မက်ဆီ၊ အဂွီရို၊ ပေါ့ဂ်ဘာ တို့လို လက်ရှိနာမည်ကျော် ဘောလုံးသမားတွေ ဆွတ်ခူးခဲ့တဲ့ ယူ(၂၀) ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ရွှေဘောလုံးဆုဆိုတာ လွယ်လွယ်နဲ့ရတဲ့ဆုမျိုးတော့မဟုတ်ပါဘူး။ ဒီ ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့သူတွေက အနာဂတ် ဘောလုံးကမ္ဘာမှာ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာတတ်ကြပြီး သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းတွေကို အားလုံးသိအောင် ပြသနိုင်ကြသူတွေပါ။

ဒီနှစ်ရဲ့ ယူ(၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲ ရွှေဘောလုံးဆုကိုတော့ တောင်ကိုရီးယားကွင်းလယ်ကစားသမားလေး လီကွမ်အင် က ရရှိသွားခဲ့တာပါ။

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ လီ ဟာ လာလီဂါကလပ် ဗလင်စီယာအသင်းရဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကစလို့ အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့တာပါ။ သူ့ရဲ့ လာလီဂါအတွေ့အကြုံတွေက ဒီပြိုင်ပွဲမှာ အများကြီး အသုံးဝင်ခဲ့ပြီး ပြိုင်ဖက်ကစားသမားတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြနိုင်ခဲ့တာပါ။

 

လီကွမ်အင် က ဒီပြိုင်ပွဲမှာ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု (၄)ကြိမ်ပြုလုပ်ပေးခဲ့သလို ၊ ကိုယ်တိုင်လည်း သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တယ်။ ဒါ့အပြင် တောင်ကိုရီးယားအသင်း ဗိုလ်လုပွဲအဆင့်အထိ ရောက်လာအောင် လည်း အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တယ်။

ဒီအချက်တွေကြောင့် လီ ဟာ ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ဆွတ်ခူးရယူနိုင်ခဲ့တာပါ။

ဘောလုံးပွဲ သုံးသပ်သူတွေကတော့ လီကွမ်အင် ရဲ့ ခြေစွမ်းဟာ ဥရောပမှာ နာမည်ကျော်ခဲ့တဲ့ ကာဂါဝါရဲ့ ကစားပုံနဲ့ ဆင်တယ်လို့ မှတ်ချက်ချခဲ့ကြပြီး သူ့ရဲ့ဘောလုံးထုတ်ပုံတွေ၊ ပြိုင်ဖက်ကစားသမားကို ကျော်ဖြတ်ပုံတွေနဲ့ အကွက်မြင်မြင် ဖန်တီးပေးတတ်ပုံတွေဟာ ဒီ့ထက်ပိုပြီး ထူးချွန်တဲ့ ကစားသမား ဖြစ်လာနိုင်သေးတယ်ဆိုတာ ပြသနေတာပဲလို့ သုံးသပ်ခဲ့ကြပါတယ်။

Twitter

လီကွမ်အင်ရဲ့ လူသိများတဲ့ ပုံစံကတော့ ဂိုးဧရိယာအပြင်ဖက်ကနေပြီး ဂိုးထောင့်ထဲကို အတိအကျကန်သွင်းနိုင်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အဲဒီ သွင်းဂိုးတွေက တိကျပြီး အဆင့်မြင့်တယ်လို့ ပရိသတ်တွေက လက်ခံထားကြတယ်။

ဗလင်စီယာအသင်းကတော့ ဒီကစားသမားလေးရဲ့ခြေစွမ်းက ဒီ့ထက်ပိုပြီးတောက်ပလာမယ်လို့ ယုံကြည်ထားပုံပါပဲ။ သူတို့က (၂၀၁၈) ဇူလိုင်မှာ လီကွမ်အင် ကို အသင်းကြီးအတွက် စာချုပ်ခဲ့ပြီး စာချုပ်လျော်ကြေးအဖြစ် ယူရိုသန်း(၈၀)တောင် ထည့်သွင်းချုပ်ဆိုသွားခဲ့တာပါ။

အားလုံးကတော့ လီကွမ်အင် ဟာ ဥရောပမှာ တောက်ပလာမယ့် ရှားရှားပါးပါး တောင်ကိုရီးယားကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်လိမ့်ဦးမယ်လို့ မှတ်ချက်ချနေကြတယ်။

သူက တကယ်ရော အဲဒီမှတ်ချက်တွေနဲ့ ထိုက်တန်ပါရဲ့လား။ ဒီ စကေးဗီဒီယိုလေးကို ကြည့်ပြီး ဆုံးဖြတ်ပေးကြပါဦး။

Linn

Source : Youtube , Twitter

READ  အသင်းပြောင်းလွန်းလို့ ဂင်းနစ်စံချိန်ဝင်သွားတဲ့ ဥရုဂွေးဘောလုံးသမား