ဘောလုံးမှာ ဆရာကျလွန်းတယ်ဆိုတာနဲ့ ဘောလုံးကွင်းအကြီးစားထဲမှာ ကန်နိုင်တဲ့အရွယ်လို့တော့မထင်လိုက်ပါနဲ့။ ဒီ ကလေးလေးက အသက် (၄) နှစ်ပဲ ရှိသေးပြီး သူ့ရဲ့ ဘောလုံးစကေးကြောင့် အင်တာနက်ပေါ်မှာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့တာပါ။

တကယ်တော့ ပြီးခဲ့တဲ့နှစ် အသက် (၃)နှစ်အရွယ်ကတည်းက ဒီ ကလေးလေးဟာ ကျွမ်းဘားအားကစားနဲ့ နာမည်ကြီးလာခဲ့တာဖြစ်ပြီး သူကျွမ်းဘားကစားထားတဲ့ ဗီဒီယိုတွေက အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့တာပါ။

Youtube

အာရတ် ဟိုဆီနီ ဆိုတဲ့ ကလေးလေးဟာ သူနဲ့ရွယ်တူကလေးငယ်တွေနဲ့ ယှဉ်လိုက်ရင် ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်နေတာတွေ့ရပြီး အီရန်ရဲ့ ပါရမီရှင်ဘောလုံးသမားလေး ဖြစ်လာလိမ့်မယ်လို့တောင် ထင်ကြေးပေးခံနေရသူပါ။

သူ့ရဲ့ဆံပင်ပုံစံကြောင့် အင်တာနက်သုံးစွဲသူတွေက မိန်းကလေးတစ်ယောက်လို့ ထင်ကြပေမယ့် အာရတ်ဟာ ကောင်လေးတစ်ယောက်ပါပဲ။

သူရဲ့ဗီဒီယိုဖိုင်က ဘယ်လောက်တောင် အောင်မြင်သွားသလဲဆိုရင် အီရန်နိုင်ငံမှာ ခေါင်းလျှော်ရည်ကြော်ငြာရိုက်ကူးနေရတဲ့အဆင့်ကိုတောင် ရောက်နေပါပြီ။

Youtube

ဘောလုံးနဲ့အတူ ပြေးလွှားနေတဲ့ပုံစံ၊ ဘောလုံးကို လိမ်ခေါက်ပြီး ဂိုးသွင်းလိုက်တဲ့ပုံစံတွေက သူ့ရဲ့ပါရမီကို ပြသနေတာပါပဲလို့ ဗီဒီယိုဖိုင်ကို ကြည့်ရှုရသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

သင်ကိုယ်တိုင်လည်း ဒီ ကလေးငယ်လေးရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးသွားတာနဲ့ တကယ့် ပါရမီရှင်လေးဆိုတာကို လက်ခံမိသွားမှာ အသေအချာပါပဲ။

Linn

Source : Unilad

READ  (၁၅)ပွဲမောင်းကို နိုင်အောင်လောင်းပြီး လောင်းကစားဒိုင်ကိုမျက်ဖြူဆိုက်သွားစေခဲ့သူ