိုင်းသား စုံတွဲကို မယ်လော်ကာ ကမ်းခြေမှာ ပျော်ရွှင်စွာနဲ့ အတူတူကုန်ဆုံးခဲ့ကြတယ်။ ပင်လယ်ရေထဲမှာ ဆော့ကစား၊ ဓာတ်ပုံတွေရိုက်နဲ့ သူတို့ရဲ့ အချစ်တွေ အခုထိ ရှင်သန်လတ်ဆတ်နေဆဲရှိကြောင်း ပြခဲ့ကြတယ်။

facebook
facebook

ဒါ ဟီဂူအင်တစ်ယောက် အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ အတူတွေ့ခဲ့ရတာပါ။

facebook
facebook

ဝက်ခ်ျဆာလာက မင်းသမီးတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း မှာ စပြီး တပူးပူး တတွဲတွဲ ရှိခဲ့ကြပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ဟီဂူအင်ဟာ ၃၅ ပွဲ ကစားပြီး ၃၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

twitter

အဲ့ဒီ့နောက် ဂျူဗီကို ပြောင်းတယ် ၀က်ခ်ျဆလာနဲ့ သစ္စာမပျက်ရှိခဲ့တယ်၊ အခု လန်ဒန် အနောက်ပိုင်းကို ရောက်လာတယ်၊ အဲ့ဒီ့အတွက်လည်း မျက်နှာတစ်ချက်မပျက်ခဲ့ဘူး။

သူမက သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံတင်မဟုတ်ဘဲ၊ အမျိုးသမီး အတွင်းခံ အ၀တ်အစားတွေ အတွက်လည်း မော်ဒယ်လုပ်သလို အတွင်းခံ ဒီဇိုင်နာ ဖြစ်ချင်တဲ့ သူတစ်ယောက်ပါ။ ဘယ်မှာမဆို အေးအေးဆေးဆေး နေတတ်တဲ့ သူမအတွက် လန်ဒန်ဟာလည်း ကျက်သရေမင်္ဂလာတွေနဲ့ ပြည့်နှက်နေပြီး နေသားတကျ ရှိနေမှပါ။

Ref: The Sun

Matthew 
READ  (၂၀၁၉)ရဲ့ အလှဆုံး ကိုယ့်ဂိုးကိုယ်သွင်းမှုဖြစ်လာနိုင်တဲ့ သွင်းဂိုးတစ်ဂိုး