ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂)ရက်နေ့က ကစားခဲ့တဲ့ ဆွီဒင်ကလပ် အိုဒန်ဆီ အသင်းနဲ့ ဒိန်းမတ်ကလပ် ဟယ်လ်ဆင်ဘော့ အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ တွေ့မြင်ခဲ့ရတဲ့ ဂိုးတစ်ဂိုးကတော့  ပရိသတ်တွေကို အမှတ်တရ ဖြစ်သွားစေခဲ့ပါတယ်။

(၂) ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဟယ်လ်ဆင်ဘော့ အသင်းရဲ့ ကစားသမား အန်ဒရေ ဟာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ဖန်တီးနိုင်ခဲ့ပေမယ့် အဲဒါက ကံဆိုးစွာနဲ့ပဲ ကိုယ့်ဂိုးကိုယ်သွင်းမှု ဖြစ်သွားခဲ့တာပါ။

Twitter

ပွဲချိန် (၅၁) မိနစ် ၊ ဟယ်လ်ဆင်ဘော့အသင်း (၁-၂) ဂိုးနဲ့နိုင်နေတဲ့အချိန်မှာ အန်ဒရေက ပြိုင်ဖက်အသင်းရဲ့ ဘောလုံးလမ်းကြောင်းကို တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့ဖျက်ထုတ်မှုက အရှေ့ကိုတက်နေတဲ့ ဂိုးသမားကို ကျော်ကာ ဂိုးထဲကို တည့်တည့်မတ်မတ်ဝင်သွားခဲ့တာပါ။

ဒီလိုသွင်းဂိုးမျိုးက သေချာကန်သွင်းရင်တောင် ၀င်ဖို့မလွယ်တဲ့ သွင်းဂိုးမျိုးဖြစ်ပြီး ဂိုးသမားကို ကျော်ပြီး ကိုယ့်ဂိုးကိုယ်သွင်းဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့ အနေအထားပါပဲ။

Twitter

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ အန်ဒရေရဲ့ သွင်းဂိုးက နာမည်ကြီးနေခဲ့ပြီး (၂၀၁၉) ရဲ့ အလှဆုံး ကိုယ့်ဂိုးကိုယ်သွင်းမှုလို့တောင် ခေါင်းစဉ်တပ်ခဲ့ကြတာပါ။

Linn

Source : Dailymail

READ  ရော်နယ်ဒို ရဲ့ ခြေဖျားထောက်ခြင်း အနုပညာ