အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူ့ဆီကို လာရောက်တွေ့ဆုံခဲ့တဲ့ လူတစ်ဦးနဲ့ သိကျွမ်းခဲ့ရပြီး အဲဒီလူက ဘက်ခမ်ရဲ့ ကြေးရုပ်တုကို အခမဲ့ဖန်တီးပေးချင်ကြောင်းနဲ့ LA Galaxy အသင်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ခဲ့ပါတယ်။ အချက်အလက်တွေ အားလုံးဆွေးနွေးပြီးတဲ့နောက်မှာ ဘယ်လိုပုံစံနဲ့ ဘယ်လိုအနေအထားနဲ့ ရုပ်တုကို ပုံဖော်ကြမလဲလို့ သဘောတူညီမှု ရခဲ့ကြတယ်။

TheSun

အဲဒီနောက် ရက်အနည်းငယ်အကြာမှာတော့ ဘက်ခမ် ဟာ အမေရိကန်ကို ရောက်ရှိလာခဲ့ပြီး ပြီးစီးသွားပြီဖြစ်တဲ့ သူ့ရဲ့ရုပ်တုကို လာရောက်ကြည့်ရှုပါတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။

ရုပ်တုပြုလုပ်ပေးခဲ့တဲ့သူဟာ သူ့ရဲ့မိတ်ဆွေတွေနဲ့ ရိုက်ကူးရေးသမားတွေကိုပါ ဖိတ်ခေါ်ထားခဲ့ပြီး တခမ်းတနားစီစဉ်ခဲ့တာပါ။ ဒါပေမယ့် ရုပ်တုပေါ်မှာ ဖုံးထားတဲ့အ၀တ်စကို ဖယ်လိုက်ချိန်မှာတော့ ဘက်ခမ်ရဲ့ ပုံတူ ရုပ်တုကြီးက ဆိုးဆိုးရွားရွားကို လွဲချော်နေခဲ့ပြီး ဆံပင်ပုံစံ၊ မျက်နှာအနေအထား၊ ခန္ဓာကိုယ်ပုံစံ စတာတွေက တော်တော်လေး အကြည့်ရဆိုးနေခဲ့တာပါ။

TheSun

ဘက်ခမ်က လုံးဝစိတ်ပျက်သွားခဲ့ပေမယ့် အတတ်နိုင်ဆုံးထိန်းပြီး ရိုင်းပျတဲ့စကားလုံးမပါအောင် ကြိုးစားပြောနေခဲ့တယ်။ သူ့ရဲ့ဆံပင်ပုံစံနဲ့မတူတာ၊ မေးစေ့တွေချွန်နေတာ၊ တင်ပါးကြီးကောက်နေတာ၊ စတဲ့အချက်တွေကို ထောက်ပြရင်း စိတ်ပျက်နေခဲ့တာပါ။

အဲဒီနောက် ရုပ်တုကို နေရာရွှေ့ဖို့ ကြိုးစားကြတဲ့အချိန်မှာတော့ ရုပ်တုကိုသယ်ဖို့ကြိုးစားတဲ့ ကားမောင်းသမားရဲ့အမှားကတစ်ဆင့် ရုပ်တုကြီးကျကွဲသွားပြီး တစ်စစီ ဖြစ်သွားပါတော့တယ်။

အဲဒီအချိန်မှာမှ ဒီဖြစ်ရပ်ကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူ ပေါ်ထွက်လာခဲ့တာပါပဲ။

TheSun

သူကတော့ အမေရိကန်ရဲ့နာမည်ကျော် Show တင်ဆက်သူ ဂျိမ်းစ်ကော်ဒန် ပဲဖြစ်ပြီး သူက လျို့ဝှက်ကင်မရာတွေရဲ့ အကူအညီနဲ့ ဘက်ခမ်ရဲ့ စိတ်ညစ်နေပုံကို နောက်ကွယ်ကနေ ကြည့်ပြီး ရယ်မောနေခဲ့တယ်။

ရုပ်တုကြီး ကျကွဲသွားပြီးတဲ့အချိန်မှာ ဂျိမ်းစ်က ပုန်းနေရာကနေ ပြေးထွက်လာခဲ့ပြီး ဘက်ခမ်လည်း သူ ခံလိုက်ရပြီဆိုတာ သိသွားပါတော့တယ်။

ဘက်ခမ်က ရှက်ရှက်နဲ့ပုန်းဖို့ ကြိုးစားပေမယ့် ဂျိမ်းစ်က အတင်းလိုက်တောင်းပန်ခဲ့ပြီး ဘက်ခမ်အတွက် အထူးပြုလုပ်ပေးခဲ့တဲ့ အစီအစဉ်ဖြစ်ကြောင်း ပြောခဲ့တာပါ။

James Corden pranks David Beckham with fake statue

James Corden pranked David Beckham with a fake statue unveiling and it was incredible 😂 (via The Late Late Show with James Corden)

Posted by ESPN FC on Tuesday, 12 March 2019

ဒီ ဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြည့်ရှုသူ သန်းချီနေခဲ့ပြီး ဘက်ခမ်တစ်ယောက် သူ့ရဲ့ဆိုးရွားတဲ့ ပုံတူရုပ်တုကြီးတွေ့နေရတာတောင် စကားရိုင်းရိုင်းတွေမပြောပဲ သည်းခံနိုင်ခဲ့တယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

Linn

Source : TheSun

READ  Make Us Dream (သို့) စတီဗင်ဂျရတ်ရဲ့နှလုံးသားဆီသွားရာလမ်း