လက်ရှိခေတ်ကြီးမှာ ဘောလုံးကွင်းထဲ တခုခုခိုးယူဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ပါတယ်။ အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေတောင် ယူလို့မရတော့တဲ့ ဘောလုံးကွင်းတွေထဲကို အင်တာမီလန် ပရိသတ်တွေ စကူတာတစီး ခိုးသွင်းခဲ့ဖူးတယ်ဆို သင် ယုံမလား….
အဲဒီဖြစ်ရပ်က တကယ်ဖြစ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ (၁၈)နှစ်ဖြစ်တဲ့ ၂၀၀၁ ခုနှစ်တုန်းကဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အင်တာမီလန်နဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ အင်တာပရိသတ် တစုဟာ အတ္တလန်တာပရိသတ်တဦးရဲ့ စကူတာကို ခိုးယူပြီး ပွဲကြည့်စင်ပေါ်ကို ယူလာခဲ့ကြတာပါ။ ဘယ်ပုံဘယ်နည်းနဲ့ယူလာခဲ့ကြသလဲဆိုတာကိုတော့ အသေးစိတ်မဖော်ပြခဲ့ပေမဲ့ အစောင့်တွေကို လာဘ်ထိုးခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။
Back in 2001, Inter Milan fans somehow got a scooter they’d earlier stolen from an Atalanta fan past security to the top tier of the stadium and then threw it into the home section below! Inter banned the people involved for life. 🤯 pic.twitter.com/XJWcbEVv2H
— The Away Fans (@theawayfans) September 23, 2019
အဲဒီပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ စကူတာကို ကန်ကျောက်ဖျက်ဆီးပြီး မီးရှို့ခဲ့ကြပါတယ်။ နောက်ပြီး မီးငြိမ်းသွားချိန်မှာ စကူတာကို ပွဲကြည့်စင်ပေါ်ကနေ အောက်ထပ်ကို ပစ်ချခဲ့ကြ ပါသေးတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ အောက်က လူတွေကလည်း ကြိုသိနေခဲ့ကြတဲ့အတွက် ရှောင်ဖယ်နေကြလို့ ထိခိုက်ဒဏ်ရာရခဲ့ကြခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့လည်း တကယ်လို့သာ အဝေးကွင်း ပရိသတ်တွေ (ဒါမှမဟုတ်) အောက်ကသူတွေသာ မသိခဲ့ရင် ဖြစ်လာမဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။
ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ အင်တာမီလန်အသင်းဟာ ဒီလုပ်ရပ်မှာပါဝင်တဲ့ ပရိသတ်တွေကို ဖော်ထုတ်အရေးယူခဲ့ပြီး ထာဝရကွင်းအတွင်းဝင်ခွင့်မပေးတဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Ko Puccy